တော်နှင်းဆီတွင် သတင်းစာရှင်းလင်းပွဲဦးဆောင်သူ ကိုကျော်နိုင်ဦးကို RFA မှ မေးမြန်းခြင်း..။

Saturday, February 11, 2012

ကိုခင်မောင်အေး ( ဟာဂျူလီ ကသာ )

အေဘီအက်စ်ဒီအက်ဖ် (မြောက်ပိုင်း)ရဲ့ ကျောင်းသားခြင်း သတ်ဖြတ်မှုမှာ သေဆုံးသွားရရှာတဲ...့ ကျွန်တော်သူငယ်ချင်း အပ်ဆိုက်(ခေါ်)ခင်မောင်အေးရဲ့ အမှတ်တရကောက်ကြောင်း...(ဟာဂျူလီ.ကသာ)..........အပ်ဆိုက်ကိုယ်တိုင် ဆွဲထားတဲ့ ကိုယ်တိုင်ရေး ပုံတူပန်းချီပုံလေးပါ၊သူနဲ့ကျွန်တော်က သူငယ်ချင်းလို့ ပြောလိုက်ရပေမယ့် အသက်က (၃) (၄)နှစ်လောက်တော့ကွာပါတယ်၊ဒါပေမယ့် စာပေ၀ါသနာပါတာခြင်း..ပုံဆွဲဝါသနာပါတာခြင်း..ဟာသတွေးတော့ပုံတူတာခြင်း.ဆရာတူတပည့်ဖြစ်တာခြင်း...နောက်ဆုံး နိုင်ငံရေးခံယူချက်တူတာခြင်းတွေကြောင့် သူငယ်ချင်းလို့ပဲ သုံးလိုက်ရတာပါ..သူနဲ့ ကျွန်တော်က ၈၈အရေးအခင်းမဖြစ်ခင် ငယ်ကတည်းက ခင်ခဲ့ကြတာပါ၊သူနဲ့ကျွန်တော် အမြဲတမ်း ညတိုင်းဆုံဖြစ်ကြတာက ကသာမြို့ရဲ့ ဘူတာရုံကလေးရဲ့ လက်ဘက်ရည်ဆိုင်မှာပါ၊အမြဲတမ်းသူ့မှာ ရေးလက်စ ဗလာစာအုပ်ကလေး ပါလာတတ်ပြီး အဲဒီစာအုပ်ထဲမှာ သူရေးတဲ့ ကဗျာတို ကဗျာစတွေ ပန်းချီပုံတွေ ရှိနေတတ်ပါတယ်၊သူရေးတဲ့ ကဗျာအများစုက ဟာသတွေပါ၊မြင်သမျှ မတော်တရော်တွေကို ဟာသလုပ်ပစ်တတ်ပါတယ်၊တခါတခါ သူများကို ဟာသလုပ်စရာမရှိရင် ကျွန်တော့်ကို ဟာသလုပ် ကဗျာစပ်.ပုံဆွဲပြီး လာပြတတ်တယ်၊အတော် ရယ်စရာကောင်းအောင် ဖန်တီးတတ်သူပါ..


ဒီလိုနဲ့ ကသာမှာ ၈၈အရေးအခင်း စဖြစ်ကြရော.စတင်တဲ့သူတွေကတော့ ကျွန်တော်အပါအ၀င် အမာ၁၅ယောက်ပါ၊ဒီ၁၅ယောက်ထဲမှာ အများစုကတော့ တက္ကသိုလ်ကျောင်းသားတွေပေါ့၊အဲဒီတုန်းက ကျွန်တော်တို့ လှို့ဝှက်စည်းဝေး တိုင်ပင်ခဲ့တဲ့နေရာကတော့ အခုကာတါန်းပြပွဲပြုလုပ်မယ့် သက်ပန်းကျောင်းမှာပါ၊ခုကျောင်းထိုင်ဆရာတော်ဖြစ်နေတဲ့ ဦးမဏ္ဍလ က အဲဒီတုန်းက ခန်းနေဦးပဇင်းပဲရှိပါသေးတယ်၊သူ့ရဲ့အဆောင်မှာ လှို့ဝှက်အစည်းအဝေးလုပ်ကြတော့ သူက ကင်းစောင့်ပေးပါတယ်၊ခုတော့လည်း ကျောင်းထိုင်ဆရာတော်ကြီးပေါ့၊အမာခံ၁၅ယောက်ထဲမှာ အပ်ဆိုက်မပါပေမယ့် ကသာမှာအရေးအခင်းစတင်တဲ့နေ့(၉-၈-၈၈)ကတည်းက အပ်ဆိုက်ဟာ အတတ်ကြွဆုံးကျောင်းသားအဖြစ်ပါခဲ့ပါတယ်၊အရေးအခင်းကိုစစ်တပ်ကဖြိုခွဲပြီးတဲ့နောက် ကျွန်တော်လည်း ဟိုမြို့ဒီမြို့ရှောင်ရင်းတိမ်းရင်းကသာကိုပြန်ရောက်နေတဲ့အချိန်မှာ အပ်ဆိုက်ဟာ ကျောင်းသားတပ်မတော်(ABSDF)ထဲရောက်သွားကြောင်းသိရပါတယ်၊မကြာခင်မှာပဲ အထင်မှားစွတ်စွဲချက်တွေနဲ့ အပ်ဆိုက်ကိုအချုပ်ထဲထည့်ပြီး သတ်လိုက်ကြပါတယ်၊ခုတော့ အပ်ဆိုက်တို့တတွေ အရိုးပြန်တွန်နေကြပါပြီ...အရိုးတွန်သံ ဘယ်လောက်ကျယ်မယ်ဆိုတာတော့ ကျွန်တော်တို့ စောင့်ကြည့်နေကြရဦးမှာပါ၊အပ်ဆိုက်(ခေါ်)ခင်မောင်အေးကောင်းရာဘုံမှာ ရယ်စရာများဖန်တီးနိုင်ပါစေ.....
(ဟာဂျူလီ(ကသာ)

No comments:

Post a Comment

ပြည်တွင်း ပြည်ပမှာ ကျင်းပကြသော အနှစ် ၂၀ မြောက် အမှတ်တရပွဲများ

ကြွေလွင့်သွားသောကျောင်းသားများအမှတ်တရပွဲမှာ ကိုယ်တွေ့ ပြောပြခြင်းများ။

ကြွေလွင့်သွားသောကျောင်းသားများအမှတ်တရ.အပိုင်း ၂

မန္တလေး အမှတ်တရပွဲမှာ ပြသသော သရုပ်ဖေါ်ပြကွက်

မန္တလေး အမှတ်တရပွဲမှာ ကိုရဲလင်းအားမေးမြန်းခြင်း



http://facebook.com/khudaun

http://facebook.com/khudaun



ထပ်ဆင့်နှိုးဆော်အပ်ခြင်း

ထပ်ဆင့်နှိုးဆော်အပ်ခြင်း

မြောက်ပိုင်း လူသတ်မှု့ကိစ္စအတွက် တပ်ရင်းမှူးကိုသိုက်ထွန်းဦးနဲ့ ထိန်လင်း ဆွေးနွေးခြင်း..


88KhuDaun88 ©

TOP