တော်နှင်းဆီတွင် သတင်းစာရှင်းလင်းပွဲဦးဆောင်သူ ကိုကျော်နိုင်ဦးကို RFA မှ မေးမြန်းခြင်း..။

Wednesday, February 8, 2012

လိုင်စင်တောင်၊ ပါဂျောင်ကလာခဲ့တယ်...(၂) ..Than Swe

လိုင်စင်တောင်၊ ပါဂျောင်ကလာခဲ့တယ်...(၂)

ဓမ္မစစ်ကျော်ဝေ တဲ့ဟေ့..”
”ကျော်ဝေ....ဓမ္မစစ်” တဲ့
“ကျော်ဝေ သေရိုးလား” တဲ့ ။
ကဲ..၊ ကြားကြရဲ့လား ။ အေးစက်ပြီးခဲနေတဲ့ ရေထဲ၊ ဇောက်ထိုးဆွဲနှစ်လို့လဲ ပျစ်ချွဲညစ်မွဲ မသွားခဲ့တဲ့ သွေးထဲက”ဓမ္မစစ်တရား””ကျောင်းသားကွ တဲ့” ပြည်စိုးနိုင်ရဲ့ အသံလည်းပါရဲ့..သူ့ရှေ့ကရဲဘော်တွေ၊ သူ့နောက်ကရဲဘော်တွေ၊ကျဆုံးသူ၊ကျန်ရစ်သူ၊ အားလုံး၊အားလုံး ၊ အားလုံးရဲ့အသံတွေလဲပါရဲ့..၊ပြီးတော့လူ့ယဉ်ကျေးမှု၊လူ့ဂုဏ်သိက္ခာ၊လူ့တန်ဘိုးကိုသိတတ်သူမှန်သမျှတို့ရဲ့ဆူပွက်နေတဲ့ နှလုံးခုံသံတွေ နဲ့ပေါင်းလိုက်တော့”ဓမ္မစစ်ဆိုတာသေနိုင်ပါရိုးလား၊ကျောင်းသားကွ” တဲ့ ။

ကြားရဲ့လားဟေ့..။ မိုးကြိုးဆယ်စင်း တပြိုင်နက်ပစ်တာထက် ပြင်းတဲ့တရားစစ်ခင်းသံတွေလေ ”ညံ ”နေပါရောလားဟေ့ ။ မသမာမှုမှန်သမျှ ပါဂျောင် နဲ့လိုင်စင်တောင်အောက် လက်စဖျောက်နိုင်မယ်ထင်ကြပါသလားတဲ့ ၊မေးနေကြပါပကော။ ပျောက်သွားသလား ဟေ့။ ဖြေကြလေ။ ဖြေကြ စမ်း ။ နဖူးကို အဝီစိနဲ့ကပ်နေအောင်ထိ၊ လေးဘက်ရပ် သတ္တဝါဇာတိ ပကတိရုပ်အတိုင်း ဝက်ခြံထဲဝင်ခဲ့ကြပေတော့ ။ မင်းတို့ကို လူ့အဖွဲ့အစည်းကကျဉ်ထုတ်တော့မယ့် တရားစီရင်ပွဲ ရက်နဲနဲပဲကျန်တော့တယ် ။ သတင်း၊အတင်း၊အပင်း၊အမှင်း၊မီဒီယာ ”ဒိုင်း” ထူထူကာခဲ့ သမျှဟာလဲ ”လှံ”စူးဖို့ ပဲဖြစ်လာပါတော့မယ် ။

တခုတော့ပြောလိုက်မယ်၊ လူသားစင်စစ်၊လူစစ်စစ်တွေရဲ့လူ့ယဉ်ကျေးမှုတရားခွင်ဟာမျှတစွာ
စီရင်ပါလိမ့်မယ်ဆိုတာပါပဲ။ ကျူးလွန်တဲ့ပြစ်မှု အလိုက်၊ကျူးလွန်သူအပေါ်သာတိုက်ရိုက်သက်ရောက်တဲ့၊ထိုက်တန်တဲ့တန်ဘိုးညီပြစ်ဒဏ်ပဲဖြစ်တယ်။ မသက်ဆိုင်သူတွေအပေါ် မှာ ထိခိုက်စေမှာမဟုတ်ဘူး။ ဆိုလိုတာက မင်းတို့ကျူးလွန်ပက်စက်ခဲ့တဲ့အပြစ်ရဲ့ဒဏ်ကိုမင်းတို့ပဲခံစေ ရမယ် ။ မင်းတို့နဲ့သွေးသားဆက်နွယ်သူတွေဖြစ်တဲ့အမိအဖ၊ညီအစ်ကိုမောင်နှစ်မ၊ဇနီးမယားသမီးသားတွေမထိခိုက်စေရဘူးဆိုတာပဲ ။ အဖေကအစအားလုံးမရှိတောင် မင်းတို့ကို ဝမ်းရေအစပ်ခံပြီးမွေးခဲ့ကြတဲ့ အမေတော့ရှိကြသူတွေချည့်ပါပဲ။ အပြစ်မဲ့တဲ့မင်းတို့အမေတွေ လူတောထဲ ဘယ်မျက်နှာနဲ့ပွဲတက်မလဲ ။ လူ့ယဉ်ကျေးမှုတရားခွင်ဟာဒါကို သတိနဲ့ဆင်ခြင်ပြီး စီရင်မှာဖြစ်တယ် ။ မင်းတို့အမေတွေနဲ့သဘာဝတူ မိန်းခလေးတွေအပေါ် မင်းတို့ဘယ်လိုယုတ်မာပက်စက်ခဲ့ကြသလဲဆိုတာမင်းတို့ကိုယ်တိုင်မင်းတို့အမေတွေရဲ့မျက်စေ့ကိုတည့်တည့်ကြည့်ပြီး တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းသာ
ဖြစ်ကြောင်း အကောင်းဆုံးလျှောက်လဲကြပေတော့ ။

ကဲ ။ ခပ်ရှင်းရှင်းပဲ မေးလိုက်မယ်..ဒီနိုင်ငံ၊ဒီလူ့အဖွဲ့အစည်းနဲ့ လူ့ယဉ်ကျေးမှုသမိုင်းမှာ ”ခင်ချိုဦးသေသလား..?” ”ထွန်းအောင်ကျော်သေသလား..?” ”ကျော်ဝေသေသလား..?” ”ကျောင်းသားတွေသေသလား..?” ”ဓမ္မစစ်တွေသေသလား..?” ” ဘယ်ကောင်တွေသေတာလဲ...?” မျိုးနွယ်စဉ်ဆက် သမိုင်းသေသွားတာ ”ဘယ်အကောင်တွေလဲ ဟေ့--” စင်္ကြာဝဠာတံတိုင်း ကိုရိုက်ခတ်၊ ပဲ့တင်ထပ်လာတဲ့အသံတွေကို နားထောင်ကြည့်ပါ မိတ်ဆွေတို့။ ”နှမလေးခင်ချိုဦးနဲ့ညီလေးတို့ရေ၊ ရဲဘော်တို့ရေ ၊ မင်းတို့ရဲ့သွေးနဲ့ရေးခဲ့တဲ့မှတ်တမ်းက မင်းတို့ချစ်တဲ့ပြည်သူနဲ့လူ့အဖွဲ့အစည်းရဲ့ အကြီးဆုံးအန္တရာယ်ကောင်တွေကို လူ့စည်းဝိုင်းအပြင်ဘက် ရာသက်ပန် ဆွဲထုတ် နိုင်ခဲ့ပါရောလား ၊ဒါဟာ မင်းတို့အောင်ပွဲကွ၊ မင်းတို့ဟာ တိုက်ပွဲဝင်ရည်ရွယ်ချက်အောင်မြင်ခဲ့ကြ တဲ့ ပွဲရသူရဲကောင်း ကျောင်းသားစစ်သည်တော်တွေ ပ ။ ဘယ်သူ ငြင်းဝံ့တုန်း” တဲ့။

ကဲ ။ မင်းတို့မောင်နှစ်မတွေ ဆုံကြတုန်း မင်းတို့အသည်းထဲ တသက်လုံးစွဲပြီးအမြဲသစ်နေတဲ့တေး၊ တစ်ယောက်နဲ့တစ်ယောက် မေးငေါ့ ပြီးမေးစရာမလိုတဲ့တေး၊ ငရဲခွေးတွေသွေးပျက်စေခဲ့တဲ့တေး၊ တေးရေးဆရာကျော်ဝေရဲ့တေး၊မင်းတို့အားလုံးရဲ့ မူပိုင်တေး၊ ရင်ကိုချီပြီး ပြိုင်တူညီညီဆိုလိုက်စမ်းပါဟေ့..။

”” ဓမ္မစစ်ဆိုတာ သေနိုင် ပါရိုးလား ... ကျောင်းသားတဲ့ ဟေ့” လို့လေ ။

၁၂ရက်၂လ၂၀၁၂ခုနှစ် အနှစ် နှစ်ဆယ်ပြည့်ပွဲကျင်းပရေးကော်မီတီဝင်များနှင့် ကာယကံရှင်ညီ/ညီမများသို့ရည်ညွှန်းပေးပို့အပ်ပါသည်။

( Than Swe )

No comments:

Post a Comment

ပြည်တွင်း ပြည်ပမှာ ကျင်းပကြသော အနှစ် ၂၀ မြောက် အမှတ်တရပွဲများ

ကြွေလွင့်သွားသောကျောင်းသားများအမှတ်တရပွဲမှာ ကိုယ်တွေ့ ပြောပြခြင်းများ။

ကြွေလွင့်သွားသောကျောင်းသားများအမှတ်တရ.အပိုင်း ၂

မန္တလေး အမှတ်တရပွဲမှာ ပြသသော သရုပ်ဖေါ်ပြကွက်

မန္တလေး အမှတ်တရပွဲမှာ ကိုရဲလင်းအားမေးမြန်းခြင်း



http://facebook.com/khudaun

http://facebook.com/khudaun



ထပ်ဆင့်နှိုးဆော်အပ်ခြင်း

ထပ်ဆင့်နှိုးဆော်အပ်ခြင်း

မြောက်ပိုင်း လူသတ်မှု့ကိစ္စအတွက် တပ်ရင်းမှူးကိုသိုက်ထွန်းဦးနဲ့ ထိန်လင်း ဆွေးနွေးခြင်း..


88KhuDaun88 ©

TOP