တော်နှင်းဆီတွင် သတင်းစာရှင်းလင်းပွဲဦးဆောင်သူ ကိုကျော်နိုင်ဦးကို RFA မှ မေးမြန်းခြင်း..။

Sunday, January 29, 2012

ABSDF မြောက်ပိုင်းတွင်ဖမ်းဆီးထားခြင်းခံထားရသောစပိုင်များနှင့်ပတ်သက်ပြီးABSDF ဥက္ကဌဒေါက်တာနိုင်အောင်၏ထုတ်ပြန်ကြေငြာချက်







ABSDF မြောက်ပိုင်းတွင်ဖမ်းဆီးထားခြင်းခံထားရသောစပိုင်များနှင့်ပတ်သက်ပြီးABSDF ဥက္ကဌဒေါက်တာနိုင်အောင်၏ထုတ်ပြန်ကြေငြာချက်
-----------------------------------------------------------------------------------

ကျနော်ကချင်ဒေသကိုသွားရောက်ပြီးတစ်လအကြာမှာ ရက်စက်ကြမ်းကြုတ်တဲ့စစ်အစိုးရ အပေါ်ယခင်ကထက်ကိုပိုပြီး ခါးသီးစွာခံစားခဲ့ရပါတယ်၊ ကျနော်အဖမ်းဆီးခံနေရသူများရဲ့ပြောကြားထွက်ဆိုချက်အားလုံးကို သဘောထားရိုးစွာဖတ်ရှု့နားထောင်ခဲ့ပါတယ်၊အထူးသဖြင့်မြန်မာနိုင်ငံအမျိုးသားထောက်လှမ်းရေးအဖွဲ့(NIB)ဟာ ငြိမ်ဝပ်ပိပြားရေး အဖွဲ့(SLORC)ရဲ့ဖိနှိပ်ရေးယန္တယားတစ်ခုဖြစ်နေယုံမျှမက ရှစ်လေးလုံးပြည်သူအုံကြွမှုကိုလည်း မင်းမဲ့စရိုက်ဖြစ်လာအောင်လုပ်ဆောင်ခဲ့မှုတွေအတွက်လည်းတာဝန်ရှိခဲ့ပါတယ်၊သူတို့ဟာစနစ်ကျခိုင်မာတဲ့စီမံချက်နဲ့အတူ မိမိတို့အတိုက်အခံအင်အားစုတွေအတွင်းကို ထိုးဖေါက်ဝင်ရောက်ပြီး ညီညွတ်ရေးကိုဖြိုခွဲကာလက်ဦးမှုကိုရယူသွားရန်ဖြစ်တယ်၊သူတွေဟာလူတွေကိုသတင်းပေးသမား၊ထောက်လှမ်းသမားများအဖြစ်အသုံးချပြီး နည်းမျိုးစုံနဲ့ထိုးဖေါက်ဝင်ရောက်လာကြတာဖြစ်တယ်၊ သူတို့ရဲ့အဓိကပြစ်မှတ်ကတော့ ထင်ရှားတဲ့ခေါင်း ဆောင်များနဲ့အတိုက်အခံအင်အားစုတွေကိုပဲဖြစ်တယ်၊ ABSDF ဟာစပိုင်တွေရဲ့အဓိကမဟာဗျူ ဟာပြစ်မှတ်တစ်ခဲ့ဖြစ်ပြီး”Water Wave”ရေလှိုင်းစစ်ဆင်ရေးခေါင်းစဉ်အောက်ကထိုးဖေါက်ဝင်ရောက်နိုင်ရေးပင်ဖြစ်တယ်၊ သူတို့အဓိကလုပ်ဆောင်ရမဲ့အပိုင်းတွေက

၁၊ အဖွဲ့အစည်းများအတွင်းမတည်မငြိမ်ဖြစ်အောင်ဖန်တီးလုပ်ဆောင်ရေး

၂၊ အဆင့်မြင့်ရာထူးနေရာတွေကိုရယူထားရှိရေး

၃၊ မဟာမိတ်အဖွဲ့များနဲ့ထောက်ခံအားပေးသောအဖွဲ့အစည်းများနှင့်နားလည်မှုလွှဲမှားရေး

၎၊ ခိုင်မာတဲ့အတိုက်အခံခေါင်းဆောင်တွေကိုလုပ်ကြံသတ်ဖြတ်ရေးတို့ပင်ဖြစ်သည်၊

နောက်ဆုံးအပြီးသတ်ဆောင်ရွက်ရမဲ့အချိန်ကတော့ အမျိုးသားညီလာခံကျင်းပမည့်အချိန်ဖြစ်သည့် ၁၉၉၂နှစ်ကုန်ပိုင်းပင်ဖြစ်သည်၊ တစ်ချို့အုပ်စုတွေကတော့အမျိုးသားညီလာခံမကျင်းပခင်အလင်းဝင်ကြရန်ဖြစ်ပြီး ကျန်နေမဲ့အုပ်စုတွေကိုတော့ဖိအားတွေကိုအပြင်းအထန်ပေးပြီးအမျိုးသားညီလာခံအပြီးတွင်ဖြစ်လာမည့် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးသည့်အချိန် တွင်အလင်းဝင်ကြရန်ပင်ဖြစ်သည်၊(ဒီစပိုင်အဖွဲ့ရဲ့ခေါင်းဆောင်ကတော့၁၉၉၂နှစ်ကုန်ပိုင်းတွင်ကျင်းပမည့် အမျိုးသားညီလာခံအကြောင်းကိုမူလကပင်သိရှိထားပြီးသားဖြစ်သည်)နောက်ဆုံးကျန်ရှိနေဦးမည်ဖြစ်သည့်အုပ်စုတွေကတော့ ပြင်းထန်တဲ့စစ်ဆင်ရေးနဲ့အတူချေမှုန်းခံရလိမ့်မည်ဖြစ်သည်၊ကျနော်အနေနဲ့ မှန်ကန်စွာဆုံးဖြတ်ပြီးသေဒဏ်ပေးခဲ့တဲ့ဒီစပိုင်(၁၅)ဦးအတွက် လုံးဝအငြင်းပွါးစရာမရှိပါ၊ သို့သော်လည်းပဲကျနော်အနေဖြင့် ဗဟိုကော်မီတီဟာ ယခုဆုံးဖြတ်ချက် တွေမှာလုံးဝပါဝင်ပတ်သက်ခဲ့ခြင်းမရှိသော်လည်း တာဝန်ရှိခဲ့တယ်ဆိုတာလက်ခံပါတယ်၊နိုင်ငံတကာလူထုလူတန်းစားတွေကိုကျနော်တို့ရှင်းပြချင်တာကတော့ ကျနော်တို့နောက်ထပ် ကျန်ရှိနေသေးတဲ့စပိုင်တွေကို အပြုသဘောဆောင်စွာဖြေရှင်းသွားမယ်ဆိုတာပါပဲ၊မကြာသေးခင်ကပဲ ကျနော်မဟာမိတ်အင်အားစုကခေါင်းဆောင်တွေ ABSDF မြောက်ပိုင်းကကော်မီတီဝင်တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးအောက်ပါဆုံးဖြတ်ချက်တွေချမှတ်လုပ်ဆောင်ဘို့ဆုံးဖြတ်ခဲ့ကြပါတယ်၊

၁၊ ABSDF ကနေပြီးတော့ နောက်ထပ်ကျန်ရှိနေသေးတဲ့စပိုင်တွေကို သေဒဏ်မပေးရေး

၂၊ မိမိတို့တော်လှန်ရေးလှုပ်ရှားမှုဆီသို့ရပ်တည်ချက်မှန်မှန်ပြောင်းလဲလာသူတွေအားလုံးကိုသာမန်အဖွဲ့ဝင်တွေအဖြစ်ပြန်လည်လက်ခံသွားရန်၊

၃၊ ကျနော်အနေဖြင့်လုံးဝလက်မခံနိုင်သောစပိုင့်များကိုမူ ၄င်းတို့၏အနာဂတ်လုံခြုံရေးအတွက်နိုင်ငံတကာအဖွဲ့အစည်းများသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်၊ ABSDF ကလည်း နိုင်ငံတကာအဖွဲ့အစည်းများနှင့်ဒီမိုကရက်တစ်အစိုးရများထံ ၄င်းတို့အားမြန်မာပြည်ဒီမိုကရေစီရရှိသည်အထိလက်ခံသွားပါရန် မေတ္တာရပ်ခံသွားမည်ဖြစ်သည်၊

၎၊ အကယ်၍သူတို့ကိုပြည်ပနိုင်ငံတွေမှာလက်ခံထားရှိပေးနိုင်ခဲ့ခြင်းမရှိခဲ့လျှင်၊ သူတို့ကိုထောင်ဒဏ်တစ်နှစ်စီချမှတ်ပြီး မိဘဆွေမျိုးတို့၏ခံဝန်ချက်ဖြင့်ပြန်လွှတ်ပေးသွားမှာဖြစ်သည်၊

၅၊ သူတို့တစ်တွေဟာ ကျနော်တို့ရဲ့ရန်သူတွေဖြစ်ခဲ့သော်လည်းပဲ သူတို့ဟာအာဏာရှစ်စနစ်ရဲ့သားကောင်တွေအဖြစ်လက်ခံထားပါတယ်၊ ဒါဟာကျနော်တို့ရဲ့အနာဂတ်အကျိုးစီးပွါးနဲ့လူအခွင့်အရေးကိုစာနာထောက်ထားလို့ပဲဖြစ်ပါတယ်၊ ပြီးရင်ကျနော်တိုမှသူတိုနဲပတ်သက်တဲ့စပိုင့်မှတ်တန်းအထောက်အထားအသေးစိတ်တွေကိုလူသိရှင်ကြားဖေါ်ပြပေးသွားမှာဖြစ်တယ်၆၊ ထို့အတွက်ကြောင့် ကျနော်တို့အနေဖြင့်နိုင်ငံတကာအဖွဲ့အစည်းတွေကိုပန်ကြားလိုသည်မှာစပိုင်တွေရဲ့အနာဂတ်အတွက်ကျနော်တို့ကိုနားလည်စွာဖြင့်ပူးပေါင်းဆောင်ရွက်မှုပေးသွားကြပါရန်မေတ္တာရပ်ခံအပ်ပါသည်၊


တည်ကြည်စွာဖြင့်

လက်မှတ်

မေလ(၃၁)ရက်နေ့၊ ၁၉၉၂ခုနှစ်

ဒေါက်တာနိုင်အောင်

ဥက္ကဌ

ဗဟိုကော်မီတီ

ABSDF

----------------------------------------------------------

Press Release by the Chairman of ABSDFConcerning with the spies of those arrested in Northern ABSDF


After visiting to Kachin State for a month, I have suffered bitterness of brutality of dictatorial regime more than before. I read the sincerely statement and listen the testimony of those detained in Northern State.Especially, National Intelligence Bureau of Burma, the main oppressed machinery of SLORC, is the main responsible for the turmoil and anarchist elements of 8888 uprising.They have well concrete planning to seek the confusing and disunity among the opposition to get upper hand. They use the people as the informers and intelligence by inserting various means and pressure. The main target are prominent leaders and main opposition group.___of their strategy, the ABSDF become main target to be infiltrated, those spies are send under operation named “Water wave”. Their section are:

-To create instability within the organizations.

-To control the higher posts.-

To make misunderstanding with the allied organizations and supporting group.

-To have depression to surrender, and

-To assassinate their strong opponents.

The deadline for the target is the end of 1992, which will be time convening the National Convention. Some groups have to surrender before National Convention and they push hard remaining group to surrender at General Amnesty which will be held in the aftermath of National convention.

(The spies group leaders have already known the fact that the National convention will be convene at the end1992.) The remaining group after amnesty will be crashed down by intensive military offensive.

I have no more dispute about the righteousness to execute 15 spies. However, I myself, on behalf of the central committee, have the responsibilities for that even though there was no participation by central committee on decision process. We would like to explain to international community that we must have more intention to solve the future of remaining arrested spies in constructive ways.Recently, I have discussed with the northern committee of ABSDF and leaders from Kachin Independence Organization (KIO) and decided the following resolution.

1.ABSDF is not to give death penalty to those remaining spies.

2.Those who the attitude and stance toward our movement are to be accept as ordinary member.

3.For the spies whom cannot be accepted by us will be transferred to the international organization for their safe and future. For that ABSDF has to appeal to the international organization and democratic governments to accept those spies until Burma has democratic change.

4.If there is neither place nor condition to accept those spies outside Burma, they will be released after one year detainment with guarantee of their parents or relatives.

5.Even we have the attitude to behave them as enemies; we accept those person are victims of brutal dictatorial system. This is why we are looking forward for the long term benefits and humanitarian concepts. And we continue to elicit the detail documents and statement of the spies soon.

6.Therefore, we would like to appeal to the international organizations governments to find the way for the future of those spies and give us cooperation based on understanding toward us.


With best regards,

igned

31st May, 1992

Dr Naing Aung

ChairmanCentral

committeeABSDF

Saturday, January 28, 2012

ABSDF ( မြောက်ပိုင်း ) ကချင်ဒေသ တောတွင်းအာရူးတစုမှ လူမဆန်းစွာ ခေါင်းဖြတ်သတ်ကြခြင်းနှင့်ပါတ်သက်၍ RFA မှ လွတ်မြောက်လာသူ ကိုထိန်လင်း၊ လူသတ်ကောင် အောင်နိုင်တို့ နှင့်မေးမြန်းခြင်း



ကိုထွန်းအောင်ကျော် ကျဆုံးအပြီး နောက်တနှစ် ၁၉၉၃ နှစ်ပတ်လည်နေ့မှာ၊ ကိုထွန်းအောင်ကျော်ကို လေးစားချစ်ခင်တဲ့ ရဲဘော်များနဲ့ သူ့မိသားစုတွေက မန္တလေးမှာ နှစ်လည်ဆွမ်းကျွေးခဲ့ပါတယ်။ တချို့က ငွေကြေးအကူအညီပေးဖို့ ပိုက်ဆံကောက်ကြပါတယ်။ အကွက်ခြောင်းနေတဲ့ စစ်ထောက်လှမ်းရေးတွေကလည်း “ ဟာ ဒီမိုကရေစီ လှုပ်ရှားမှုအတွက် တကယ်တန်ဘိုးရှိတဲ့ ခေါင်းဆောင် တယောက် ကျဆုံးသွားတာ ဝမ်းနည်းစရာပဲ၊ ဂျီတီအိုင် ကျောင်းရှေ့မှာ သူ့ရဲ့ ရုပ်ထုကို ထုပေးရမယ်” လို့ပြောဆိုပြီး သူတို့ကလည်း ငွေကြေးထည့်ချင်သလိုလို လုပ်ပါတယ်။ ကျောင်းသားတွေက “ စစ်ထောက်လှမ်းရေးတွေဟာ ကျောင်းသားလှုပ်ရှားမှု အားနည်းချက်ကို အသုံးချပြီး သပ်လျှိုဖြိုခွဲ အပုပ်ချတော့မယ်” ဆိုတာကို ရုတ်ချည်းနားလည်လိုက်ကြပါတယ်။ သူတို့တတွေပြောခဲ့တာရှင်းရှင်းလေးပါ။ “ စစ်ထောက်လှမ်ရေးတွေ ကြောင့် ကျောင်းသားတွေ တောခိုကြတယ်။ မဖြစ်သင့်တာတွေဖြစ်ခဲ့ ကြုံခဲ့ကြတယ်။ ဒါတွေအားလုံးဟာ ရှင်တို့ကြောင့်ဖြစ်တာဖြစ်တယ်” လို့ ဆိုခဲ့ကြပါတယ်။ ပြောချင်တာက ကိုယ့်ရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို ကိုယ့်ဘာသာနာမည်ဖျက်ဖို့ ကြိုးစားချင်တယ် ဆိုရင် ၊ ၁၉၉၃ ခုနှစ်ကတည်းက စစ်ထောက်လှမ်းရေးတွေပေးတဲ့အကူအညီကိုယူပြီး လုပ်လို့ရပါတယ်။ ပြည်တွင်းကျောင်းသားလှုပ်ရှားမှု သမိုင်းကို မသိတဲ့တချို့သော ( လက်ချိုးရေ လို့ရတဲ့) သူတချို့က “ ရန်သူ့လူတွေဟာ သမိုင်းကို ဗြောင်းပြန်လှန်ဖို့ ကြိုးစားနေတယ်” ဆိုတသွေးရူးသွေးတန်း စကားတွေကို လှုံ့ဆော်ကြည့်ပါတယ်။ မြောက်ပိုင်းလူသတ်မှုကြီးကို နဂိုကတည်းက ဘယ်သူမှန်တယ်။ ဘယ်သူမှားတယ် ဆိုတာ သမိုင်းက ဆုံးဖြတ်ပြီးသားပါ။ ဥာဏ်ရှိတဲ့သူတွေက ဒီ အစုလိုက်အပြုံလိုက်လူသတ်မှုဟာ ဘယ်လောက်အပြစ်ကြီးတယ် ဆိုတာသိလို့ ငြိမ်သက်နေကြတယ်။ လက်ဝင်မလျှိုကြဘူး။ ဥာဏ်မမှီတဲ့သူတွေသာ အဖွဲ့အစည်းကို ချစ်ဟန်ဆောင်ပြပြီး လက်ဝင် လျှိုတယ်။ ကျောခြင်းကပ်ကြမယ် ဘာညာအော်နေကြတာ။ ကျောခြင်းကပ်ချင်သူများရဲ့ အရည်အချင်းတချက်လောက်ကြည့်ပါရစေ။ သမိုင်းဆိုးနဲ့အတူ မြေမြှုပ်ပေးလိုက်ပါ့မယ်။
လူသတ်မှုမှာ အဓိကတာဝန်ရှိသူတွေက သူတို့ကိုယ်တိုင်မဖြေရှင်းရဲ တဲ့အခါ ABSDF ခေါင်းစဉ်ကို အကာအကွယ်ယူပြီး ကွေ့ဝိုက် ပြောဆိုဖို့ကြိုးစားတယ်။ ရန်သူဘက်က လူတချို့ကတော့ လူတစုရဲ့ ယုတ်မာမှုကို အကြောင်းပြပြီး ABSDF ကို တိုက်ခိုက်ဖို့ကြိုးစား ကြတယ်။ ဒီလုပ်ရပ်နှစ်ခုလုံးကို ကျနော်တို့က သတိရှိဖို့လိုပါတယ်။ ကာယကံရှင်တွေဟာ သတ္တိရှိရှိ မဖြေရှင်းသရွေ့ အနာဂတ်မှာ ပိုမို မဲမှောင်တဲ့ လမ်းကြောင်းကိုသာတွေ့ရလိမ်မယ်။ တောင်ပြိုနေတာ၊ လက်ဖဝါးနဲ့ကာဖို့ မကြိုးစားစေချင်ပါ။
တကယ်တော့ ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတွေဟာ သူတို့အဖွဲ့အစည်းရဲ့အလံတော်ကို သိက္ခာရှိရှိလွှင့်တင်ချင်လို့ ပုဂ္ဂိုလ်ရေးစာတွေပို့ ဖြေရှင်းခိုင်းနေတာ နှစ်ကြာနေပါပြီ။ ခေါင်းဆောင်လုပ်ခဲ့သူတွေက တာဝန်မဲ့လုပ်၊ ခံစားမှုမဲ့လုပ်ခဲ့ကြလို့ အခုလို အဖြစ်ဆိုးကြီးဟာ အပြင်ကို ရောက်ရှိလာခဲ့ခြင်းဖြစ်တယ်။ ခုချိန်ကျမှ ဘာလို့အရှိန်ပြင်းပြင်းဖောက်ခွဲကြသလဲဆိုရင် အဓိက အချက် (၃) ချက်ရှိပါလိမ့်မယ်။
(က) ရော်နယ်အောင်နိုင်ရဲ့ မဆင်မခြင် အင်တာဗျူးများ (ခ) ကိုထွန်းအောင်ကျော် တို့တတွေ ကျဆုံးခဲ့တာ အနှစ် (၂၀) ကြ (ဂ) ABSDF( မြောက်ပိုင်း) ပြန်လည်ဖွဲ့စည်းတဲ့အခါ လူသတ်သမား လှဆိုင်း တို့တတွေ ပြန်ပါနေတယ်
စိတ်ကူးမယဉ်စေချင်ပါဘူး။ အပြစ်မဲ့ကျောင်းသားတွေကို လည်မျိုကိုခုတ်ဖြတ်သတ်ခဲ့သူတွေဟာ တော်လှန်ရေးသမားတွေ မဖြစ်နိုင်သလို၊ သမိုင်းဆိုတာ အချိန်တန်ရင် နေရာမှန်ကို ပြန်ရောက်သွားတဲ့ ကိစ္စတခုပဲဖြစ်ပါတယ်။ ABSDF ( မြောက်ပိုင်း) မှာ တာဝန်ထမ်းခဲ့ပြီး ကြောက်မက်ဘွယ်အဖြစ်ဆိုးကြီးကို ကိုယ်တိုင်ကိုယ်ကျတွေ့ခဲ့တဲ့ “ရဲဘော်ကျော်ခိုင်ဝင်း” က ၂၀၀၈ ခုဝန်းကျင်မှာ စာနှစ်စောင်ရေးဖွင့်ဟခဲ့တယ်။ ကာယကံရှင်တွေက ဘာမှ အကြောင်းမပြန်ခဲ့ဘူး။ ဖတ်ကြည့်ကြပါ မိတ်ဆွေ တို့..

ကိုအောင်နိုင်

ကျနော် ကျော်ခိုင်ဝင်း ပါ။ ကိုအောင်နိုင် မှတ်မိနေလိမ့်မယ် လို့ လုံးဝယုံကြည်ထားပါတယ်။ ကျနော်တို့ တောမခိုခင် မန္တလေး (အနကလ)၊ မိုးညှင်း (အနကလ) နဲ့ အမရပူုရ(အနကလ) မှာ အတူတူလှုပ်ရှားခဲ့တာတွေ၊ ကျနော် တောခိုမဲ့ညက ကိုအောင်နိုင်ရယ်၊ ကိုစိုးလင်းရယ်၊ ကိုမြင့်ကျော်ရယ် မန္တလေးမြောက်ပြင်က ကိုမြင့်ကျော် တို့ ဦးလေးအိမ်မှာ နောက်ဆုံးအိပ်ခဲ့ကြတာကို ကိုအောင်နိုင် မှတ်မိပါလိမ့်မယ်။ ကိုအောင်နိုင် ကို ကျနော်အရမ်းစကားပြောချင်ပါတယ်။ မေးလဲမေးစရာရှိပါတယ်။ တတ်နိုင်ရင် ကျနော့ကို ဆက်သွယ်ပေးပါ။ ကိုအောင်နိုင်ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ရဲဘော်တွေရဲ့ ဂုဏ်သိက္ခာကို၊ သူတို့ရဲ့ ခံစားမှုတွေကို ညှာတာထောက်ထားစွာဖြင့် ကျနော်တို့နဲ့ရင်ဆိုင်ဖြေရှင်းပေးပါခင်ဗျား။
ကိုအောင်နိုင် ပြောသလို၊ သူတို့ဟာ ထောက်လှမ်းရေးတွေပါဆိုရင် ဘာလို့ ဘိုဘို ( မိုးကျော်သူ) ကို စစ်အစိုးရက ထောင်ဒဏ် အနှစ် (၂၀) ချထားရတာလဲ။ ကိုရာပြည့် ဘာလို့ထောင်ထဲမှာ အသေဆိုးနဲ့သေခဲ့ရတာလဲ။ ကိုအောင်နိုင် တို့ ထောက်လှမ်းရေးဗိုလ်အဆင့် သတ်မှတ်ထားတဲ့ နန်းအောင်ထွေးကြည် အခုထိ မြန်မာနိုင်ငံပြန်လို့မရတာလဲ။ ဖိုးကျော် ( မြွေဟောက်) တို့ ဒုက္ခသည်စခန်းကို ပြန်ရောက်လာရတာလဲ။ ကိုရဲလင်း ဘာလို့ ထောင်ထဲပြန်ရောက်သွားရတာလဲ။ ကိုထိန်လင်း ဘာလို့ထောင်ထဲထည့်ခံရတာလဲ။ ကျနော်လည်း မြန်မာနိုင်ငံမှာ ရှိတုံးက ခရီးထွက်တိုင်း ဘာလို့ ထောက်လှမ်းရေးကို သတင်းပို့နေရတာလဲ။ ဒါတွေအားလုံးပြောနေရင် ကုန်မှာလဲမဟုတ်ပါ။
ကိုအောင်နိုင် ပါးစပ်က ပြောနေတဲ့ စစ်အစိုးရ၊ အာဏာသိမ်းအစိုးရ၊ လူ့အခွင့်အရေးချိုးဖောက်တဲ့ အစိုးရ၊နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်ကွပ်တဲ့အစိုးရတောင်မှ ကိုအောင်နိုင်တို့လို လူသားတယောက်အပေါ် မရက်စက်ခဲ့ပါ။ မညှင်းဆဲခဲ့ပါ။ မနှိပ်စက်ခဲ့ပါ။ လူ့အခွင့်အရေး မချိုးဖောက်ခဲ့ပါဘူး။ အစုလိုက်အပြုံလိုက်၊ လည်ပင်းကို ဓါးနဲ့ခုတ်ဖြတ် မစီရင်ခဲ့ပါဘူး။ အမျိုးသမီးတယောက် ( မခင်ချိုဦး) က သတ်ခံကာနီး သိုယိုတောင်းပန်တာတောင် ကိုယ်တုံးလုံးကို ရဲဘော်တွေအားလုံးရှေ့မှာ ချွတ်ပြီး မပစ်သတ်ခဲ့ပါဘူး။ ကိုကျော်ဝေ လို ထင်းတုံးပေါ် ခေါင်းတင်ပြီး ခုတ်ဖြတ်မသတ်ခဲ့ပါဘူး။ ကိုထွန်းအောင်ကျော်ရဲ့ ဗိုက်ပေါ်ကို ရင်ဘောင်ကြမ်းတင်ပြီး မီးမရှို့ခဲ့ပါဘူး။ ဘိုဘို လိုမျိုး နှာခေါင်းကို သံချိတ်နဲ့ချိတ်ပြီး နိုင်ငံရေးသမားတွေကို မစစ်ဆေးခဲ့ပါဘူး။ စစ်ကြောရေးမလုပ်ခဲ့ပါဘူး။ ရေခဲနေတဲ့ လိုင်စ် ( ပါဂျောင်) လို နေရာမျိုးမှာ မြေကြီးထဲကို ကိုယ်တကိုယ်လုံးမြှုပ် တညလုံးခေါင်းလေးပဲဖေါ်ပြီး မစစ်ဆေးခဲ့ပါဘူး။ နှိပ်စက်တာတွေ ပြောရင်ကုန်မှာ မဟုတ်ပါ။ ကျနော် လောဘတကြီး နဲ့ ကိုအောင်နိုင်ကို တောင်းဆိုနေတာ မဟုတ်ပါ။ အေဘီ ရဲဘော်တွေ အားလုံးရဲ့ ဂုဏ်ကို ငဲ့ညှာသောအားဖြင့် မှားခဲ့ပါတယ် လို့ ကိုအောင်နိုင် ပါးစပ်ကနေ ဝန်ချတောင်းပန်တာလေးတခုကိုပဲ အားလုံးက ကြားချင်နေကြတာပါဗျာ။ ဝန်ခံပေးပါ ကိုအောင်နိုင်။ မှားခဲ့တယ်။ အဖွဲ့အစည်းအတွက် မှားခဲ့ပါတယ် လို့ ဝန်ချတောင်းပန်ပေးပါ ကိုအောင်နိုင်။ နောက်မှ စာဆက်ရေးပါအုံးမယ် ကိုအောင်နိုင်
သင့်ရဲ့ ရဲဘော်ဟောင်း ကျော်ခိုင်ဝင်း
ခေတ္တ ကိုရီးယား + ၈၂ ၁၀ ၃၅၁၁ ၁၁၃၉
+ ၈၂ ၇၀ ၈၁၈၂ ၀၃၆၀

ရဲဘော် ကျော်ခိုင်ဝင်းရဲ့ အစီရင်ခံစာ
ABSDF (NB) တွင်တာဝန်ထမ်းဆောင်စဉ်၊ ကိုသံချောင်း၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင် တို့မှ ကျောင်းသားတပ်မတော်ခေါင်းဆောင် ကိုထွန်းအောင်ကျော်နှင့်တကွ၊ စစ်မှန်သော ကျောင်းသားရဲဘော်များအား အချင်းချင်းသုတ်သင်ရှင်းလင်းရက်စက်မှုများကာလ၊ ကိုယ်တွေ့မျက်မြင် လူ့အခွင့်အရေးချိုးဖောက်မှုများမှာ အောက်ပါအတိုင်းဖြစ်သည်။
အေဘီတွင် ကိုသံချောင်း စစ်ရေးတာဝန်ခံ၊ ကိုမျိုးဝင်းအထွေအထွေအတွင်းရေးမှူး၊ အပတ်စဉ် (၅) သင်တန်းကာလတွင် တပ်တွင်းဆန္ဒပြမှုတရပ်ပေါ်ပေါက်ခဲ့ပါသည်။ တပ်တွင်းခေါင်းဆောင်များဦးဆောင်မှုညံ့ဖျင်းသည့် အဓိကအကြောင်းအရာဖြစ်ခဲ့ပါသည်။ ထိုအချိန်ကာလတွင် ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင်၊ ကိုစိုးလင်း၊ ကိုညီဂျော် စသည့် ကျောင်းသားခေါင်းဆောင်များ ရောက်ရှိလာပြီး ထိုရောက်ရှိလာသော ကျောင်းသားခေါင်းဆောင်များအား တပ်တွင်းရှိရဲဘော်များက အားပေးထောက်ခံကြပါသည်။ ထို့နောက်တပ်တွင်းခေါင်းဆောင်နေရာများအတွက် ရွေးကောက်ပွဲလုပ်ပြီး ခေါင်းဆောင်တင်ကြသည့်အခါတွင် ကိုမျိုးဝင်းသည် လူကြိုက်အနည်းဆုံးသူတယောက်ဖြစ်ခဲ့ပါသည်။ ထိုအချိန်မှစပြီး ကိုမျိုးဝင်း၏အတွင်းစိတ်တွင် အမှတ်အငြိုးတေးဖြစ်လာခဲ့ပါသည်။ သူ၏အာဏာပါဝါလျော့ကျသွားခြင်းဖြစ်ပါသည်။ သို့သော် ကိုမျိုးဝင်းအား အသစ်ဖွဲ့စည်းသော ကျောင်းသားတပ်မတော်ဖွဲ့စည်းပုံတွင် တွဲဘက်အထွေထွေအတွင်းရေးမှူးအဖြစ် ပြန်လည်ခန့်လိုက်ခြင်းသည် ကျောင်းသားတပ်မတော်ပြိုကွဲရန် အောက်ပါဖြစ်ရပ်မှန် ရက်စက်မှုများ၏ အစပင်ဖြစ်ပါတော့သတည်။
ထိုအသစ်ဖွဲ့စည်းသော ကျောင်းသားတပ်မတော်တွင် ကိုအောင်နိုင် သည် အဖွဲ့အတွက် အလွန်အရေးပါသော အထွေထွေအတွင်းရေးမှူးရာထူးကို လက်ခံရယူထမ်းဆောင်ခဲ့ပါသည်။ အထက်ပါကဲ့သို့ ဖွဲ့စည်းပုံအသစ်ဖြင့် ကျောင်းသားတပ်မတော်သည် အင်အားခိုင်မာကျစ်လစ်စွာ နယ်မြေခံလူထုအားပေးထောက်ခံမှု အားကောင်းစွာ အရှိန်အဟုန် ကောင်းနေစဉ်တွင် တပ်တွင်းရဲဘော်တယောက်ဖြစ်သော တပ်သားစိုးမင်းအောင် တပ်မှထွက်ပြေးခဲ့ပါသည်။ ထိုတပ်ပြေးစိုးမင်းအောင် အားတရုပ်ပြည် ရင့်ကျန်းမြို့တွင် ပြန်လည်ဖမ်းစည်းရရှိမိကာ ရိုက်နှက်နှိပ်စက် စစ်ကြောပြီး အစိုးရထောက်လှမ်းရေးဟု အတင်းအကြပ်ဝန်ခံခိုင်းခဲ့ပါသည်။ စိုးမင်းအောင်မှ တဆင့် ကျောင်းသားတပ်မတော်တွင်းရှိ အခြားသော ကျောင်းသားတပ်မတော် တွင်းရှိ အခြားသောကျောင်းသားများ၏အမည်ကို မေးကာ ထိုကျောင်းသားများသည်လည်းပဲ ထောက်လှမ်းရေးဖြစ်ပါသည်ဟု မဝန်ခံမခြင်း လူမဆန်စွာ လူ့အခွင့်အရေးကို အစွမ်းကုန်ချိုးဖောက်ကာ ကိုသံချောင်းနှင့် အပေါင်းပါများက သေသည်အထိ ညှင်းပမ်းနှိပ်စက်ခဲ့ကြပါသည်။ ထိုမှတဆင့် ကိုမျိုးဝင်းသည် သူ့အား အပတ်စဉ် (၅) သင်တန်းကာလဆန့်ကျင်ခဲ့သူများအားနှိပ်ကွပ်ရန် အကွက်မြင်သွားပြီး သူ့အား အတိုက်အခံလုပ်ခဲ့သူများကို ထောက်လှမ်းရေးဟု စွပ်စွဲကာ အစုလိုက်အပြုံလိုက်ဖမ်းဆီးပြီး ပြောပြမကုန်နိုင်လောက်သော ညှင်းပမ်းနှိပ်စက်မှု မျိုးစုံဖြင့် သေသည်အထိလည်ကောင်း၊ မသေမရှင်ဖြစ်သည်အထိလည်ကောင်း၊ လူလုံးမလှတော့သည်အထိ လည်ကောင်း၊ ယုတ်စွအဆုံး မိန်းခလေးများဖြစ်သော အဖမ်းခံထောက်လှမ်းရေးဟု အစွပ်စွဲခံ မငယ် ( နန်းအောင်ထွေးကြည်)၊ မခင်ချိုဦး တို့၏ မိန်းမ အင်္ဂါထဲသို့ပင် ရှာဖွေစစ်ဆေးကာ အမျိုးသမီးတို့၏ အခွင့်အရေးကိုပါ ချိုးဖောက်ပြီး စစ်ကြောရေးကြီးကို စတင်ခဲ့ပါသည်။ ညှင်းပန်းနှိပ်စက် လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုများနှင့် ညှင်းပမ်း နှိပ်စက်ခံခဲ့ရသူများကို ကျွန်တော်သည် အောက်ပါအတိုင်း ကိုယ်တွေ့မျက်မြင် မိမိအရှေ့တွင် မျက်ဝါးထင်ထင် မြင်ခဲ့ရသည်ကို နှိပ်စက်ခံရခဲ့သော လူအမည်များဖြင့်တကွ ဖေါ်ပြထားပါသည်။
ကိုထွန်းအောင်ကျော် ( မန္တလေး)
သံပြားအားမီးဖုတ်ပြီး ပေါင်ခြေသလုံးထံ ကပ်ထားခြင်း၊ ဗိုက်ပေါ်သို့ ကတ္တရာစီးပြားများကို မီးရှို့၊ အစက်ချ မီးမွှေးခြင်း၊ သံချောင်းများကို မီးဖုတ်ခါ၊ ပေါင်အတွင်းသို့ ထိုးသွင်းခြင်း၊ စိတ်ဓါတ်ပျက်ပြားခြောက်ခြားစေရန်၊ ကိုကျော်ဝေကို ထင်းတုံးပေါ်တင်ပြီး ခေါင်းဖြတ်သတ်ထားခါ၊ ထိုခေါင်းပြတ်မှ၊ ပန်းထွက်နေသော သွေးများကို၊ သောက်ခိုင်းခြင်း၊ ကိုချိုကြီး၏ လက် ကို လက်ကောက်ဝတ်မှ ခုတ်ပြတ်သော်လည်း၊ ခုတ်ချက်မမှန်ကာ၊ လက်ဝါးအရင်းပိုင်းမှ ပြတ်ထွက်ခါ၊ ( လက်မ တချောင်းထဲပင် ကျန်ထားပါသည်)၊ ထိုလက်ပြတ်အား ကိုက်ထားခိုင်းခြင်း၊ ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ ဒုတ်ကောက်ဖြင့်သာလမ်းလျှောက်နိုင်ပြီး၊ အသတ်ခံလိုက်ရချိန်တွင်၊ ခေါင်းမပြတ်သဖြင့်၊ ပြန်ထလာသည်ကို၊ ပေါက်ပြားနောက်ဖင်ဖြင့်၊ ရိုက်ချ သတ်ခံရပါသည်။
ကျော်ကျော်မင်း (မုံရွာ)
သေဒဏ်ချမှတ်လိုက်သည်ဟု အမိန့်စာပြန်သောအခါတွင်၊ အောက်ပိုင်း ရုတ်တရက်သေ၊ မိမိကိုယ်မှ သေးထွက်မှန်းကို မိမိမသိသည်အထိ၊ ထိတ်လန့်ခါ၊ ခေါင်းဖြတ်မည့်နေရာသို့ တွဲခေါ်ယူခဲ့ရပါသည်။
(၂) ကိုချိုကြီး ( မန္တလေး)
စစ်ဆေးရေးကာလတွင် ဗိုက်ပေါ်တွင် မီးရှို့ခံရခြင်း၊ လက်ဝါးကပ်တိုင်တွင် လက်များကို သံချောင်းဖြင့် ရိုက်နှက်စစ်ဆေးခံရခြင်း၊ ကိုကျော်ဝေအား ခေါင်းဖြတ်သည့်နေ့တွင် လက်ဝါးအရင်းပိုင်းမှ ခုတ်ဖြတ်ခံရခြင်း၊ ခေါင်းဖြတ်သည့်အခါတွင်၊ ထူးခြားစွာဖြင့် တည်ငြိမ်စွာ ခုတ်ဖြတ်ခံသွားပါသည်။
မောင်မောင်ကြွယ် ( ရန်ကုန်) ဒေါ်ချိုချိုကျော်ငြိမ်း၏ မွေးစားသားဟုဆိုသူ
အပတ်စဉ် (၅) ကာလတွင်၊ ကိုမျိုးဝင်းအား အများဆုံးဝေဖန်ခဲ့သူဖြစ်သည်။ မိမိ၏ပါးစပ်အား တိတ်ဖြင့်ကပ်ခါ၊ ကိုမျိုးဝင်း ကို အသံတိတ်ဆန္ဒပြခဲ့သည်။ ကျောင်းသားတပ်ထောက်လှမ်းရေးများ၏ ( အထူးသဖြင့် ကိုမျိုးဝင်းမှ ညှင်းပမ်းနှိပ်စက်ခဲ့) ခေါင်းဖြတ်သတ်ခံခဲ့ရပါသည်။
တူးတူး ( မြစ်ကြီးနား)
ခေါင်းဖြတ်ခံနီးတွင် ဆုတောင်းခိုင်းသောအခါ၊ မည်သည့်စကားတလုံးမှ မဆိုပဲ၊ ခေါင်းဖြတ်သတ်ခံရ၊
ကိုလှမြင့် ( တပ်ကုန်း)
ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ မိမိမှာ ထောက်လှမ်းရေး မဟုတ်ကြောင်း၊ ပြင်းထန်စွာငြင်းဆန်သွားပါသည်။
ရန်အောင် ( ရန်ကုန်)
ခေါင်းဖြတ်သောအခါ ပြန်ထလာသဖြင့်၊ ရင်ဘတ်အား သေနတ်ဘက်နက် ဖြင့် ထိုးသတ်ခံရ၊
အောင်ဖိုး ( ရန်ကုန်)
ကိုသံချောင်း၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင်တို့မှ ကော်မတီဝင်များနေထိုင်ရာ တည်းစခန်းရှေ့သို့ခေါ်ယူပြီး ခြေထောက်တွင် မိုင်းအပျော့စားကပ်ပြီး၊ မိုင်းခွဲခါ ခြေဖြတ်ခံရ၊ ( ထိုမိုင်းခွဲပွဲတွင်) မငယ် ( နန်းအောင်ထွေးကြည်) အပါအဝင် နှိပ်စက်ခံခဲ့ရသော်လည်း၊ ကံကောင်းထောက်မစွာ၊ လက်မိုင်းခွဲမခံခဲ့ရ၊ နောက်ပိုင်းတွင် ထိုခြေပြတ်ဘဝနှင့်ပင်၊ ခေါင်းဖြတ်သတ်ခံရပါသည်။
ဋ္ဌေးမြင့်ဝင်း ( ရန်ကုန်)
အပတ်စဉ် (၅) သင်တန်းကာလ၊ တပ်တွင်းဆွေးနွေးပွဲတွင်၊ ကိုမျိုးဝင်းအား ပြင်းထန်စွာ ဝေဖန်ခဲ့သဖြင့်၊ ခေါင်းဖြတ်သတ်ခါနီးတွင်၊ ကိုမျိုးဝင်းမှ၊ “ ဟေ့ကောင် မင်း ငါ့ကို အပတ်စဉ် (၅) တုံးက ပြောသလို ပြောနိုင်သေးလားဟု အငြိုးကြီးစွာ မေးခဲ့သည်ကို ကျနော်ကိုယ်တိုင်နားဖြင့်ကြားရပြီး၊ ဋ္ဌေးမြင့်ဝင်းမှ သေနတ်နှင့် ပစ်သတ်ပေးရန်တောင်းဆိုသဖြင့်၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။
မခင်ချိုဦး ( ရန်ကုန်)
အသတ်ခံရခါနီးတွင်၊ ငိုယိုရှစ်ခိုးတောင်းပန်သော်လည်း၊ ရဲဘော်များအားလုံးရှေ့တွင် ကိုယ်တုံးလုံးချွတ်ပြီး၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။
ကိုကျော်ဝေ ( မန္တလေး)
ဦးခေါင်းအား ထင်းတုံးပေါ်တင်ပြီး၊ ကိုမျိုးဝင်းမှ ခေါင်းဖြတ်သတ်ခဲ့ပါသည်။ အသတ်မခံရသေးချိန်တွင်၊ တောင်းပန်သေးသော်လည်း အသတ်ခံရမည်ကို သိသောအခါ၊ ဓမ္မစစ် ကျောင်းသားကွ၊ မင်းတို့ သတ်လို့ ငါသေပေမဲ့၊ ငါ့ဝိညာဉ်မသေဘူးကွ၊ ကျော်ဝေ- ဓမ္မစစ် ကျောင်းသားကွ၊ သတ်လိုက် ရတယ် လို့ အော်ဟစ်သွားခဲ့ပါသည်။ စစ်ကြောရေးကာလတွင်လည်း မိုင်းခွဲပွဲတွင် လက်ကို မိုင်းခွဲခံရခါ လက်ဖြတ်ပစ်ရသူဖြစ်ပါသည်။
ပြည်စိုးနိုင် ( ရန်ကုန်)
ညတွင်းချင်းပင် ဖမ်းဆီးခံရခါ၊ လိုင်စင် ကဲ့သို့ ရေခဲသောအရပ်တွင် မြေကြီးထဲတွင် ကိုယ်ကို မြှုပ်ခါ၊ ခေါင်းလေးသာ ဖေါ်ထားပြီး နှိပ်စက်ခဲ့ပါသည်။ ဘုန်းနှိမ့်စေရန် မခင်ချိုဦးအား ခေါင်းပေါ်သို့ ကျော်ခွ ခိုင်းခဲ့ကြသည်။ ထို့နောက် ဥနှောက်အမြေးပါးယောင် ရောဂါအခံရှိသော ပြည်စိုးနိုင် သည် ဦးခေါင်းကို ရိုက်နှက်ပါ များသည့်အတွက်၊ မနက်ရောက်သောအခါ၊ စစ်ဆေးရင်းသေဆုံးသွားခဲ့ရပါသည်။ မခင်ချိုဦးနှင့်လည်းဖောက်ပြန်နေသည် ဟု စွပ်စွဲခံခဲ့ရပါသည်။
မငယ် (ခ) နန်းအောင်ထွေးကြည်၊ ရန်ကုန်
သူမ၏ ချောမောသော ရုပ်ရည် ပျက်စီးသည်အထိ မီးဖိုထဲမှ မီးစွဲလောင်နေသော ထင်းချောင်းဖြင့် မျက်နှာအား အထိုးခံခဲ့ရသည်။ သေဒဏ်စာရင်းတွင်ပါသော်လည်း ကံကောင်းထောက်မစွာ အသက်မသေခဲ့ပါ။
နန်းစော ( ဗန်းမော်)
သူမ၏ လက်မသည် ကျိုးကျေသွားပြီး ယ္ခုတိုင် ကွေးဆန့် မရတော့သည့်တိုင်အောင် ဝါးဆစ်ပိတ်ဝါးဖြင့် အရိုက်ခံခဲ့ရသည်။ ကိုအောင်နိုင် တို့ ထောက်လှမ်းရေးဟု စွပ်စွဲထားသော နန်းစော သည် ယ္ခုအခါ စက်တင်ဘာ အရေးအခင်းမှစပြီး လိုက်လံဖမ်းဆီးခံနေရသဖြင့် ပြည်တွင်းတွင် မိန်းခလေးတန်မဲ့ ထွက်ပြေးတိမ်းရှောင်နေရသည်။ ( ယ္ခုအခါ ထိုင်းနယ်စပ်သို့ရောက်ရှိနေပါပြီ)
ကိုထိန်လင်း ( ဟင်္သာတ)
ညလုံးပေါက် ရိုက်နှက်စစ်ဆေးပြီး အဆိပ်ရည် ပုလင်းထုတ်ပေးရန် စစ်ဆေးခဲ့၊ မိုးလင်းသောအခါ စစ်ဆေးတာ မခံနိုင်သဖြင့် သူပန်းချီဆွဲသောအခါ အသုံးပြုသော ပန်းချီဆေးရည်များကို ထုတ်ပေးခဲ့ရ၊ ထိုဆေးရည်များဖြင့် သူ၏မျက်နှာကို လောင်းချ သုတ်လိမ်းခံခဲ့ရ၊ ကိုယ်ပေါ်သို့လည်း လောင်းချခံခဲ့ရပါသည်။ ပြန်လည်လွတ်မြောက်လာသော်လည်း စစ်အစိုးရမှ ကိုအောင်နိုင်တို့ထောက်လှမ်းရေးဟု ယူဆခဲ့သူများကို ပြန်လည်ထောင်ချခဲ့ပါသည်။
ဘိုဘို (မိုးကျော်သူ)
နှာခေါင်းတွင် သံချိတ်ဖြင့် ချိတ်ဆွဲကာ အဖောက်ခံခဲ့ရ၊ ယခုအချိန်ထိ ကိုနိုင်အောင်တို့ထောက်လှမ်းရေးဟု အစွပ်စွဲခံရသော သူသည် မန္တလေး အကျဉ်းထောင်တွင် ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခံထားရသည်။ ( ယခု ပြန်လည်လွတ်မြောက်လာပြီး ပြည်တွင်းတွင်)

အထက်ပါဖြစ်ရပ်များသည် ကျနော်ကိုယ်တွေ့မျက်မြင် ဖြစ်ခဲ့သော အဖြစ်အပျက်များဖြစ်ပါသည်။ မည်သည့်လူနှင့်မဆို ကျွန်တော်ကိုယ်တိုင်ရှင်းရဲပါသည်။ နေ့ရက်များကို အတိအကျမမှတ်မိသော်လည်း ကျနော်ရေးသောစာကို ကျနော်တာဝန်ယူပါသည်။ ထိုအဖြစ်အပျက်များအတွင်း ကိုအောင်နိုင်သည် ဥက္ကဋ္ဌ ရာထုးတာဝန်ယူပြီး ဖြစ်ပျက်ခဲ့သော်လည်း ကိုအောင်နိုင်ကို ကျနော်နားလည် နိုင်ခဲ့ပါသည်။ သူသည်လည်း အသက်ကို ဥာဏ်စောင့်ရမှာပေါ့ လို့ ပေါ့တွေးထားခဲ့ပါသည်။ အထက်ပါအဖြစ်အပျက်များကို မည်သူ့ကိုမှ မပြောတော့ပါ ဟု ဆုံးဖြတ်ထားခဲ့သည်မှာ ဆယ်စုနှစ်ကျော်လာခဲ့ပါသည်။ ထိုသို့နေလာရာ တနေ့တွင် ဘီဘီစီ အသံလွှင့်ဋ္ဌာနမှ ရော်နယ်အောင်နိုင်ဆိုသည့် သတင်းထောက်တယောက် ချင်းမိုင်မှ သတင်းပေးပို့ ဖတ်ကြားလိုက်သည်ကို ကြားလိုက်ရပါသည်။ အသံကို သိသည်။ ရင်းရင်းနှီးနှီးသိသည်ဟု မှတ်ထားလိုက်ပါသည်။ နောက်ပိုင်းတွင် စုံစမ်းကြည့်သောအခါ အေဘီ ( မြောက်ပိုင်း) မှ ကိုအောင်နိုင် ဖြစ်နေသည်ကို သိလိုက်ရပါသည်။ ထိုအချိန်အထိ ကျနော့စိတ်ထဲတွင် ကိုအောင်နိုင် အား နားလည်နိုင်ပါသည်။ စပ်ခွန်ကျော် လို့ ပင်ခေါ်ခေါ်၊ သံချောင်းပင်ဖြစ်ဖြစ်၊ မြင့်စိုး ပင်ဖြစ်စေ၊ အဖမ်းခံရသောအခါ ကိုအောင်နိုင်သည် လူတတ်ကြီးလုပ်ပြီး ကျောင်းသားတပ်မတော်အတွင်း အချင်းချင်းသတ်ဖြတ်ကြတုံးက ဥပဒေ တခုရှိပါတယ်။ ဘာလဲဆိုတော့ အဲ့ဒီတုံးက ထောက်လှမ်းရေး လို့ သံသယရှိသူတွေကိုကွပ်မျက်ရမယ် ဆိုတဲ့ ဥပဒေ ရှိပါတယ် လို့ သတင်းမီဒီယာတခုတွင် ဖွင့်ဆိုသွားပါသည်။ ထိုအချိန်မှ စပြီး ကိုအောင်နိုင်သည် အထက်ပါ အဖြစ်အပျက်များတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ပါလား ဟု သုံးသပ်မိသည်။ နောက်ပိုင်း ကျွန်တော်သည် အေဘီတွင် ယခုအချိန်အထိ တာဝန်ထမ်းဆောင်နေသော ရဲဘော်များနှင့် ပြန်လည် အဆက်အသွယ်ရခဲ့သည်။ ကိုအောင်နိုင် အကြောင်းစုံစမ်းသောအခါ၊ သူသည် ABSDF ( မြောက်ပိုင်း) ကို ဖျက်သိမ်းခိုင်းကြောင်း၊ မဖျက်သိမ်းပါက မင်းတို့ဘဲ လူသတ်ခဲ့တာတွေကို တာဝန်ယူဖြေရှင်းရလိမ့်မယ် ဟု ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ဆိုပြီးလျှင် ပူးတွဲပါ ကိုအောင်နိုင်ရဲ့ လူတွင်ကျယ် လုပ်ထားသော အင်တာဗျူးကို ဖတ်လိုက်ရသောအခါ အထက်ပါ လူသတ်နှိပ်စက် လူ့အခွင့်အရေးချိုးဖောက်ပွဲကြီးတွင် ကိုအောင်နိုင် တယောက်သည်လည်း အင်တိုက်အားတိုက်ပါဝင်ခဲ့ပါလား ဆိုတာကို လက်မခံချင်ပဲ လက်ခံလိုက်ရပါတော့သည်။
ထို့အတွက်ကြောင့် ဘီဘီစီ မြန်မာပိုင်းဋ္ဌာနအနေဖြင့် ကိုအောင်နိုင် ကဲ့သို့သော လူ့အခွင့်အရေးချိုးဖောက်ခဲ့သူတဦးအား အလုပ်ဆက်လက် ခန့်သင့် မခန့်သင့် ဆိုတာကို စဉ်းစားပေးစေလိုပါတယ်။ အထူးသဖြင့် အန်တီဒေါ်တင်ထားဆွေ အနေဖြင့် ခေါင်းအေးအေးတည်ငြိမ်စွာ ဆုံးဖြတ်နိုင်လိမ့်မယ်လို့ ကျွန်တော်သည် အထူးမျှော်လင့်မိပါသည်။ ဘီဘီစီ ဟာ ကျနော်တို့နှင့်အတူ စစ်အစိုးရကို လက်တွဲတိုက်ပွဲဝင်နေသော အားကိုးရတဲ့ ရဲဘော်တယောက် လို့ ဘဲ ကျနော့ရင်ထဲမှာ အမြဲရှိနေမှာပါ။
ယုံကြည်လေးစားလျှက်
ကျော်ခိုင်ဝင်း
ABSDF (NB) ရဲဘော်ဟောင်း

Saturday, January 21, 2012

မြောက်ပိုင်းဒေသ မှ အရိုးတွန်သံများ (အပိုင်း-၆-)

မြောက်ပိုင်းဒေသ မှ အရိုးတွန်သံများ (အပိုင်း-၆-)
=========================================
မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ကို တင်ပြခဲ့တာ အပိုင်း (-၆-) ကိုရောက်ရိှလာခဲ့တယ်။ ဒုတိယအဆင့် ကို ရောက်လာပြီ လို့ ဆိုရပါလိမ့်မယ်။ ဒီ အဆင့်မှာ ကျူးလွန်ခဲ့သူတွေ နဲ့ ကိုယ်တိုင်ခံစားခဲ့ရသူတွေကို လေးလေးနက်နက် တိုက်တွန်း ချင်တာ လေးတခုရှိပါတယ်။ ကျဆုံးသွားခဲ့တဲ့ ကျောင်းသားတပ်မတော်ရဲဘော်၊ သူငယ်ချင်းတွေရဲ့ လိပ်ပြာဝိညာဉ်တွေ၊ ကိုယ့်ရဲ့ ဒဏ်ရာတွေကို သိက္ခာရှိရှိ ကာကွယ်ခုခံသောအားဖြင့်၊ ကာယကံရှင်တွေဟာ သတ္တိရှိရှိ၊ ဗြောင်ထွက်ဆွေးနွေး ကြပါ။ တယောက်ချင်း ဆီဖြစ်ဖြစ်၊ အုပ်စုလိုက်ဖြစ်ဖြစ်၊ လိုအပ်မယ်ထင်တဲ့ စာတမ်းတွေကို တင်ကြဖို့ အချိန်ရောက်ပြီလို့ ယူဆပါတယ်။ သူများရေးတဲ့ဆောင်းပါးတွေမှာ မှတ်ချက်ဝင်ပေးတာမျိုးတွေ၊ ပဟေဋိ ပုစ္ဆာတပုဒ်တွက် သလိုမျိုး မေးခွန်းထုတ်နေတဲ့လုပ်ရပ်တွေ၊ ပြဇာတ်ထဲက ဒဏ်ရာအနာတရမင်းသားတယောက် ကိုယ့်ရဲ့ကြေကွဲမှုကို အယားဖြေ တယောထိုး ငိုကြွေးနေတာမျိုးတွေကို ရပ်သင့်ပါပြီ။ ကိုယ့်နှလုံးသားကို ကိုယ့်ဘာသာ သစ္စာရှိဖို့လိုပါတယ်။
ကျနော်ကတော့ ကျနော်တို့ရဲ့ လုပ်ဖေါ်ကိုင်ဘက်၊ ဗကသ ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုထွန်းအောင်ကျော်၊ ကျောင်းသားတပ်မတော် (မြောက်ပိုင်း ဥက္ကဋ္ဌ) ၊ ရဲဘော်စိုးဝင်းသန်း နဲ့ ကျဆုံးခဲ့သော အပြစ်မဲ့ကျောင်းသားများ၊ ကိုယ့်ရဲ့ယုံကြည်မှုကို ရိုးသားသန့်စင်စွာ သတ္တိရှိရှိ ရပ်တည်ခဲ့တဲ့ နန်းအောင်ထွေးကြည်နဲ့ တခြားရဲဘော်တွေအတွက် ဆက်လက်ရပ်တည်တိုက်ပွဲဝင်သွားပါမယ်။ မရှင်းမလင်းလုပ်နေတဲ့သူတွေအတွက် ကျနော်တို့ရဲ့အသံတွေ တစုံတရာမှ ရှိမှာမဟုတ်ဘူး ဆိုတာကိုတော့ တိတိကျကျပြောချင်ပါတယ်။ ကာယကံရှင်တွေက သူရဲဘော ကြောင်စွာ ဆက်လက် ငြိမ်သက်နေမယ် ဆိုရင်တော့ ကြိုတင်သတိပေးလိုက်ပါရစေ။ တတိယအဆင့်မှာ မုန်တိုင်း ကို ပို ဖြတ်ကြရပါလိမ့်မယ်။ ပိုပြီးအရှက်တကွဲအကျိုးနဲမဲ့ဖြစ်ရပ်တွေကို ကြုံတွေ့ကြရပါလိမ့်မယ်။

မကောင်းဆိုးဝါးတကောင်ရဲ့ အသံ
“ရော်နယ်အောင်နိုင် ရဲ့ အသံကို ကြားရတိုင်း ပါဂျောင်စခန်းမှာ ညှင်းဆဲ နှိပ်စက်ခံရတဲ့ အသံတွေကို ကြားနေရတယ်၊ သူ့အသံမှာ မကောင်းဆိုးဝါးတကောင်ရဲ့ အခိုးအငွေ့တွေ ရိုက်ခပ်နေတယ်” လို့ အသက်မသေပဲ ပြည်တွင်းကို ပြန်ရောက်သွားတဲ့ ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတွေက ရင်ဖွင့်ပြလေ့ရှိကြတယ်။ တကယ်တော့ ရော်နယ်အောင်နိုင် ဆိုတဲ့သူဟာ လွန်ခဲ့တဲ့အနှစ် (၂၀) လောက်က မြောက်ပိုင်းဒေသမှာ မတရားသဖြင့် စွပ်စွဲ သတ်ဖြတ် ခဲ့တဲ့ အစုလိုက်အပြုံလိုက် လူသတ်မှုတွေကို လူတွေမေ့ပျောက်လောက်ပြီ လို့ ထင်နေသလားမသိပါဘူး။ အသံလွှင့်ဋ္ဌာနတွေနဲ့ အင်တာဗျူးတဲ့အခါတိုင်း လူတတ်ကြီး လုပ်ပြီး သတိလက်လွတ် ပြောဆိုလေ့ရှိတယ်။ သူ့ရဲ့ အင်တာဗျုးတခုကတော့ မြောက်ပိုင်းဒေသမှာ ဒဏ်ရာအနာတရဖြစ်ခဲ့တဲ့ သူတွေအားလုံးကို မီးတောက်လောင်၊ ဒေါသထွက်စေခဲ့တယ်။ မှတ်မှတ်ရရ၊ ၂၀၀၆ ခုနှစ်မှာ လူသတ်သမား သံချောင်းတယောက် စစ်အစိုးရဆီကို လက်နက်ချပြီး ဝင်သွားတဲ့အခါ စစ်အစိုးရက သံချောင်းရဲ့ လူသတ်မှု၊ ရာဇဝတ်မှုတွေအတွက် သေဒဏ် (၅) ခါ ချမှတ်ခဲ့တယ်။ ရော်နယ်အောင်နိုင်ကို ABSDF ( မြောက်ပိုင်း) နဲ့ ပတ်သက်ပြီး၊ အင်တာဗျုးလုပ်သူက မေးခွန်းတခု မေးတဲ့အခါ၊ သူက လူတတ်လုပ်ပြီး၊ “ ABSDF မှာ ရန်သူ့သူလျှို လို့ ယူဆသူအားလုံးကို သတ်ပစ်ရမယ် ဆိုတဲ့ မူ ရှိတယ်” လို့ ဖြေကြားခဲ့တယ်။ အထဲမှာ နားထောင်လိုက်ရတဲ့ ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတွေက သူ့ရဲ့အမေးအဖြေကို နားထောင်ပြီး ပါဂျောင်ဒေသဆီက မချမဆန့်အန်ထွက်လာတဲ့ ရဲဘော်သူငယ်ချင်းတွေရဲ့ အော်သံတွေကို နာနာကျင်ကျင် ခံစားလိုက်ကြတယ်။ ရော်နယ်အောင်နိုင် ဆိုတဲ့သူက လူသတ်မှုကို မိန်ရည်ရှက်ရည်ထောက်ခံ ပြောဆိုနေတုံးပါလား ဆိုတာ နားလည်သဘောပေါက်လိုက်ကြတယ်။ ရော်နယ်အောင်နိုင်က ဘာလို့ ထင်ယောင်ထင်မှားကမ္ဘာမှာ ကိုယ့်ဘာသာလိမ်ချင်နေရတာလဲ။ တကယ်ဆို ထွန်းအောင်ကျော် ဆိုတဲ့ပုဂ္ဂိုလ်ဟာ မန္တလေးကတည်းက ရင်းနှီးကျွမ်းဝင် ခဲ့တဲ့သူဖြစ်သလို၊ ထောက်လှမ်းရေးမဟုတ်ကြောင်း သက်သေပြခဲ့တဲ့ဖြစ်ရပ်တွေကိုလည်း ကြုံတွေ့ခဲ့ရဘူးတယ်မို့လား။
ရန်သူ့သူလျှိုတွေဟာ ကျောင်းသားတပ်မတော်ကို ဖြိုခွဲဖို့အတွက် အဆိပ်တွေ ခိုးယူလာခဲ့ပါတယ် လို့ စွပ်စွဲခဲ့တယ်။ ကျောင်းသားတွေကို ဖမ်းဆီးနှိပ်စက်တယ်။ အဆိပ်ရှာမတွေ့တော့ လက်ဖြတ်တယ်။ ခန္ဓာကိုယ်ကို မီးရှိှု့တယ်။ ရက်စက်မှုပေါင်းစုံကျူးလွန်ခဲ့ပြီး ခေါင်းဖြတ်သတ်ခဲ့ကြတယ်။ ABSDF (NB) စစ်ကြောရေးခေါင်းဆောင်တွေ ကျောင်းသားတွေထံမှာ ၊ ရှာမတွေ့ခဲ့တဲ့ အဆိပ်တွေက သတင်းထောက်တွေရှေ့မှာလည်း ရောက်ရော့ ဘာကြောင့် အရံသင့်ထုတ်ပြထားတဲ့ သက်သေခံ ပစ္စည်းတွေဖြစ်နေရတာလဲ။ တတ်လည်းတတ်နိုင်ကြလေရဲ့။ ဒါပေမဲ့ ဒါတွေဟာ ကိုယ့်ရှူးကိုယ်ပတ်မဲ့ ထောက်ကွက်တွေဖြစ်လာခဲ့ပြန်တယ်။

သက်သေပြချက်တွေ ရှိခဲ့ပေမဲ့
တကယ်တော့ ထောက်လှမ်းရေးလို့ စွပ်စွဲခံရတဲ့ကျောင်းသားတွေဟာ ထောက်လှမ်းရေးမဟုတ်ကြောင်း သက်သေပြခဲ့ ကြတဲ့ ရဲမေ၊ ရဲဘော်တွေရှိကြပါတယ်။ ဒီ အထဲက အထင်ရှားဆုံး သက်သေပြပါဆိုရင် ရဲမေ “သင်းသင်းညီ” ပဲ ဖြစ်ပါတယ်။ ABSDF ( မြောက်ပိုင်း) ရဲ့ခေါင်းဆောင်တယောက်ဖြစ်တဲ့ မျိုးဝင်းက သူတို့ဖမ်းထားတဲ့ ရဲမေတွေကို ထောက်လှမ်းရေးဟုတ်ဟုတ် သေသေချာချာ စစ်မေးနိုင်ဖို့အတွက်၊ “သင်းသင်းညီ” ဆိုတဲ့ ရဲမေလေး ကိုလည်း ဖမ်းဆီးချင်ယောင်ဆောင်ပြီး၊ သူတို့ဖမ်းထားတဲ့ “ ရန်သူ့ထောက်လှမ်းရေး” လို့ စွပ်စွဲခံရသူတွေအထဲကို ထည့်ထားပေးလိုက်တယ်။ “သင်းသင်း” လည်း အဖမ်းခံရတဲ့သူတွေနဲ့ ရက်အတော်ကြာ၊ အတူသွားနေလိုက်ပြီးတဲ့နောက် သဘောပေါက်သွားတယ်။ “သူတို့ဟာ ထောက်လှမ်းရေးတွေ မဟုတ်ဘူး။ စစ်အစိုးရကို တကယ်ဆန့်ကျင်ဖို့ လက်နက်ကိုင်နယ်မြေထဲကို ထွက်လာတဲ့ ကျောင်းသား၊သူ အစစ်အမှန်တွေဖြစ်တယ်” လို့ ABSDF ခေါင်းဆောင် မျိုးဝင်း ဆီကို ရှင်းပြခဲ့တယ်။ မျိုးဝင်း ဆိုတဲ့ကောင်က “ မဟုတ်ဘူး” ဆိုတဲ့ အဖြေကို မလိုချင်ဘူး။ “ သူတို့ဟာ ထောက်လှမ်းရေးတွေဖြစ်တယ်” ဆိုတဲ့ အဖြေကိုသာ လိုချင်သူဖြစ်တော့၊ “သင်းသင်းညီ” ရဲ့ စကားကို လက်မခံဘူး။ “သင်းသင်း” လည်း ထောက်လှမ်းရေးလို့ စွပ်စွဲခံရတဲ့ ကျောင်းသူတွေနဲ့အတူရောပြီး နှိပ်စက် ညှင်းပမ်းခံခဲ့ရတယ်။

အရိပ်တွေလိုက်လာပြီ
ရော်နယ်အောင်နိုင်က ၂၀၀၈ မတိုင်ခင်မှာ လန်ဒန်မြို့က ဘီဘီစီမြန်မာပိုင်းဆီကို အမြဲတမ်းဝန်ထမ်းအဖြစ် လုပ်ကိုင်ဖို့ ရောက်လာခဲ့တယ်။ သူရဲ့ အသံကို ကြားတိုင်း ငရဲကျနေသလို ခံစားနေရတဲ့ ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းတွေ ကလည်း ရော်နယ်အောင်နိုင် ကို တခုခု ပြန်တုန့်ပြန်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အော်စတြေရီးယားမှာ အခြေချနေတဲ့ “နန်းအောင်ထွေးကြည်” က ဘီဘီစီ မြန်မာပိုင်း ဋ္ဌာနမှူး၊ ဒေါ်တင်ထားဆွေကို ဖုံးဆက်ပြီးပြောတယ်။ “ အန်တီ တို့ ဘီဘီစီ ဋ္ဌာန က သတင်းထောက်တွေအနေနဲ့ ကျောင်းသားတပ်မတော်မြောက်ပိုင်း မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို မကြားမိဘူးလား။ ကိုအောင်နိုင် နဲ့ ပတ်သက်တဲ့အရာတွေအကြောင်း ပြန်စုံစမ်းသင့်တယ်။ သတင်းထောက်ဆိုတာ ဘက်မလိုက်ဘူး လို့ သေချာရင် ဒီကိစ္စကို အလေးအနက်ထားသင့်တယ်- ဘာညာ ဆိုတာတွေကို ကောင်းကောင်းမွန်မွန် ဆွေးနွေးတယ်။ ဒေါ်တင်ထားဆွေက “ ကိုအောင်နိုင် နဲ့ ပတ်သက် လို့ ဘယ်သူမှ စောတက မတက်ပါဘူး။ မငယ် တယောက်တည်း တက်လို့လည်း သူ့ကို ရာထူးခန့်ထားရာကနေ ဖယ်ပစ်ဖို့ မဖြစ်နိုင်ဘူး ” ဆိုတဲ့ သဘောမျိုး တုန့်ပြန်တယ်။ နန်းအောင်ထွေးကြည်ကလည်း “ ဒါဆိုလည်း ရပါတယ် အန်တီ” ဆိုပြီး နောက်ထပ်တဆင့် တက်လိုက် တယ်။ ပြည်တွင်းက ကျောင်းသားတပ်မတော်ရဲဘော်တွေရဲ့ တိုင်စာတွေ ဘီဘီစီ မြန်မာပိုင်းဋ္ဌာဆီကို ရောက်လာတယ်။ ဒါပေမဲ့ မြန်မာပိုင်းဋ္ဌာနမှူး ဒေါ်တင်ထားဆွေက ရော်နယ်အောင်နိုင် အပေါ် အရေးယူမှုလုပ်ဖို့ မစတင်သေးပဲ “ ဘယ်လိုလုပ်လိုက်တာလဲ” ဆိုတဲ့ စိတ်အနှောက်အရှက်ဖြစ်တဲ့လေသံနဲ့ မေးခွန်းထုတ်လာတယ်။ ဘီဘီစီ မြန်မာပိုင်း ဋ္ဌာနဆီမှာ ပို့ထားတဲ့ တိုင်စာတွေအားလုံးကို နောက်ထပ် ပုဂ္ဂိုလ်တယောက်ဆီ ထပ်ပို့လိုက်တယ်။ ဘီဘီစီ ဋ္ဌာန ရဲ့ ဒါရိုက်တာ ဆီကို ဖြစ်တယ်။ ဘီဘီစီ သတင်းဋ္ဌာနရဲ့ ဒါရိုက်တာက၊ မြန်မာပိုင်းဋ္ဌာနမှူး ဒေါ်တင်ထားဆွေကို ခေါ်ပြီး မေးမြန်းခံရတော့မှ၊ ရော်နယ်အောင်နိုင် တယောက်လည်း ဘီဘီစီ ဋ္ဌာန ကို စွန့်ခွာလိုက်ရတော့တယ်။ အံ့သြဖို့ကောင်းတာက ကာယကံရှင်တွေရဲ့ထွက်ချက်တွေ၊ မြောက်ပိုင်းဒေသရဲ့ သတ်ဖြတ်မှုတွေအကြောင်းတွေကို စာတမ်းတွေရေးသားပေးပို့ခဲ့ပေမဲ့၊ ၂၀၈ နောက်ပိုင်းမှာထိ၊ ဘီဘီစီ က ဦးမောင်မောင်သန်း လို ပုဂ္ဂိုလ်တွေဟာ ရော်နယ်အောင်နိုင် ကို အင်တာဗျုးလုပ်နေဆဲပဲဖြစ်တယ်။ စာတမ်းတွေကို သေသေချာချာ မဖတ်တာလား။ ဋ္ဌာနမှူးဆီက မဖတ်ရတာလား။ ဒါမှမဟုတ် မတရားသဖြင့် သတ်ဖြတ်ခံရတဲ့ ကျောင်းသားတွေဘက်က သားသမီးချင်း ကိုယ်ချင်းစာနာ စိတ်မရှိတာလား ဆိုတဲ့အချက်ကိုတော့ ကာယကံရှင်တွေမှ သိလိမ့်မယ်။
သတင်းသမားတွေရဲ့ ရပ်တည်ချက်အတွက် စိတ်မကောင်းစရာ ပဲ လို့ ပြောယုံမှတပါး ဘာမှ မရှိပါ။

ဘီဘီစီ- မြန်မာပိုင်း ဆီကို စာပို့ခဲ့တဲ့ သင်းသင်းညီ ရဲ့ လက်ရေးမူ ကို ပူးတွဲတင်ပြပေးလိုက်ပါတယ်။ သူမ ရေးခဲ့တဲ့ အချက်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။

၁၈ စက်တင်ဘာ၊ ၂၀၀၈
သို့
ကျမနာမည် သင်းသင်းပါ။ လွန်ခဲ့သော (၁၀) နှစ်ကျော် ကာလက ABSDF ( NB) ရဲ့ အဖွဲ့ဝင်တဦးပါ။ BBC မြန်မာပိုင်း အစီအစဉ် ဋ္ဌာနမှ ကိုအောင်နိုင် အား အမြဲတမ်း ဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းကို ပြန်လည် စဉ်းစားစေလိုပါသည်။
ကိုအောင်နိုင် သည် ABSDF ( NB ) တွင် အထွေထွေ အတွင်းရေးမှူး အနေဖြင့် တာဝန်ယူစဉ်ကာလတွင်၊ ဖြစ်ပွားခဲ့သော ပြဿနာများကို ပြန်လည်ပြီး သုံးသပ်စေချင်ပါသည်။ ထိုစဉ်က ABSDF (NB) မှ ရဲဘော်ရဲမေများကို ထောက်လှမ်းရေးဟု စွပ်စွဲပြီး၊ ဖမ်းဆီးသော အကွဲအပြဲ ပြဿနာများတွင် ကျမကို ABSDF (NB) မှ တွဲဘက် အထွေထွေ အတွင်းအရေးမှူး မျိုးဝင်းမှ ၊ ဖမ်းဆီးခြင်းဟန်ဆောင်ပြီး အကျဉ်းသားများကြားတွင် စုံစမ်းစေခဲ့ပါသည်။
ကျမက “အားလုံးထောက်လှမ်းရေးမဟုတ်” ဟု ဆိုသောအခါ၊ တွဲဘက်အထွေထွေ အတွင်းရေးမှူး မျိုးဝင်းမှ ၊ ကျမကို “သေချာရှာပါ ရှိကိုရှိတယ်” ဆိုပြီး ဆက်လက် ခိုင်းစေခဲ့ပါသည်။ ကျမကိုလည်း မျိုးဝင်းတို့ ခိုင်းထားသော လူမှန်းမသိ သောကြောင့်၊ စစ်ကြောရေးမှာ၊ ကျမကိုယ်တိုင် ရင်ဘတ်ထဲတွင် ကျင်စက်နှင့် တို့ကာ အနှိပ်စက် ခံခဲ့ရပါတယ်။ ထို့နောက် ကျမက “ဒီလိုမျိုး မနေနိုင်ဘူး သတ်ရင်လည်း သတ်” လို့ ပြောသောအခါမှ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အားလုံးထောက်လှမ်းရေး မဟုတ်ဟူသော ကျမ၏ ပြောဆိုချက်ကို လုံးဝလက်မခံပဲ၊ ညှင်းဆဲ သတ်ဖြတ်မှုများကို တရားမဲ့စွာ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ အကျဉ်းထောင်ထဲတွင် ကျမကိုယ်တိုင်လည်း ညှင်းဆဲမှုများကို မတရားသဖြင့်ခံခဲ့ရပါသည်။ ထောက်လှမ်းရေးမဟုတ်ပဲ သတ်ဖြတ်ခြင်းခံခဲ့ရသူများမှာ၊ သမိုင်းကြောင်းအမှန်ကို ပြန်ပြောရန်မတတ်နိုင်တော့ပါဘူး။ ကံကောင်းထောက်မစွာ ကျန်ခဲ့တဲ့ ကျမက သေဆုံးသွားတဲ့ အကိုကြီး ကိုထွန်းအောင်ကျော် ( ဥက္ကဋ္ဌ) ABSDF ( NB) နှင့် သူငယ်ချင်းရဲဘော်ရဲဘက်များကိုယ်စား ပြောရခြင်း ဖြစ်ပါသည်။ အသက်ရှင်ကျန်ပြီး ပြည်တွင်းပြန်ရောက်လာတဲ့ စွပ်စွဲခံရသူများထဲတွင် နိုင်ငံရေးလှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင် နေသည့်အတွက်၊ ထောင်ကျ နေသူများ၊ ထွက်ပြေးတိမ်းရှောင်နေသူများ၊ အများအပြားပင် ရှိနေသည့်အတွက်၊ ယ္ခုတဖန် ကိုအောင်နိုင်၏ အင်တာဗျူးများကို သိရှိရသည့်အခါ၊ ထိုသူများအစား ကျမရင်နာမိပါသည်။ ထိုကဲ့သို့ နောက်ခံသမိုင်းကြောင်း ကောင်းစွာရှင်းလင်းခြင်းမရှိသူအား၊ BBC မှ ဝန်ထမ်းခံရန် သင့်မသင့်ကို ပြန်လည်ပြီး စဉ်းစားစေချင်ပါသည်။
သင်းသင်း
ABSDF (NB) ရဲမေဟောင်း
မှတ်ချက်- ABSDF (NB) ဆိုတာ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ကို အတိုကောက်ရေးထားခြင်းဖြစ်ပါတယ်။
ခုတော့ ရဲမေ “သင်းသင်းညီ” က ဗမာပြည်ထဲမှာ ပြန်ရောက်နေပါတယ်။ ကျောင်းသားတပ်မတော်မြောက်ပိုင်းမှာ မတရားသဖြင့်စွပ်စွဲ သတ်ဖြတ်ခံရတဲ့ ကျောင်းသားတွေအတွက် ရည်ရွယ်ပြီး တေးသီချင်းတွေ သီဆိုထုတ်လုပ်ဖို့ အတွက် လုပ်ဖေါ်ကိုင်ဘက်တွေနဲ့အတူ ပြင်ဆင်နေပါတယ်။ ထွက်လာရင်လည်း အားပေးလိုက်ကြပါအုံး လို့ နိုးဆော်လိုက်ပါရစေ။

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ -အပိုင်း (၇) - မှာ နောက်ထပ် ကျောင်းသားတပ်မတော်ရဲဘော်၊ သက်သေ တယောက်ရဲ့ စာ ကိုတင်ပြပေးပါမယ်။
ခင်မင်လေးစားလျှက်
အောင်မိုးဝင်း

Thursday, January 19, 2012

လိုင်စင်တောင် ပါဂျောင်စခန်းမှ ရင်နင့်ဘွယ်ဖြစ်ရပ်များ ( ထင်လင်းအောင် ၏ အစီရင်ခံစာ) ( နိဂုံးအပိုင်း )


လိုင်စင်တောင် ပါဂျောင်စခန်းမှ ရင်နင့်ဘွယ်ဖြစ်ရပ်များ ( ထင်လင်းအောင် ၏ အစီရင်ခံစာ) ( နိဂုံးအပိုင်း )


ရန်ကုန်က ပြည့်စိုးနိုင်ဆိုရင် ကျင်ချောင်းကို ကျင်စက်တပ်ပြီး ရှော့ရိုက်တာခံရလို့
ပွဲချင်းပြီးဘဲ။ အောင်မိုးကတော့ ထောင်ထဲမှာ ကြိုးဖြုတ်တယ်ဆိုပြီး မီးဒုတ်နဲ့လက်ဖျန်ကို
တနေရာတည်းထပ်ကာထပ်ကာ ရိုက်ကြတဲ့အတွက် အတွင်းကြေကြေပြီး ပုပ်စောနံလာ
ကာ လက်ဖြတ်လိုက်ရပါသည်။ တရုတ်ပြည် ရင်ခြမ်းကနေတောခိုလာတဲ့ ရာကွတ်ဘိုင်ကို
လည်း ထောင်ထဲမှ ကြိုးဖြုတ်ဖို့ စွပ်စွဲပြီး လက်ဖျန်ကို ဒါးဦးနဲ့ထောက်ပြီးလှုည့်သွင်းတာပေါက်
ထွက်သွားပြီး သွေးအများကြီးထွက်လို့ နောက်နေ့မှာ သေဆုံးသွားပါသည်။
ဇော်ဝင်းချစ် (ဗန်းမော်) ကို အမ် ၂၀ သေနတ်နဲ့ မျက်နှာကိုရိုက်နှက်ပြီး နားရွက်ကို
ကိုတိုင်မှာကပ်ပြီး ဒါးဦးနဲ့ထိုးဖောက်တဲ့အပြင် နားခေါင်းကိုသံချိပ်နဲ့ ချိပ်ဆွဲပြီး ခြေဖျားထောက်
တဲ့အနေအထားထိ ဆွဲတင်ကာချီထားပါသည်။ ဒါတင်မကသေးပဲ ပါးစပ်ကိုဟခိုင်းပြီး ၀ါယာ
ကြိုးကိုကိုက်ခိုင်းထားကာ လျှပ်စစ်လွှတ်တဲ့အတွက် နေရာမှာပွဲချင်းပြီးသေးပါရော။ တင်မောင်
အေး (ခ) အားစိုက် (ကသာ)၊ ဌေးဝင်းမြင့်တို့ နေမကောင်းသဖြင့် KIA ဆေးရုံတက်နေရာက
ရောဂါပျောက်ပြီ လာခေါ်ပါဟု ဖုန်းဆက်အကြောင်းကြားရာ တဖက်ကနားထောင်သူက
ပျောက်သွားတယ်ဟုကြားသဖြင့် သေဒဏ်အမိန့်စာထုတ်ပြီး လိုက်ရှာရာ ဆေးရုံမှာတွေ့ရတာ
ကို ပြန်ခေါ်လာပြီး လမ်းမှာပင်သတ်ပစ်လိုက်ပါသည်။
စစ်သင်တန်းဆရာလေး ၀င်းအောင် ဗန်းမော်မှာတိုက်ပွဲဖြစ်နေI စခန်းမှာအစောင့်
ထားခဲ့ရာ စစ်တပ်ကသတ်ပစ်ပါသည်။ နန်းအောင်ထွေးကြည်၊ ကိုထွန်းအောင်ကျော်၊ ကိုချို
ကြီးတို့သုံးယောက်မက လက်ဝါးကပ်တိုင်မှာ ကြိုးတုတ်ခံရသည်။ ရိုးရိုးမဟုတ်ပါ ခင်ချိုဦးနှင့်
အတူ အလွန်အေးပြီးရေခဲနေတဲ့နေရာမှာ ကိုယ်တုံးလုံးနှင့် ထားပါသည်။ နှိပ်စက်မှုမျိုးစုံကို
တော့ ကုန်ဆုံးအောင် မဖော်ပြနိုင်တော့ပါ။
နန်းစောဆိုသူမိန်းခလေးကတော့ မိန်းမတံဆာထဲကို နံပ်တ်ဒုတ်နှင့်ထိုးထဲ့သဖြင့်
သားအိမ်ကွဲသွားပြီး တသက်လုံးဝေဒနာခံစားနေရပါ၏။
ညီညီကျော် (ခရိုင်မှူး၊ မန္တလေး ကို ဆွဲခေါ်သွားကြပြီး ၃ ရက်အကြာမှာတော့ပျောက်
သွားပါသည်။ ရဲလင်း (ခရိုင်မှူး၊ ရန်ကုန်) ညှင်းပမ်းနှိပ်စက်မှုမျိုးစုံခံနေရသည်ကို မိဘများသိ
ရှိကာ လိုက်လာပြီး ခံဝန်ဂတိပေးကာခေါ်သွားပါသည်။ ၀ဏ္ဍဇော်(ရန်ကုန်)၊ ဘိုဘို(ရန်ကုန်)၊
အောင်ကျော်စိုး (သာယာဝတီ)၊ ညီညီ (မန္တလေး) တို့အားလုံး မိဘများလာရောက်ခံဝန်ဂတိ
ထိုးကားပြန်ခေါ်သွားကြသည်။ နန်းအောင်ထွေးကြည်ကို KIA မှအာမခံကာခေါ်သွား၏။
ကိုထွန်းအောင်ကျော်ကိုတော့ သံချောင်းကိုမီးဖုတ်ပြီး ဒူးခေါင်းကိုထိုးတဲ့အတွက်
လမ်းကောင်းကောင်းမလျှောက်နိုင်တော့ပါ။ သို့နှင့်အားမရသေးဘဲ အဆိပ်နဲ့ဆက်သွယ်ရေး
စက်တောင်းပြန်ပါသည် ကိုထွန်းအောင်ကျော်က ကျနော့်မှာမရှိဘူးလို့ပြောတော့ မရဘူး။
ကိုထွန်းအောင်ကျော်က အချိန်ဆွဲပြီး သူ န၀တ သူလျှိုမဟုတ်ဘူးဆိုတာကို KIA နားလည်
အောင် ကျိုးစားပေမယ့် KIA က မကာကွယ်ဘဲ မသိယောင်ဆောင်နေခဲ့ပါသည်။
ကိုထွန်းအောင်ကျော်ကို နှိပ်စက်ပုံမှာ ကိုထွန်းအောင်ကျော် လမ်းနည်းနည်းလျှောက်
နိုင်မှန်းသိတော့ လှေခါးက၀ါးတွေကိုပြောင်းပြန်လုပ်ထားသည်။ အဲဒီအပေါ်ကို ဖင်ဒရွတ်ဆွဲ
ပြီးတက်နေတဲ့ ကိုထွန်းအောင်ကျော်ကို ကန်ချလိုက်တော့ ဒလိန့်ခေါက်ခွေးကျသွားပါသည်။
ဝါးငုတ်တွေပေါ်ကျတဲ့ ဒဏ်ရာကြောင့် အိပ်ယာပေါ်ကမထနိုင်တော့ပါ။ သူ့ညီရဲ့လက်ကောက်
ဝတ်ကိုဖြတ်ပြီး ပါးစပ်ထဲမှာကိုက်ခိုင်းထား၏။ ကျနော်ငိုချင်လာတဲ့အထိ ရင်ထဲမှာထိခိုက်စွာခံ
စားရပါသည်။ အားလုံးမြင်နေရပေမယ့် ကိုယ်တိုင်လည်း အနှိပ်စက်ခံနေရကြရာမို့ တယောက်
ကိုတယောက် မကယ်နိုင်ကြပါပေ။နောက်ဆုံးမှာ ကိုထွန်းအောင်ကျော်က အားလုံးထောက်
လှမ်းရေးမဟုတ်ပါဘူး ကျနော်တယောက်တည်းသာထောက်လှမ်းဖြစ်တယ်လို့ပြောပြီအသက်
ပေးသွားပါသည်။ မျိုးဝင်းကိုယ်တိုင် ကိုထွန်းအောင်ကျော်ကို ဒါးနဲ့ခုတ်သတ်လိုက်တာပါ။
ကိုထွန်းအောင်ကျော်ကို အလွန်လေးစားမိပါသည်။ ကျနော်မသေးသမျှ အမှန်တရားတွေကို
ဖော်ထုတ်ပါမည်ဟု သံဓိဌာန်ချထားပါသည်။
ချိုကြီးကိုစစ်ဆေးတာကတော့ ကတ်တရာလိပ် (ရင်ဘောင်ခြမ်း) ကို စက္ကူပတ် မီးရှို့
ပြီး ဗိုက်ပေါ်တင်စစ်ဆေးပါသည်။ မသေခင်တရက်မှာ ညီအကိုနှစ်ယောက်ကို တပြိုင်တည်း
ခေါ်ပြီး ချိုကြီးရဲ့ညာဘက်လက်ကောက်ဝတ်ကိုဖြတ်ပြီး လက်ဖ၀ါးကိုဒါးဦးချွန်နဲ့ထိုးကာ အကို
ဖြစ်သူ ကိုထွန်းအောင်ကျော်ရဲ့ ပါစပ်ထဲကိုထဲ့ပြီး ကိုက်ခိုင်းထားပါသည်။ လက်သဲခွန်ထဲကိုသံ
ချောင်းတွေရိုက်ထဲ့ထားပါသည်။
မင်းသိန်းကတော့ အချုပ်ထဲမှာဘဲ လှမျိုးအောင်ကနံချပ်ကူနဲ့ရိုက်လို့သေသွားသည်။
ဂမ်မဏိအလင်းပြန်ဝင်သွားသည်ကို ဗဟိုကလိုက်သတ်တော့ သူ့အဖေကိုသာတွေ့လို့ အဖေ
ကိုသတ်ပစ်ခဲ့ကြောင်း သိရပါသည်။ ဦးမိုးလည်း အလင်းပြန်ဝင်တာသိလို့ အသတ်ခံရပါသည်။
မောင်မောင်ကြွယ် (ဒေါ်ချိုချိုကျော်ငြိမ်းမွေးစားသား) ကတော့ ဖမ်းဆီးအနှိပ်စက်ခံရပြီး ၁၉၉၂
ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာအဖမ်းခံရသူတွေထဲမှာ ၁၄ယောက်ကိုရွေးထုတ်ကာသတ်
ပစ်ကြပါသည်
၁။ ကိုထွန်းအောင်ကျော်
၂။ ကိုချိုကြီး (မန္တလေး)
၃။ ကိုလှမြင့်(တပ်ကုန်း)
၎။ ကိုရန်အောင်(ရန်ကုန်)
၅။ ဗိုလ်သာဓု(ရန်ကုန်)
၆။မောင်မောင်ကြွယ်(ရန်ကုန်)
၇။အောင်ဖိုး(ရန်ကုန်)
၈။တပ်ကြပ်ဌေးမြင့်ဝင်း(ရန်ကုန်)
၉။ ခင်ချိုဦး(မန္တလေး NLD)
၁၀။ တပ်ကြပ်ကြီး တူးတူး(မြစ်ကြီးနား)
၁၁။တပ်ကြပ်ကြီးသောင်းမြင့်(စစ်ကိုင်း)
၁၂။ကျော်ကျော်မင်း(မုံရွာ
၁၃။အေးမြင့်
၁၄။ သက်နိုင်(ရန်ကုန်)
အားလုံးကို ငါးယောက်တကျင်းမြှုပ်ပြီး ခင်ချိုဦးက တကျင်းဖြစ်ပါသည်။သေသွားသည်ကို
ပင် မိန်းမအင်္ဂါထဲ ဒုတ်ထဲ့ပြီးမြှုပ်ပါသည်။
ဗဟိုမှ တတိယအကြိမ်စည်းရုံးရေးအတွက် လာရောက်သူဒေါက်တာ
နိုင်အောင် (ယခု NDD) နှင့်အတူ လှဌေးလည်းပါလာပါသည်။ဒေါက်တာနိုင်အောင်က ကျနော်တို့
အချုပ်ခန်းကိုလာကြည့်ရာ အချုပ်ခန်းရှေ့ဝါးခင်းပေါ်ခြေထောက်တင်ပြီး “ဒီကောင်တွေသတ်ပစ်
လိုက် ငါတာဝန်ယူတယ်”ဟုအမိန့်ပေးရင်းသခင်အားရ ကျွန်ပါးဝ လုပ်သွားပါသည်။ သူ ဥက္ကဌ
ဖြစ်ရေးကို အရေးထားပြီး မဲပေးမည့်ဗဟိုကော်မတီဝင်တွေကို မျက်နှာလိုမျက်နှာရလုပ်သွားခြင်းပါ။
ရဲဘော်များအပေါ် စာနာစိတ်မရှိသူဖြစ်ပါသည်။
တတိယအကြိမ် ညီလာခံမှာ အရှက်နည်းစွာဖြင့် ဥက္ကဌတာဝန်ရရှိသွားခဲ့ပါသည်။နောက်
ပိုင်းတွင်လည်း ABSDFတောင်ပိုင်းအထိ အဲဒီထောက်လှမ်းရေးဆိုပြီး ဖမ်းတဲ့ရောဂါပို ပျံ့နှံ့သွားခဲ့ပါ
သည်။ ဒီလုပ်ရပ်များက ဗကပ ၏ဖြုတ်ထုတ်သတ်ထက် ABSDF ကအပုံကြီးသာသွားပါသည်။ ဒါ
ကြောင့် ABSDF ဟာနိုင်ငံရေးမှာ တ၀က်လောက်ရှုံးနိမ့်ခဲ့ရပြီးနောက်ပိုင်းတက်လာတဲ့ ဥက္ကဌတွေ
အနေနဲ့ ခုချိန်ထိ ဒီဒဏ်ကိုခံနေရစဲပါ။
ကချင်ပြည်နယ်တွင် န၀တထောက်လှမ်းရေးဟု စွပ်စွဲခြင်းခံရသူများစာရင်း
၁။ ထွန်းအောင်ကျော် - မန္တလေး - (သေဆုံး)
၂။ ချိုကြီး ။ ။
၃။ ညီညီ
၎။ ရာပြည့် (ခ) ခင်မောင်တင့်
၅။ စိန်ဝင်း (သေဆုံး)
၆။ ထိန်လင်း - ရန်ကုန်
၇။ လွင်မင်းသန့် (ထိန်လင်း) - မန္တလေး
၈။ ကိုဇင်
၉။ ညီညီကျော်
၁၀။ နိုင်ဝင်းအောင်
၁၁။ ရဲလင်း - ရန်ကုန်
၁၂။မောင်မောင်ကြွယ် (သေဆုံး)
၁၃။ မိုးကျော်သူ
၁၄။ ၀ဏ္ဍဇော်ခင်
၁၅။ နန်းအောင်ထွေးကြည် (မငယ်)
၁၆။အောင်ကျော်ဦး
၁၇။ ကိုအုံးကြိုင်
၁၈။အောင်ကျော် (သေဆုံး)
၁၉။ကျော်နိုင်ဦး
၂၀။ဇော်မိုး
၂၁။ကျော်စွာဝင်းမောင်
၂၂။ တိုးကြည်
၂၃။အောင်ကျော်မြင့် (သေဆုံး)
၂၄။မောင်မောင်
၂၅။ သက်တင်
၂၆။အောင်နိုင်
၂၇။ ဆန်းမြင့်ကိုကို
၂၈။ ဒိုတာ
၂၉။ တင်လွမ်းမိုး
၃၀။ စည်သူထွန်း
၃၁။ ကံမြင့်ဦး
၃၂။ကျော်မျိုး
၃၃။ လှဝေ
၃၄။ နိုင်လင်း
၃၅။ အားစိုက် (တင်မောင်အေး) -သေဆုံး
၃၆။အောင်ကိုး ။

၃၇။ မိုးဇော်အောင် ။
၃၈။အောင်မိုး ။
၃၉။ကျော်ဝေ ။
၄၀။ကျော်ကျော်ဦး (မုံရွာ) ။
၄၁။ကျော်ကျော်မင်း ။
၄၂။ ဦးသောင်းမြင့် ။
၄၃။ ဦးစိန် ။
၄၄။ကျော်ကျော်ဦး (တဇယ်) ။
၄၅။ ဦးမိုး
၄၆။ သန့်စင်မိုး (အီနွတ်)
၄၇။ ထွန်းဇံ
၄၈။ကျော်ဇင်ထွန်း
၄၉။မောင်မောင်ခင်
၅၀။ မိုးဆန်း
၅၁။မောင်မောင် -သေဆုံး
၅၂။ကျော်ကျော်ဦး(ကသာ) ။
၅၃။ ၀င်းမြင့်
၅၄။အောင်မွန်
၅၅။ ဟန်ဝင်းအောင်
၅၆။ဇော်ထွန်း
၅၇။ နိုင်အောင် PSLP
၅၈။ သိန်းနိုင်ချို
၅၉။ စိုးလေး
၆၀။မြင့်သိန်း
၆၁။ ထိန်လင်း (ဘောကြီး)
၆၂။ သာဓု (သေဆုံး)
၆၃။ ခင်ချိုဦး -သေဆုံး
၆၄။ တူးတူး (မိုးညှင်း)
၆၅။ နန်းစော
၆၆။ ဥတည်ဘွား
၆၇။ ဦးမင်းအောင် -သေဆုံး
၆၈။ တူးတူး (မြစ်ကြီးနား) ။
၆၉။ စံမျိုးအောင် ။
၇၀။ ရန်အောင် ။
၇၁။ မျိုးသန်းဦး ။
၇၂။ သိန်းထွန်း
၇၃။ပြည့်စိုးနိုင် ။
၇၄။ဌေးမြင့်ဝင်း ။
၇၅။ ခင်မောင်ဇော်
၇၆။ စိုးလွင်
၇၇။အောင်ဝင်း
၇၈။ကျော်ကျော်နိုင် (ဘောတလုံး)
၇၉။ပေါ်ဦး
၈၀။ ထွန်းဦးနိုင်
၈၁။ သက်တင်
၈၂။ လှမြင့် -သေဆုံး
၈၃။ ညီညီနိုင်
၈၄။ ခင်မောင်ကြည်
၈၅။ မိုးကြီး
၈၆။ တင့်လွင် -သေဆုံး
၈၇။ကျော်ဌေး ။
၈၈။ ရာကွတ်ဘိုင် ။
၈၉။ ခင်မောင်စိုး ။
၉၀။ဇော်ဝင်းချစ် ။
၉၁။ ၀င်းနောင် ။
၉၂။ ၀င်းသိန်း ။
၉၃။အေးမြင့် ။
၉၄။ဇော်ဝင်းချစ် ။
၉၅။အေးမြင့် ။
၉၆။အောင်မိုး ။
၉၇။ စိုးဝင်းသန်း ။
၉၈။ ဂမ်မလိ (ဖခင်အသတ်ခံရသည်)
၉၉။ စိုးကြိုင် (ပြည်တွင်းမှာအသတ်ခံရသည်)
ကျနော်ရဲ့တင်ပြချက်တွေအားလုံးအမှန်ဖြစ်ကြောင်း တာဝန်ယူပါသည်။
ကျနော့်အနေနှင့်သေဆုံး-အနှိပ်စက်ခံရသူတွေဟာထောက်လှမ်းရေး မဟုတ်ကြောင်း ယခုလို
အနှစ် ၂၀ ကာလမှာ စစ်ဆေးနိုင်ပြီဆိုတာကို တင်ပြချင်ပါသည်။
ထိုအချိန်တွင် တာဝန်ရှိသူများမှာ
၁။အောင်နိုင် (ဥက္ကဌ)
၂။ သံချောင်း (CS) (သာယာဝတီ ထောင်)
၃။ မျိုးဝင်း (BCS) (သေဆုံး)
၎။အောင်ကြီး (ဘဏ္ဍာရေး)
၅။နေဒွန်း (ဦးစီး)
၆။ လှဆိုင်း (ဘဏ္ဍရေး)
၇။ စိန်အေး (စည်းရုံးရေး)
၈။အောင်သန်း (ဘဂျမ်း) ၇၀၁ တပ်ရင်းမှူး
၉။အောင်ဆွေဦး ၇၀၂ တပ်ရင်းမှူး
၁၀။ သိုက်ထွန်းဦး ၅၀၁ တပ်ရင်းမှူး
၁၁။ မိုးနောင်
၁၂။ သက်လင်း
၁၃။ နိုင်စော
၁၄။မောင်ထွေး
၁၅။ သန်းဇော် (မန္တလေး)
၁၆။ လှနူးလ်
၁၇။ ကိန်းမြင့်
၎င်းတို့အပြင် ABSDF ဗဟိုမှဒေါက်တာနိုင်အောင် (NDD) တို့ပင်ဖြစ်ပါသည်။
နောက်ထပ် တာဝန်ရှိသူများစာရင်းကို ထပ်မံတင်ပြလိုက်ပါသည်။
၁။ ထွန်းအောင်ကျော် (ဥက္ကဌ)
၂။ သံချောင်း (ဒု ။ ) စစ်ရေးတာဝန်ခံ
၃။ မျိုးဝင်း ( ။ )တွဲဘက်စစ်ရေးတာဝန်ခံ
၎။အောင်ကြီး (ဘဏ္ဍာရေး)
၅၊အောင်နိုင် (အတွင်းရေးမှူး)
၆။နေဒွန်း (စီးပွားရေးတာဝန်ခံ)
၇။ ဒူဝါလှဆိုင်း (ဘဏ္ဍာရေး)
၈။ တင်မောင်အေး
၉။ ဦးစိန် (နိုင်ငံရေးနှင့်စည်းရုံးရေး)
၁၀။ ညီညီကျော် (ဗန်းမော်ခရိုင်မှူး)
၁၁။ ရဲလင်း (ရွှေဂူခရိုင်မှူး)
၁၂။ ဗဂျမ်း (အောင်သန်း) ၇၀၂ တပ်ရင်းမှူး
၁၃။အောင်ဆွေဦး ၇၀၁ တပ်ရင်းမှူး
၁၄။ စိန်အေး (စည်းရုံးရေး)
အထက်ဖော်ပြပါစာရင်းမှလူများမှာ ABSDF ကချင်(မြောက်ပိုင်း)ကော်မတီဝင်များဖြစ်ကြပြီး
တောင်ပိုင်းမှ လာရောက်တာဝန်ထမ်းဆောင်သူများမှာ
ကျော်ကျော် (ယခင်ဥက္ကဌ ) လှဌေး (စစ်ကိုင်းတိုင်း) နှင့် စိုးလင်း(နိုင်ငံရေးနှင့်စည်းရုံးရေး)တို့
ဖြစ်ကြပါသည်။

သွေးမဲ့မော်ကွန်း
တို့နိုင်ရဘို့အတွက်
ကြိုးစာားရင်း
ငါတို့ရဲ့…
သွေးတွေ….ချွေးတွေ
မော်ကွန်းပြောင်းပြန်
တင်ခဲ့ပြီ။

(မှတ်ချက်။ ။ ရာစုနှစ် နှစ်ခုကျော်လာပြီဆိုတော့ အမှန်တကယ်ထောက်လှမ်းရေးဟုတ်မဟုတ်
ခွဲခြားလို့ရပြီပေါ့ဗျာ။ အဲဒီတော့ အပြစ်မဲ့သေဆုံးသွားသူတွေအတွက် ဘာလုပ်သင့်
လဲဆိုတာကိုတော့ စာဖတ်သူစဉ်းစားပေးစေချင်ပါတယ်)
ထင်လင်းအောင်


Wednesday, January 18, 2012

မြောက်ပိုင်းလူသတ်မှု့ ... ထင်လင်းအောင် အစီရင်ခံစာ..။



ယခုအစီရင်ခံစာသည် ကျောင်းသားတပ်မတော် ( မြောက်ပိုင်းဒေသ )တွင် သူလျှိုအဖြစ် စွပ်ဆွဲခံရပြီး
ညှင်းပမ်းနှိပ်စက်ခြင်းခံနေရာမှ ထွက်ပြေးလွတ်မြောက်လာသူ ထင်လင်းအောင်မှ ပေးပို့လာသော
အစီရင်ခံစာဖြစ်ပါသည်။
------------------------------------------------------------------------------------------------
ကျနော် ထင်လင်းအောင်သည် ဦးအောင်သန်း ဒေါ်ခင်ရီတို့မှ ၁၉၆၉ ခုနှစ်၊မေလ
၂၄ ရက်နေ့မှာ မွန်ပြည်နယ် ကျိုက်ထိုမြို့တွင်မွေးဖွားပါသည်။ ၁၉၇၄ ခုနှစ်တွင် အခြေခံ
ပညာအလယ်တန်းကျောင်း၊ အလက(၁)သထုံမြို့တွင်မူလတန်းပညာကိုသင်ကြားပါသည်။
၁၉၈၈ ခုနှစ်တွင် အထက်တန်းပညာသင်ကြားနေချိန် ဒီမိုကရေစီအရေးအခင်းဖြစ်ပွားပါသည်။
ကျနော်သည် ကျောင်းသားသမဂ္ပ၏ သတင်းနှင့်ဝါဒဖြန့်ချိရေးရုံးတွင် ၀င်ရောက်တာဝန်ထမ်း
ဆောင်ပါသည်။ သပိတ်အခြေစိုက်စခန်းမှာ ၀ိဘာဂီဘုန်းကြီးကျောင်းဝင်းအတွင်းတွင်ဖြစ်ပါ၏။
၁၉၈၈ ခုနှစ်၊စက်တင်ဘာ အာဏာသိမ်းပြီး ၁၉ ရက်နေ့တွင် အမှတ် ၂၄ ခြေလျှင်တပ်ရင်းမှ
တပ်ရင်းမှူးကိုယ်တိုင်လာရောက် လူစုခွဲခိုင်းရာ ၂၀ ရက်နေ့ညနေပိုင်းကျမှ လူစုခွဲလိုက်ပါသည်။
သပိတ်စခန်းခေါင်းဆောင်းများမှာ
၁။ တင်ဝင်း
၂။ သူရိန်ထွန်း
၃။ တင်အုံး
၎။ ကျော်ကျော်
၅။ ဆန်းအောင်
၆။ မြင့်သူ
၇။ အောင်အောင်
၈။ ကျော်မိုး
၉။ ကိုမျိုးတို့ဖြစ်ပါသည်။
၂၁ ရက်နေ့တွင် ကျနော်၊ အောင်ဇော်ဦး၊ သံချောင်း၊ ခင်မောင်သိန်း၊ ခိုင်စိုးတို့သည် လက်
နက်ကိုင်လမ်းစဉ်ပြုလုပ်ရန်အတွက် သထုံမြို့မှထွက်ခွါခဲ့ကြပါသည်။ သထုံမှ မြိုင်ကလေး၊ဘားအံ
ထိုမှတဆင့် ဖားကပ်၊ မုဂတိ၊မင်းစီ၊ နတ်ကြီး စသည့်ရွာစဉ်များကိုဖြတ်ပြီး ၂၇ ရက်နေ့တွင် ကေအင်
ယူ နယ်မြေရှိ တပ်ရင်း(၂၁) မယ်သလေစခန်းသို့ရောက်ပါသည်။ ၁၉၈၈ ခုနှစ်၊ နိုဝင်္ဘာလ ၅ ရက်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး စတင်ဖွဲ့စည်းချိန်မှာ ကျနော်အပါ
အ၀င် အင်အား ၁၀၀ ခန့် မယ်သလေအနီးရှိ ဆင်တောင်ခြေတွင် သင်တန်းတက်ခဲ့ရပါသည်။
၁၉၈၉ ခုနှစ်၊ ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် မယ်သလေစခန်းကျသဖြင့် ထိုင်းနိုင်ငံ ရိုးကလိုး
ဒုက္ခသည်စခန်းအနီးတွင် တပတ်ခန့်ခိုနေပြီး ရေကျော်စခန်းသို့သွားရောက်ခဲ့ပါသည်။ ရေကျော်စ
ခန်းတွင် စစ်သင်တန်း နှစ်လတက်ရောက်သင်ကြားခဲ့ပြီး ဧပြီလတွင် တပ်ပြောင်းရွှေ့ခွင့်အရ
ကျနော်နှင့် စိုင်းထူး(ကျိုက်ထို) နှစ်ယောက်သည် ရေကျော်မှ မဲဆောက်၊ မဲသဝေါ၊ မာနယ်ပလော
နောက်ဆုံး ဦးသုထသို့ မေလ ၅ ရက်နေ့တွင်ရောက်ရှိခဲ့ပါသည်။ ထိုစခန်းတွင် တပတ်မျှနေထိုင်
နေစဉ် ဦးသုထစခန်းကျပြန်သဖြင့် စခန်းပြောင်းရွှေ့ရာ သော်လဲထ ၄င်းမှ မဲလထ ၄င်းမှ လဲသာထ
သို့ရောက်ရှိပြီး အမှတ် ၂၀၉ တပ်စခန်းကို တည်ဆောက်ရပါသည်။
အမှတ် ၂၀၉ တပ်ရင်းတွင် စစ်ရေး နိုင်ငံရေးတာဝန်များကိုထမ်းဆောင်နေရင်း ပလောင်
နယ်မြေတွင် ABSDF ၅၀၁ တပ်ရင်းသစ်တခုဖွဲ့စည်းရန်အတွက် ရွေးချယ်ခြင်းခံခဲ့ရပါသည်။၂၀၉
တပ်ရင်းမှ ရဲဘော် ၂၁ ယောက် ၊ သေဘောဘိုးမှ ၃ ယောက်၊ ရ၀မ်ခမှ ၃၊ ဘုရားသုံးဆူမှ ၁ ဦး၊
နယ်မြေရုံးမှ ၂ ၊ စုစုပေါင်း (၃၀) ယောက်ကိုရွေးချယ်ပြီး ၁၉၉၀ ပြည့် ဇန်န၀ါရီလထဲတွင် နှစ်သုတ်
ခွဲပို့ခဲ့ပါသည်။
ABSDF ဥက္ကဌ ကိုမိုးသီးဇွန်မှ တာဝန်ပေးသဖြင့် သွားရောက်တာဝန်ထမ်းဆောင်ခဲ့ရပါသည်။
တပ်ရင်းမှူး သိုက်ထွန်းဦး (ဘုရားသုံးဆူ)-ရန်ကုန် သာကေတ ၅ ရပ်ကွက်။
ဒု-ရင်းမှူး သူရဇော် (၀မ်ခ) - မြင်းခြံ
ဆေးတာဝန်ခံ သိန်းထွန်း (၀မ်ခ) - ကျောင်းကုန်း
တပ်စုမှူး ထင်လင်းအောင်
တပ်စိပ်မှူး ဇော်နိုင် (သေဘောဘိုး) - ရန်ကုန်
တပ်စိပ်မှူး ဇလုံး(ဇော်ဇော်ဦး) - တောင်စွန်း
ရဲဘော်များ
အငယ်လေး (၀မ်ခ) - မန္တလေး
မောင်မောင် (နယ်မြေရုံး) - ရန်ကုန် ဒလ
သက်အောင် (နယ်မြေရုံး) - ရန်ကုန် ၈ မိုင်
အောင်ဝင်းတင့် (သေဘောဘိုး) - ရန်ကုန်
ဇော်မြင့် (သေဘောဘိုး) - ရန်ကုန်
လှဝေ - ကျိုက်ကော်
အောင်နိုင် - ပဲခူး
မောင်ဦး - ပဲခူး
ဆန်းမြင့်ကိုကို - ပဲခူး
မောင်ဦး - ပဲခူး
မြင့်ဥင်္ီးလေး (မနှဲလေး) - သထုံ
ကျော်ကျော် - ကျိုက်ထို
ဂါမဏိ - ကျိုက်ထို
ထက်ခိုင် - ကျိုက်ထို
စန်းမြင့် - ရန်ကုန်
ဦးနိုင်ဦး - ပဲခူး
သန်းထိုက် - ရန်ကုန်
သန်းထွဋ် - ပဲခူး
အောင်ဆန်းဦး - သထုံ ပေါ်တော်မူ
ကျော်မျိုး - ကျိုက်ထို
နိုင်လင်း - သထုံ ဇင်းကျိုက်
သိန်းလွင် - ရန်ကုန်
စိုးဝင်း - ရန်ကုန်
အောင်ဇော်ဦး - သထုံ

အထက်ပါ ၃၀ ဦးတို့ကို မာနယ်ပလောမှ သော်လဲထ၊၄င်းမှ မယ်ဟောင်ဆောင်၊ ၄င်းမှ မယ်စတီရမ်း၊
၎င်းမှ ချင်းမိုင်၊ ချင်းမိုင်မှ မာန်မြို့အနီးရှိ လွယ်ဖာပုပ်တောင်အထိ သွားကြရပြီး အဲဒီမှာ စုပါသည်။ ကျနော်
တို့သွားရမည့်အဖွဲ့များမှာ PSLP,ALP,PDF,ABSDF တောင်ပိုင်းမှ မြောက်ပိုင်းသို့ ထွက်မည့်လူများလည်းရှိ
ပါသည်။ PDF ၂ ဦး၊ ABSDF ၃၄ ဦး၊ ALP ၄ ဦး၊ PSLP ၁၈ ဦးတို့ဟာ ၁၉၉၀ မတ်လ ၈ ရက်နေ့မှ စတင်ခရီး
ထွက်ခဲ့ကြပါသည်။
မိုင်းဆပ်မှတဆင့် ကျိုင်းတုံ ၄င်းမှတဆင့် ပန်ဆိုင်း (ဗဟိုဌာနချုပ်) သို့ ဧပြီလဆန်းတွင်ရောက်ရှိကြ
ပါသည်။ တဖန်ပန်ဆိုင်းမှ မိုင်းမောသို့ ကားဖြင့်ပို့ပေးပါသည်။ လမ်းတွင် တိုက်ပွဲ ၃ ကြိမ်ရင်ဆိုင်ခဲ့ရ၏၊ ပ
လောင်နယ်မြေသို့ ဇွန်လတွင်ရောက်ရှိခဲ့ပြီး တလခန့်ရှေ့တန်းတွင်လှုပ်ရှားရသည်။ တပ်ရင်း (၂၁၇) မှတပ်
ရင်းမှူး စိုင်းစိုးလင်းနှင့်ကျနော် ဦးဆောင်သောတပ်စုတစုသည် မိုးမိတ်၊ မိုးကုတ်၊ နမ်းဆန်နယ်မြေများသို့
လှည်လည် စည်းရုံးရေးဆောင်ရွက်ရပါသည်။ ABSDF ဗဟိုမှညွှန်ကြားချက်အရ KIA ဗဟိုသို့ ဇွန်လတွင်
ခရီးဆက်ခဲ့ရာ ဇူလိုင်လကုန်တွင် KIA တပ်ရင်း (၈) သို့ရောက်ခဲ့ပြီး ABSDF မြောက်ပိုင်း ရွှေဂူခရိုင်မှူး
ရဲလင်းနှင့် တပ်စုတစုကို တပ်ရင်း (၈) တွင်တွေ့ဆုံခဲ့ပါသည်။ ၄င်းတို့နှင့်အတူ သြဂုတ်လတွင် ABSDF မြောက်ပိုင်းသို့ထွက်ခဲ့ရာ
နည်းဗျူဟာ(၂) တပ်မဟာ (၃) KIA စခန်းရှိ ABSDF မြောက်ပိုင်းမှ ဗန်းမော်
ခရိုင်မှူး ညီညီကျော်နှင့်အဖွဲ့ကို ထိုစခန်းတွင်တွေ့ရပါသည်။
တပ်ရင်း (၈) တွင်နေထိုင်စဉ်က တပ်ရင်းမှူ သိုက်ထွန်းဦးနှင့် ရဲဘော် စိုးနိုင်ဦးတို့က ABSDF
မြောက်ပိုင်းသို့ ကြိုတင်သွားခဲ့ကြသည်။ ၄င်းတို့နှစ်ဦးက တရုတ်ပြည်ဘက်မှ သွားခြင်းဖြစ်၏။
တပ်မဟာ (၃) သို့ ကျနော်တို့ရောက်ချိန်တွင် တပ်ရင်းမှူးက လာရောက်ကြိုဆိုပါသည်။ ၄င်း
စခန်းမှ ကျောင်းသားရဲဘော်များနှင့်အတူ စစ်ဆင်ရေးပြုလုပ်ရာ မအူပင်တွင် အနီးကပ်တိုက်ပွဲဖြစ်ပွါး
ခဲ့သဖြင့် သြဂုတ်လ ၁၀ ရက်နေ့တွင် ကျနော့်ဒူးခေါင်းကို သေနတ်မှန်သဖြင့် KIA တပ်မဟာ (၃)တွင်
ဆေးကုသနေစဉ် ကျနော်နှင့် ရဲဘော်ကျော်မျိုးကိုချန်ထားခဲ့ပြီး ကျန်လူများက ခရီးဆက်ထွက်ပါသည်။
ဒဏ်ရာသက်သာလာပြီးနောက် တပ်မဟာ(၃)မှ မောင်မောင်ကောင်းနှင့် အတူ ကျနော်နှင့် ကျော်မျိုး
တို့လည်း ပန်နိုင်ရွာ၊ ဘင်ခေါင်းရွာ၊ ပထန်ရွာ၊ တအင်းရွာ၊ မအူပင်ရွာများသို့ စည်းရုံးရေးဆင်းရာ အလွန်
ပင်အောင်မြင်ခဲ့ပါသည်။ကျနော်နှင့်ကျော်မျိုးက ၄င်းရွာများကို အမာခံနယ်မြေပြုလုပ်ပြီး စစ်သားသစ်စု
ုဆောင်းခြင်း ၊ရိက္ခာများများအချိန်မရွေးရရှိအောင် ပြင်ဆင်ခြင်း၊ စေတနာ့ဝန်ထမ်းအလုပ်သမားများ ရရှိအောင်
စည်းရုံးခြင်းတို့ကို ဆောင်ရွက်ကြပါသည်။
၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာ် ၂၈ ရက်နေ့တွင် ABSDF မြောက်ပိုင်းသို့ခရီးထွက်ခဲ့ရာ တပ်မဟာ
(၃)မှ အင်ခေါင်း၊ ကြိုးတံတား၊ နောင်ရာပါရွာများကို ဖြတ်ကျော်ကာ ၁၉၉၁ ခုနှစ် ဇန်န၀ါရီလ ၁ ရက်
နေ့တွင် ABSDF မြောက်ပိုင်းသို့ရောက်ရှိပါသည်။ ကျနော်တို့ရောက်ရှိချိန်တွင် တပ်ရင်းမှူ သိုက်ထွန်း
ဦးနှင့်အတူ ရဲဘော် ၈ ဦး ရင်း ၅ နယ်မြေသို့ စစ်ဆင်ရေးသွားနေကြောင်းသိခဲ့ရသည်။ ကျနော် လမ်း
ကောင်းကောင်းမလျှောက်နိုင်သေးပါ။ တပ်တွင်းအခြေအနေများကို ဆွေးနွေးပါသည်။
ကျနော်နှင့် ကိုသိန်းထွန်းသည် ABSDF တောင်ပိုင်း ဗဟိုမှချမှတ်ထားသော စည်းမျဉ်းဥပဒေ
များနှင့် မြောက်ပိုင်းမှ စည်းမျဉ်းဥပဒေအချို့ ကွားခြားချက်ရှိကြောင်း ထောက်ပြခဲ့ပါသည်။
၁။ သစ္စာအဓိဌာန်
၂။ ရဲဘော်များကို စစ်ဆေးရာတွင် ခုံရုံးဖွဲ့ပြီး စနစ်တကျမစစ်ဆေးဘဲ ပါးစပ်မိန့်ဖြင့်သတ်ခြင်း
၃။ အထက်နှင့်အောက် ညီမျှမှုမရှိခြင်း
၎။ မြို့နယ်စွဲများရှိခြင်း (အထူးသဖြင့် ကချင်ပြည်နယ်)
၅။ ရဲဘော်သစ်စုဆောင်းရာတွင် မတရားစုဆောင်းခြင်း၊ မတရားဖမ်းဆီးခိုင်းစေခြင်း
၆။ အဖွဲ့ပိုင်ငွေကြေးကို အလွဲသုံးစားလုပ်ခြင်း စသည်တို့ကို ဆွေးနွေးရာ သူတို့က ပါယ်ချပြီး
အမှတ်(၁) တွင် အချက် တချက်တိုးပေးပါသည်။ ဗဟိုမှသတ်မှတ်ထားသော စာသားနှင့်မတူပါ။

ABSDF ကချင်နှင့် ၅၀၁ မှကျနော်တို့ နားလည်မှု ကွဲလွဲတာစတင်ပါတော့သည်။ ကချင်ရှိ
စစ်ဗိုလ်ချုပ်သံချောင်းနှင့် ဥက္ကဌ မျိုးဝင်းတို့က ၅၀၁ နှင့် ၆၀၁ ကို သူတို့လက်အောက်ခံတပ်ရင်းများ
ဖြစ်စေချင်ကြသည်။ ထိုအချိန်တွင် အဆင့်လိုက်တာဝန်ယူမှုမှာ အောက်ပါအတိုင်းဖြစ်သည်။
လူကြီးများထံ ကြေးနန်းပို့ရန်တောင်းဆိုခဲ့ရာ ပို့ခွင့်ရသဖြင့် ကချင်ဆက်သွယ်ရေးစက်ဖြင့်
တောင်ပိုင်းဗဟိုဌာနချုပ်သို့ ကြေးနန်းပို့ အကြောင်းကြားပါသည်။ ဗဟိုမှလူကြီးများဖြစ်သော ကို
မောင်မောင်တိတ်၊ ယခင်ဘဏ္ဍာရေး ကိုသန်းဝင်း၊ DAB တွဲဘက်အတွင်းရေးမှူး၊ ကျော်ကျော်
(ABSDF အတွင်းရေးမှူး)၊ မိုးသီးဇွန် (ဥက္ကဌ၊ မုတ်ဆိပ် (ဆက်သွယ်ရေး) တို့နှင့်တွေ့ပါသည်။
ကိုသန်းဝင်းနှင့်တွေ့ချိန်တွင် (ယခင်က) ထိုကိစ္စကိုတားပါသည်။ ၄င်းက ထိုနယ်မြေသို့
မသွားသင့် အန္တရာယ်ရှိနိုင်သည် ဒုတိယအကြိမ် ညီလာခံတွင် ဒီအကြောင်းအရာကို သူတင်ပြ
ပေးပါမည်ဟု ပြောပါသည်။ ကျော်ကျော်နှင့်တွေ့ချိန်တွင် ကျနော်က အကျိုးအကြောင်းပြောပြ
ပြီးတောင်ပိုင်းသို့ပြန်လာမည်ဟုပြောရာ ကျော်ကျော်က ပြန်မလာနှင့်ဟု တားပါသည်။ ကျနော်
က တောင်ပိုင်းသို့မပြန်ရလျှင် ABSDF မှထွက်မည်ဟုပြောသဖြင့် ကျော်ကျော်က လက်နက်
တွေတော့ပြန်အပ်လိုက်ပါ ပြန်ခွင့်မပြုဟု အမိန့်ချမှတ်လိုက်ပါသည်။
ကျနော်တို့က ကျော်ကျော်ပြောသည့်အတိုင်း စစ်လက်နက်ပစ္စည်းများကို အပ်လိုက်ပါ
သည်။ ကျနော်တို့အလွန်ပင်ချစ်မြတ်နိုးသော ကျနော်တို့ကိုယ်တိုင် ကြိုးပမ်းတည်ဆောက်ထား
သော ABSDF အဖွဲ့ကို ခွဲရတော့မည်ဟု သိလိုက်ရပြီး ရင်ထဲမှာဖော်မပြနိုင်လောက်တဲ့ ဝေဒနာ
တွေကို ခံစားလိုက်ရပါတော့သည်။ ကျနော်တို့ထမ်းဆောင်ခဲ့တာတွေ အလကားဖြစ်ကုန်ပြီ ကျ
နော်တို့ရဲဘော်တွေဟာ စစ်မြေပြင်မှာ အသက်ကိုနှင်းပြီး ပြည်သူများအတွက် ကိုယ်ကျိုးစွန့်နေ
ချိန်မှာ လူကြီးပိုင်းမှာတော့ နေရာလုမှုတွေ အဂတိလိုက်စားမှု၊ နယ်မြေလုမှုတွေနဲ့ အချင်းချင်း
ပြ\နာဖြစ်နေကြပါသည်။ အရည်အချင်းရှိတဲ့ရဲဘော်တွေကို သူတို့လက်အောက်ဝင်ဖို့ သိမ်း
သွင်းလို့မရရင် နည်းအမျိုးမျိုးနဲ့စွပ်စွဲပြီး အာဏာနဲ့သတ်ပစ်ကြ၏။ ဒါကို ကချင်ကခေါင်းဆောင်
တွေက သိလျက်နဲ့ မသိယောင်ဆောင်နေခဲ့ကြပါသည်။ AB မြောက်ပိုင်းကလက်နက်သိမ်းထားပြီး
တဲ့နောက်ပိုင်းမှာ ကျနော်တို့ကို မတရားစည်းကမ်းတင်းကြပ်တာတွေလုပ်ခဲ့ပါသည်။
ဒီအချိန်မှာ ဥက္ကဌထွန်းအောင်ကျော်က ထွက်ပေါက်တခုပေးပါသည်။ ကျနော်တို့တောင်
ပိုင်းပြန်ရန်အဆက်အသွယ် ရှာခွင့်ပြုလိုက်တာကြောင့် ကျနော်လည်း ၅၀၁ မှာရှိသည့် ကိုသိန်း

ထွန်း (ဆေးမှူး)၊ အောင်နိုင်(ဆေးမှူး) တို့ကိုဆက်သွယ်ပြီး ကျနော်တို့ကိုပြန်ခေါ်ဘို့ပြောတော့
အောင်နိုင်(ဆေးမှူး)ရောက်လာပြီး မကြာခင်မှာ ၅၀၁ တပ်ရင်းမှူးရဲ့ဆက်သားလုပ်နေတဲ့ စိုး
မင်းအောင်က ၁၉၉၁ ရှစ်လေးလုံးနှစ်ပတ်လည်မတိုင်ခင် ABSDF ကနေထွက်ပြေးသွားပါသည်။
လိုက်ရှာကြရာ စိုးမင်းအောင်ကို ရွှေလီမှာဖမ်းမိလာပြီး ဗန်းမော်ခရိုင်ကို ခေါ်သွားပါသည်။
စိုးမင်းအောင်ကို န၀တထောက်လှန်းရေးဟုစွပ်စွဲပြီး စစ်ဆေးကြပါသည်။ မဟုတ်ပါဘူးလို့ငြင်းသ
ဖြင့် စိုးမင်းအောင်းရဲ့လက်နှစ်ဖက်နဲ့ခြေထောက်ကို ထိပ်တုံးခတ်ထားပြီး ခြေဖ၀ါးနှစ်ဖက်ကို ဒါးနဲ့
ခွဲပါသည်။ မီးကင်ပါသည်။ စိုးမင်းအောင်က အာခေါင်သံကြီးနဲ့အော်ပြီး တောင်းပန်ရှာပါသည်။
သံချောင်းချွန်ချွန်တွေကို မီးဖုတ်ပြီး အသားထဲကိုထိုးထဲ့ပါသည်။ ဒါးကိုမီးကင်ပြီး ကပ်ပါသည်။
စိုးမင်းအောင်က ပထမတော့ တင်းခံထားပေမယ့် နာကြင်လွန်းတော့ ထောက်လှန်းရေးပါ လို့
ဝန်ခံရှာပါသည်။
နှစ်စက်တာကို ခံစားရလွန်းတဲ့ စိုးမင်းအောင်က သက်သာလိုသက်သာညား သွေးရူး
သွေးတန်းနဲ့ ပြောမိပြောရာ နံမည်ပေါင် ၅၀ ကျော်ကို ပြောပြီး အသက်ထွက်သွားရှာတယ်။
အဲဒီအချိန်ကစပြီး တယောက်ပြီးတယောက် အဖမ်းခံရပြီး အနှိပ်စက်ခံကြ၊ မခံနိုင်တော့ နံမည်
တွေလျှောက်ပြောနဲ့ လူပေါင်း ၁၀၀ ကျော် ငရဲခံရပါတယ်။
ဒီလိုနဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ဟာ ကျနော်တို့အတွက် ကြေကွဲစွာခံစားရတဲ့နေ့
တနေ့ပေါ့၊ ကျနော် ကချင်ကိုလာတာ တနှစ်တိတိကြာအောင်လာခဲ့ရတာပါ။ ကျနော်တို့ ထမ်း
ဆောင်တဲ့တာဝန်နဲ့ ဖြတ်သန်းလာခဲ့ရတဲ့ ခရီးကိုမကြည့်ဘဲ ကျနော်နဲ့ အောင်နိုင်ကို န၀တ
ထောက်လှန်းရေးလို့ စွပ်စွဲပြီး နှိပ်စက်ကြပါသည်။ ကျနော်တို့က စိုးမင်းအောင်အဖြစ်ကိုသိ
ထားတာကြောင့် ကျနော်က အောင်နိုင်နဲ့တိုင်ပင်ပြီး ၀န်ခံလိုက်ပါသည်။ ကျနော် န၀တထောက်
လှန်းရေးမဟုတ်တာကို ကျနော်ကိုယ်တိုင်အသိဆုံးပါ န၀တ နဲ့တိုက်ပွဲဝင်ရင်း ဆယ်ခါပြန်သေရဲ
ပါ၏်။ ကိုယ့်အချင်းချင်းသတ်လို့သေမှာကိုတော့ ကြောက်တာအမှန်ပါ။ ဒါကြောင့်အခြေအနေ
ကိုကြည့်ပြီး ၀န်ခံလိုက်ပါသည်။ ၀န်မခံရင်သေအောင်နှိပ်စက်ကြမှာပါ။ လွတ်မည့်ရက်ကိုစောင့်
ရင်း အချုပ်ထဲမှာ ငရဲခံနေရပါသည်။ ညဘက်ရောက်မှာကိုတော့ ကျနော်တို့သိပ်ကြောက်ပါ၏။
ညဘက်ရောက်ရင် မူမူးရူးရူးနဲ့ လာနှိပ်စက်ကြတာကို ခေါင်းငုံ့ခံရပါသည်။ တဖြည်းဖြည်း
နဲ့ ကျနော်တို့လို အစွပ်စွဲခံရသူ ၁၃၀ ခန့်ရှိပါပြီ။ သင်းသင်းညီဆိုရင် ဒါရိုက်တာရှင်လုံးရဲ့သမီးလေး
ပါ သူ့အမေလာခေါ်လို့ လွှတ်ပေးလိုက်ပါသည်။ စိုးမင်း (မန္တလေး ကိုတော့ ဖမ်းပြီး မစစ်ဆေးဘဲ
ပြန်လွှတ်ပေးလိုက်ပါသည်။ မျိုးဇော်အောင်ကိုတော့ ဆက်သွယ်ရေးစက်ရှိတယ်ဆိုတဲ့စွပ်စွဲချက်
နဲ့ နည်းမျိုးစုံစစ်ဆေးမေးမြန်းကြပါသည်။ ဇောက်ထိုးဆွဲထားပြီး စအိုထဲကို ၀ါယာကြိုးထည့်ကာ
လျှပ်စစ်လွှတ်လိုက်တာ အူပုတ်ပြီးသေသွားပါတော့သည်။ ဒီသတင်းကိုကြားတော့ ဗန်းမော်ခ
ရိုင်က ဂါမဏိသက်တင်၊ စိုးကြိုင်တို့ထွက်ပြေးပြီး အလင်းဝင်သွားပါတော့သည်။
ဒီအကြောင်းကိုသိသွားသော တပ်ရင်းမှူးဘဂျမ်းက ဒေါသူပုန်ထပြီး အချုပ်ခန်းထဲကို သူရဲ့
ပစ္စတိုနဲ့ လိုက်ပစ်ပါသည်။ ဦးအောင်မိုး(ဗန်းမော်)ကိုထိမှန်ပြီး ပွဲချင်းပြီး သေတာကို ခြေသလုံး
သားတွေလှီးပစ်ပါသေးသညါ။ အဲဒီညမှာ သက်နိုင်ကိုခေါ်ထုတ်ပြီး မေးတာ မေးလို့မရတော့
သက်နိုင်ရဲ့နားရွက်ကို သေနတ်နဲ့ပစ်ဖောက်ပြီး ပေါက်သွားတဲ့နေရာကို ဒုတ်နဲ့ထိုးထဲ့ပါသည်။
နောက်နေ့မှာကျော်ဌေးကိုခေါ်ထုတ်ပြီး ထောက်လှမ်းရေးမဟုတ်လားလို့ စွပ်စွဲမေးတာကို
ကျော်ဌေးက မဟုတ်ပါဘူးလို့ အတန်တန်ငြင်းတာကြောင့် ကျော်ဌေးရဲ့မျက်လုံးနှစ်ဖက်ကို
အပ်နဲ့ထိုးဆွပါသည်။ အဲဒီဒဏ်ရာနဲ့ဘဲကျော်ဌေးသေပါတော့သည်။
နေ့စဉ် နေ၀င်ကမိုးချုပ်ထိ အော်ဟစ်တောင်းပန် ငြီးငြူသံတွေက စိတ်ခြောက်ချားစရာ
ကောင်းလှပါသည်။ ကျော်ဌေးသေခါနီးပြောစကားအရ ကျော်ဝေနဲ့ခင်ချိုဦးကို ထပ်ပြီးစစ်ဆေး
ကြပြန်ပါရော။ အဆိပ်တွေဘယ်မှာဝှက်ထားသလဲဆိုပြီး ကျော်ဝေကို ဒါးအဖျားနဲ့ နားရွက်ကို
တနေကုန်ရိုက်ပြီးမေးပါသည်။ နောက်ပြီးချောင်းထဲမှာရေနှစ်သည်။ နောက်ဆုံးအဆိပ်ထုတ်
မပေးရကောင်းလားဆိုပြီး ကျော်ဝေရဲ့ခြေသန်းတဖက်ကိုဖြတ်ပြီး ပါးစပ်နဲ့ကိုက်ပြေးခိုင်းပါ၏်။
အချုပ်ထဲရောက်တော့ အဲဒီလက်ပြတ်ကို ကြိုးနဲ့သီပြီး လည်ပင်းမှာဆွဲခိုင်းထားပါသည်။ ငါးမိ
နစ်တကြိမ် တယောက်ပြီးတယောက်ဝင်လာပြီး အချုပ်ခန်းထဲက လူတွေကို ရိုက်ပါသည်။
ခင်ချိုဦးကို အဆိပ်လိုက်ပြခိုင်းရာ ခင်ချိုဦးက မသိတဲ့အကြောင်း မရှိတဲ့အကြောင်း
ငိုပြီးတောင်းပန်ရှာသည်။ ဒါပေမယ့် စစ်တဲ့သူတွေက သူရဲပူးနေသလိုဘဲ ရက်စက်စွာနှင့်
ခင်ချိုဦးရဲ့အ၀တ်အစားတွေကို အကုန်ဆွဲချွတ်ပစ်လိုက်ပြီး လိုက်ရှာပါသည်။ မတွေ့တော့
ခင်ချိုဦးကို မြေကြီးထဲမြှုပ်ထားပြီး ခေါင်းသာဖော်ထားပြန်ပါသည်။ ပါစပ်ထဲကိုဒါးထဲ့ပြီးမွှေပြန်
ပြန်ပါသည်။ ဆံပင်ကိုလည်းဒါးနှင့်ဖြတ်ပစ်ပါသည်။ တဖန် ဆံပင်ဆွဲပြီး တပ်ဝင်းထဲကိုဒရွတ်
တိုက်ဆွဲတာကြောင့် အ၀တ်မရှိဘဲပက်လက်ကြီးပါလာတဲ့ ခင်ချိုးဦးကိုမြင်ရတော့ မမြင်ရက်
စရာပါ ကျနော်မျက်ရည်ကျမိပါတော့သည်။ ဘယ်လောက်ယုတ်မာသလဲဆိုလျှင် ခင်ချိုဦးရဲ့
မိန်းမအင်္ဂါကိုဒုတ်နဲ့ထိုးပြီး ရှာဖွေနေတာမြင်ရတဲ့မြင်ကွင်းကတော့ ငရဲပြည်မှာတောင်မှ ဒီ
လောက်ရက်စက်ယုတ်မာတာ ရှိမယ်မထင်ပါဘူး။ ခင်ချိုဦးက မခံမရပ်နိုင်လို့ အော်တော့
မကြားဝံ့မနာသာ ဆဲနေကြတာ ယောင်္ကျားကြီးတွေတန်မယ့် မိန်းမယုတ်တွေထက်တောင်
အောက်တန်းကျပါတော့၏။ ဆဲရင်းပါးကိုဝိုင်းရိုက်နေလိုက်ကြတာ တိရိစ္ဆာန်တွေလိုပါပဲ။

အပိုင်း ( ၂ ) ဆက်ပါဦးမည်....။


Tuesday, January 17, 2012

မြောက်ပိုင်းဒေသမှ အရိုးတွန်သံ ( ၅ )

မြောက်ပိုင်းဒေသမှ အရိုးတွန်သံ ( ၅ )
အကျဉ်းထောင်ထဲကနေ လွတ်မြောက်လာတဲ့ ၈၈၈၈ ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ ရဟန်းသံဃာတော်တွေရဲ့ ပုံရိပ်တွေကို မြင်ရတာအားတက်ဂုဏ်ယူမိတယ်။ သူတို့ရဲ့ အင်တာဗျူးတွေကို နားထောင်မိတိုင်း၊ ရင့်ကျက်အမြင်ကျယ်တဲ့ ရပ်တည်ချက်တွေကို ခံစားမိတယ်။ ကျနော်တို့ နေထိုင်ရာ ပြည်ပကိုလှည့်ကြည့်မိတော့--- လူသတ်မှုတွေ၊ ခြစားအကျင့်ပျက်မှုတွေနဲ့ ပြည့်နှက်နေတဲ့သူတွေ၊ အုပ်စုဖွဲ့ခြံခပ် လုပ်စားနေတဲ့ သူတွေ၊ အနာဂတ်ကို လောဘတကြီး ပြေးနမ်းချင်နေကြတာကို တွေ့ရတယ်။

“အတိတ်ဆိုတာ အရိပ်ပမာ လိုက်နေတာကို အခုထက်ထိနားမလည်နိုင်သေးသူများအတွက်”
နားထောင်စမ်း-
ဒီည-- ပါဂျောင် ရဲ့အကျဉ်းထောင်ထဲမှာ “ ယုဇနပင် နဲ့ ဖဲကြိုးဝါ” သီချင်းဆိုမဲ့သူမရှိဘူး
“ထွန်းအောင်ကျော်” ရဲ့ ဝိညာဉ်တွေက စန္ဒယားခလုတ်တွေပေါ်မှာ ပြေးဆော့နေတယ်
သမဂ္ဂ အလံတော်အောက်မှာ--- သမဂ္ဂ အလံတော် အောက်မှာ ------- တဲ့လေ…………….
“လှဆိုင်း၊ မျိုးဝင်း၊ သံချောင်း၊ အောင်နိုင်၊ သန်းဇော်” တို့အတွက်
ဆယ်ဘဝစာ လိပ်ပြာခြောက်လန့်နေတော့မယ်
မြောက်ပိုင်းဒေသရဲ့ ရက်စက်ကြမ်းကြုတ် လူမဆန်တဲ့အစုလိုက် အပြုံလိုက် လူသတ်ပွဲကြီးအပြီး၊ မန္တလေးစစ်ထောက်လှမ်းရေးတွေ ပြောနေကျ စကားတခုရှိတယ်။ သူတို့ဖမ်းဆီးထားတဲ့ ကျောင်းသားတွေဆီက အဖြေမရမချင်း “ ဟေ့ ကောင်တွေ မှန်မှန်ဖြေနော် မဖြေရင် ABSDF ( မြောက်ပိုင်း) က ကောင်တွေကို ခေါ်လိုက်ရမလား” ဆိုတဲ့ ခြိမ်းခြောက်မှုပဲဖြစ်တယ်။ တကယ်တော့ ABSDF ( မြောက်ပိုင်း) ကို ၁၉၉၂ ခုနှစ်အတွင်းမှာ ခေါင်းဆောင်ခဲ့ကြသူတွေ၊ စစ်ကြောရေးစခန်းမှာ ပါဝင်ခဲ့တဲ့သူတွေဟာ ဖက်ဆစ်အစိုးရက ဆရာတင်ရလောက်အောင်အထိ ရိုင်းစိုင်းကြမ်းကြုတ်ခဲ့ကြတယ်။
ဒါဟာ ABSDF ( မြောက်ပိုင်း) ရဲ့ သမိုင်းဖြစ်တယ်။
အဖွဲ့ဝင် (၃၀၀) ကျော်လောက်သာ ရှိတဲ့အဖွဲ့မှာ ယုတ်မာသိမ်ဖျင်းတဲ့ အောက်တန်းစား လူတစု ဦးဆောင်ပြီး ကျောင်းသား အယောက် (၁၀၀) ကျော်ကို မတရားသဖြင့်စွပ်စွဲ ၊ တချို့ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တယ်။
ဒါဟာ ABSDF ( မြောက်ပိုင်း) ရဲ့ သမိုင်းဖြစ်တယ်။
ကျောင်းသားတပ်မတော်(မြောက်ပိုင်း) ဥက္ကဋ္ဌ နဲ့ ဗကသ ခေါင်းဆောင်တွေ အပါအဝင် အပြစ်မဲ့ ကျောင်းသားတွေကို လူမဆန်စွာနှိပ်စက်သတ်ဖြတ်ခဲ့တယ်။ သမိုင်း ဆိုတာ လိမ်ညာလို့မရဘူး။ ပြင်ဆင်လို့မရဘူး။ ဖာထေးကာကွယ်လို့မရဘူး “ နိုင်ငံရေးအတွေ့အကြုံမရင့်ကျက်ခြင်း” ဆိုတာကို နားလည်နိုင်ပေမဲ့ “ယုတ်မာကြမ်းကြုတ်ခြင်း” ဆိုတာ မိမိကိုယ်တွင်းမှာ ဖွဲ့တည်နေတဲ့ သန္ဓေ ဖြစ်တယ်။ ဒီလို ကမ်းကုန်အောင် ယုတ်မာရက်စက်တဲ့ လုပ်ရပ်ကို အစိုးရဘက်ကပဲလုပ်လုပ်၊ဒီမိုကရေစီရေးအတွက် ကြိုးပမ်းနေတဲ့ မည်သည့်အဖွဲ့အစည်းကပဲ လုပ်လုပ်၊ လက်ခံလို့မရပါ။ ဆန့်ကျင်တိုက်ဖျက်သွားရပါလိမ့်မယ်။

ရန်သူ့သူလျှို ဆိုတာ--
ရန်သူ့ သူလျှို ဆိုတဲ့စကားကို အုပ်စုတစုကချည်း လူပါးဝ စွပ်စွဲပြောဆိုနေမှုကို လုံးဝခွင့်မပြုနိုင်ပါ။ ဒါဟာ ပါဂျောင် မဟုတ်ဘူး။ မာနယ်ပလော မဟုတ်ဘူး။ လက်နက်ကိုင်ထားသူချင်း အုပ်စုဖွဲ့ပြီး အားနည်းသူကို အနိုင်ကျင့်လိုက်မယ်ဆိုတဲ့ ဓါးပြ ဂိုဏ်းဆန်ဆန် အတွေးအခေါ်တွေဟာ (၂၁) ရာစုမှာ အသုံးမဝင်တာ ဒီကနေ့ စစ်အာဏာရှင်တွေတောင် သဘောပေါက်ပါတယ်။ ရန်သူ့သူလျှိုဆိုတာ- စွပ်စွဲခံခဲ့ရတဲ့ ကျောင်းသားတချို့ထဲမှာလည်းရှိနိုင်သလို၊ လူသတ်မှုကို ရိုင်းရိုင်းစိုင်းစိုင်းကျူးလွန်ခဲ့ကြတဲ့ ABSDF ( မြောက်ပိုင်း) ကို ဦးဆောင်ခဲ့သူ သံချောင်း၊ ရော်နယ်အောင်နိုင်၊ မျိုးဝင်း နဲ့ လှဆိုင်း တို့လည်းဖြစ်နိုင်တယ်။ ထိုင်းနယ်စပ်မှာ ခြစားအကျင့်ပျက်နေတဲ့ ဒီမိုကရေစီရေးအကြောင်းပြပြီး ချမ်းသာနေတဲ့ အဖွဲ့အစည်းတွေထဲမှာလည်ရှိနိုင်တယ်။
လူတိုင်းမှာ အုပ်စုရှိတယ်။ လက်ယဉ်တယ် ။ ဝှက်ဖဲတွေရှိတယ် ဆိုတာ မမေ့ဖို့ လိုပါလိမ့်မယ်။

အနိမ့်ဆုံးသဘောတူညီမှု
ရန်သူ့ သူလျှို လို့ ပြောဆိုနေတဲ့ အဖွဲ့တွေကိုလည်း၊ အခြားအဖွဲ့တွေက ပြန်လည်စစ်မေးပိုင်ခွင့်ရှိရမယ်။
ဒါပေမဲ့ မန္တလေး၊ ရန်ကုန် ကျောင်းသား လှုပ်ရှားမှု သမိုင်းကို နားမလည်ပဲ တော်လှန်ရေးခေါင်းဆောင်ယောင်ယောင် လေသံ နဲ့ အပေါ်စီးက စွပ်စွဲနေမယ် ဆိုရင် “ ကိုယ် အသုံးမကျတာ၊ ဗဟုသုတ မရှိတာ လူသိတယ်” ဆိုတာမျိုးဖြစ်နေမယ် လို့ သတိပေးပါရစေ။ ဘာပဲဖြစ်ဖြစ် အနိမ့်ဆုံး သဘောတူညီမှုအဖြစ် “ ဒီ လို ရက်စက်ကြမ်းကြုတ်တဲ့၊ လူမဆန်တဲ့ လုပ်ရပ်” ကို ပြင်းပြင်းထန်ထန်ရှုတ်ချကြရပါလိမ့်မယ်။ အစုလိုက်အပြုံလိုက် ရာဇဝတ်မှုကို ရာဇဝတ်မှုကြီး အဖြစ် ဆွဲချက်တင်ကြရပါလိမ့်မယ်။ မတရားမှုကို မရှုတ်ချရဲသူတွေ၊ အဖွဲ့အစည်းတွေကို တော်လှန်သူတွေအဖြစ် မသတ်မှတ်နိုင်သလို၊ တရားမျှတမှုအတွက် တိုက်ပွဲဝင်ပါတယ် ပြောဆိုနေခြင်းဟာလည်း သံသယဖြစ်စရာကောင်းနေပါတယ်။ ဘယ်လိုမှ အထင်ကြီးလို့မရပါ။

လူသတ်မှုမှာ အဓိက တာဝန်ရှိသူများအတွက် ..
၁၉၉၂ ကာလ ABSDF မြောက်ပိုင်းလူသတ်မှုမှာ အဓိက တာဝန်ရှိသူတွေက ရော်နယ်အောင်နိုင်( ယ္ခု-ချင်းမိုင်) ၊ မျိုးဝင်း ( သေဆုံး)၊ သံချောင်း ( ထောင်တွင်း) ၊ တို့ဖြစ်ပြီး၊ အာသံကုန်းမြင့်ပေါ်မှာ ကျောင်းသားတွေကို ခေါင်းဖြတ်သတ်မှုမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့တဲ့ လှဆိုင်း ( ယ္ခု- ABSDF မြောက်ပိုင်း)၊ နဲ့ သန်းဇော် တို့ အုပ်စုကို “ ယောင်္ကျား ပီသပါ။ သတ္တိရှိပါ၊ လူထုကို မျက်နှာချင်းဆိုင်ရဲပါ” လို့ ပြောလိုက်ပါရစေ။ ဒီလိုလူတွေကို ကာကွယ်ဖို့ကြိုးစားနေတဲ့သူတွေ၊ အဖွဲ့အစည်းတွေကိုလည်း သမိုင်းရဲ့ ပုတ်ဟောင်နံစော်နေတဲ့ တွင်းနက်တခုမှာ ချန်ထားပစ်ခဲ့ပါမယ်။

မိတ်ဆွေတွေအတွက် ဂတိစကား
ကာယကံရှင်တွေရဲ့ သူရဲဘောကြောင်မှုတွေဟာ ကျနော်တို့ မျှော်လင့်ထားတဲ့အတိုင်းဖြစ်လာတာမို့ ဖြစ်စဉ်တခုလုံးဟာ ကျနော်တို့တည်ဆောက်ထားတဲ့ System Dynamics ထဲမှာပဲ စံနစ်တကျလည်ပတ်နေကြတာဖြစ်တယ်။ ဒါဟာ ကောင်းတဲ့ အချက်ပါ။ နံရံတိုင်းမှာ နားတွေရှိတယ် ဆိုတဲ့ စကား ကို မကြာခင်မှာ နားလည်သွားကြပါလိမ့်မယ်။

အောင်မိုးဝင်း
=================================
နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ ( ဒုတိယပိုင်း) ကို ဆက်လက်ဖေါ်ပြလိုက်ပါတယ်။
-------------------------------------------------------------
ABSDF (မြောက်ပိုင်း) တွင် ဖြစ်ပွားခဲ့သော ထောက်လှမ်းရေးသူလျှိုများအဖြစ် စတင်ခဲ့ပုံမှာ ( ၅၀၁) တပ်ရင်းမှူး သိုက်ထွန်းဦး ( ယ္ခု Australia နိုင်ငံသို့ ရောက်ရှိနေသူ) ၏ အောက်ခြေသိမ်း အလုပ်လုပ်ပေးနေရသည့် ကျောင်းသားရဲဘော် စိုးမင်းအောင် တပ်မှ ထွက်ပြေးရာမှ စတင်ခဲ့သည်။ ထိုတပ်ပြေး စိုးမင်းအောင် အား တရုပ်ပြည်မှ ပြန်လည်ဖမ်းဆီးခေါ်ဆောင်လာပြီး လူမဆန်စွာ ညှင်းပမ်းနှိပ်စက်ပြီး ထောက်လှမ်းရေးသူလျှို ဟုတ်ပါသည်ဟု မတရားဝန်ခံခိုင်းသည်။ ညှင်းပမ်းမှုများ ဒဏ်ကြောင့် မခံမရပ်နိုင်ဖြစ်ပြီး မတရားဝန်ခံချက်ကို ဟုတ်သည်ဟု ဖြေကြားခဲ့သည်။ ထိုမှတဆင့် ထောက်လှမ်းရေးသူလျှို၏ အမည်ကို နှိပ်စက်ပြီး မေးလေတော့သည်။ ထို စိုးမင်းအောင်၏ ထွက်ဆိုချက်များအရ၊ ကျောင်းသား ရန်အောင် ကို ဖမ်းဆီးနှိပ်စက်သည်။ ထိုမှတဆင့် အဆင့်ဆင့် နှိပ်စက်ဖမ်းဆီးရာ သူလျှိုများအဖြစ် မတရားဖမ်းဆီးခံရသူပေါင်း၊ ( မိမိ အပါအဝင်) ကျောင်းသား (၁၀၁) ဦး ရှိလာသည်။
ABSDF ( မြောက်ပိုင်း) တွင် ကျောင်းသားအင်အား (၃၀၀) ကျော်ခန့်သာ ရှိချိန်တွင် ထောက်လှမ်းရေးသူလျှိုအဖြစ် ဖမ်းဆီးနှိပ်စက်ခြင်းခံရသူပေါင်းမှာ (၁၀၁) ဦးရှိခဲ့သည်။ ပထမဆုံး ဖမ်းဆီးနှိပ်စက်ခြင်းခံရသော ကျောင်းသား စိုးမင်းအောင်မှာ စစ်ကြောရေးဒဏ်ဖြင့် သေဆုံးသွားခဲ့ရသည်။ ညှင်းပမ်းနှိပ်စက်မှုကြောင့် စစ်ကြောရေး ဒဏ်ဖြင့် သေဆုံးသွားရသော ကျောင်းသားရဲဘော်မှာ (၁၃) ဦးရှိပြီး တရုပ်ပြည် ယင်ကျန်းတွင် လုပ်ကိုင်စားသောက်နေသော အရပ်သား (၁) ဦးရှိသည်။ ၁၉၉၂ ပြည်ထောင်စုနေ့တွင် ရက်စက်စွာသတ်ဖြတ်ခံရသူ (၁၅) ဦးရှိသည်။ ထိုသေဒဏ်ချမှတ်ရာတွင် အဓိကတာဝန်ရှိသော (၃) ဦးမှာ ထိုကာလတွင် ABSDF ( မြောက်ပိုင်း) ၏ ထိပ်တန်းတာဝန်ယူထားသော ကျောင်းသားတပ်မတော် ခေါင်းဆောင်ဖြစ်သည့်

(၁) အောင်နိုင် ( ABSDF-မြောက်ပိုင်း ဥက္ကဋ္ဌ) ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဋ္ဌာနမှ နှုတ်ထွက်ခဲ့ရသူတဦးဖြစ်ပြီး ယ္ခုအခါ ချင်းမိုင် နေထိုင်ကာ အင်တာနယူးအေဂျင်စီတွင် လုပ်ကိုင်နေသောသူဖြစ်သည်။
(၂) သံချောင်း (ခ) စိုးမြင့် ( ၂၀၀၆ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့စွဲပါ ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာအရ စစ်အစိုးရမှ ဖမ်းဆီးခံခဲ့ရသူ) (၃) မျိုးဝင်း ( ၁၉၉၂ မေလ ကုန်ခန့်တွင် တိုက်ပွဲကျဆုံး)

ABSDF ( မြောက်ပိုင်း) တွင်ဖြစ်ပွားခဲ့သည့် တပ်မတော် ထောက်လှမ်းရေးသူလျှိုများဟု ဖမ်းဆီးရာတွင် တာဝန်ရှိသည့် ကျောင်းသားဦးဆောင်သူများမှာ
(၁) ဗိုလ်မှူးသံချောင်း (ခ) မြင့်စိုး ( ဗဟိုစစ်ရေးတာဝန်ခံ)
(၂) အတွင်းရေးမှူး အောင်နိုင် ( ဥက္ကဋ္ဌ အဖြစ် ရာထူးတိုးမြင့်တာဝန်ယူခဲ့သည်)
(၃) ဗိုလ်ကြီး မျိုးဝင်း ( တွဲဘက် အထွေအထွေ အတွင်းရေးမှူး-တစ်-၊ ဒု -စစ်ရေးတာဝန်ခံ ) မိုးညှင်း- နန်းမား
(၄) တပ်ကြပ်ကြီး သန်းဇော် ( မန္တလေး- ဗဟိုထောက်လှမ်းရေး တာဝန်ခံ)
(၅) တပ်ကြပ်ကြီး ဇော်ဇော်မင်း ( မိုးညှင်း- ဗဟိုထောက်လှမ်းရေး)
(၆) ဒုတပ်ကြပ် အောင်စိုးမြင့် ( မိုးညှင်း- ဗဟို ထောက်လှမ်းရေး)
(၇) တပ်ကြပ်ကြီး ကျော်ထင်ဦး ( မိုးညှင်း- ဗဟိုထောက်လှမ်းရေး)
(၈) ရဲဘော် မောင်ထွေး ( ဗန်းမော်)
( ၉) ရဲဘော် ဖိုးနှောင်း ( ဗန်းမော်)
( ၁၀) ရဲဘော် သက်လင်း ( ဗန်းမော်)

စစ်ကြောရေးအဖွဲ့ဝင်များ
(၁) လှဆိုင်း ( မြစ်ကြီးနား) တွဲဘက် အထွေထွေ အတွင်းရေးမှူး -၂ ( အာသံကုန်း ခေါင်းဖြတ်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ဓါးကိုင်ပြီး သတ်ဖြတ်ခဲ့သူဖြစ်တယ်။ လှဆိုင်း ဟာ ABSDF ( မြောက်ပိုင်း) ပြန်လည်ဖွဲ့စည်းစဉ်မှာ ပါဝင်နေဆဲဖြစ်သည်ဟု သိရသည်)
(၂) စိန်အေး ( မိုးညှင်း- ကချင်ဒေသ ခရိုင်မှူး)
(၃) အောင်သန်း (မိုးညှင်း ( ၇၀၁ ) တပ်ရင်းမှူး)
(၄) သက်ထွန်း ( မိုးညှင်း တပ်ခွဲမှူး)
(၅) စောရင်ထွေး ( ရွှေကူ တပ်ခွဲမှူး)
(၆) သိုက်ထွန်းဦး ( ရန်ကုန်- ၅၀၁ တပ်ရင်းမှူး)
(၇) ရဲလင်း ( ရန်ကုန်- ရန်ကုန်ဒေသ ခရိုင်မှူး ( ထလရ အဖြစ်အဖမ်းခံရ)
(၈) ညီညီကျော်- ( မန္တလေး- မန္တလေး ဒေသခရိုင်မှူး) ( ထလရ အဖြစ် အဖမ်းခံရ)

ထောင်မှူးတာဝန်ခံများ
(၁) ဒုအရာခံဗိုလ် အောင်မင်း ( မိုးညှင်း) ၊ တပ်ကြပ်ကြီး ထိန်လွန် ( ဗန်းမော်)
(၂) တပ်ကြပ်ကြီး အေးမောင် ( မိုးညှင်း) ၊ ရဲဘော် လက်သီး
(၃) တပ်ကြပ်ကြီး တာတီး ( မိုးညှင်း)၊ တပ်ကြပ်ကြီး စောမြမောင်
(၄) တပ်ကြပ်ကြီး လှမျိုးအောင် ( မိုးညှင်း- တာဝန်ပေါ့လျော့မှုဖြင့် သေဒဏ်ချ သတ်ဖြတ်ခံရသည်)

၁၉၉၂ ဖေဖေါ်ဝါရီ (၁၂) ရက်နေ့တွင် သေဒဏ်ချပြီး ရက်စက်စွာ သတ်ဖြတ်ခံရသည့် (၁၅) ဦး
(၁) ရဲမေ ခင်ချိုဦး ( ရန်ကုန်) - အသတ်မခံရခင် ကိုယ်တုံးလုံးချွတ်ပြီး ABSDF ( မြောက်ပိုင်း) ရဲဘော်များအား ဖျော်ဖြေခဲ့ရ- သူမ၏တောင်းဆိုမှုအရ သံချောင်းမှ သေနပ်ဖြင့် ပစ်သတ်ခဲ့သည်။
(၂) တပ်ကြပ် ဋ္ဌေးမြင့်ဝင်း ( ရန်ကုန်) ( တောင်းဆိုမှုအရ သံချောင်းမှ သေနပ်ဖြင့် ပစ်သတ်ခဲ့။ အသတ်မခံရခင် မျိုးဝင်းမှ မင်းဘာတတ်နိုင်သေးလဲ ဟု အငြိုးတကြီး ကြိမ်းမောင်းခဲ့)
(၃) ရဲဘော်မောင်မောင်ကြွယ် (ရန်ကုန်) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၄) ရဲဘော်သက်နိုင် ( ရန်ကုန်) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၅) ဗိုလ်သာဓု (ရန်ကုန်) (ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၆) ရဲဘော် အောင်ဖိုး ( ရန်ကုန်) ( သေဒဏ်မချခင် ခြေထောက်တွင် မိုင်းချည်ပြီးမိုင်းခွဲခြေဖြတ်ခြင်းခံခဲ့ရ
(၇) ဥက္ကဋ္ဌ ထွန်းအောင်ကျော် ( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၈) ရဲဘော်ရန်အောင် ( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၉) ကိုချိုကြီး ( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၁၀) ကိုလှမြင့် ( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၁၁) ရဲဘော်မောင်မောင် ( ကသာ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)
၁၂) ရဲဘော် အေးမြင့် ( ကသာ ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၁၃) ရဲဘော် ကျော်ကျော်မင်း ( မုံရွာ ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၁၄) တပ်ကြပ်ကြီး သောင်းမြင့် ( စစ်ကိုင်းတိုင်း ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၁၅) တပ်ကြပ်ကြီး တူးတူး ( မြစ်ကြီးနား) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

အထက်ပါ (၁၅) ဦးတွင်- မခင်ချိုဦးနှင့် ဋ္ဌေးမြင့်ဝင်းမှာ မိမိနှင့်အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် လုပ်အားပေးခဲ့ပြီး ABSDF ( ကချင်ပြည်နယ်) သို့ ရောက်ရှိခဲ့ပြီး ၁၉၈၉ ခုနှစ်၊ မေလ စစ်သင်တန်း အမှတ်စဉ် (၃) ကို တက်ရောက်ခဲ့သည်။ သူတို့နှစ်ဦး၏ တောင်းဆိုချက်အရ သံချောင်း မှ သေနပ်ဖြင့် ပစ်သတ်ခဲ့သည်။ ကျန် (၁၃) ဦးမှာ ရက်စက်စွာ ခေါင်းဖြတ်သတ်ခံခဲ့ရသည်။ ခေါင်းဖြတ်သတ်ခြင်းကို “မျိုးဝင်း” နှင့် “လှဆိုင်း” တို့ နှစ်ဦးမှ ပြုလုပ်ခဲ့သည်။ လှဆိုင်းမှာ ယ္ခုအခါ ABSDF ( မြောက်ပိုင်း) တွင် ပြန်လည်ပါဝင်လုပ်ကိုင်နေကြောင်းသိရသည်။

ကြေငြာခြင်းမရှိပဲ ရက်စက်စွာ သတ်ဖြတ်ခြင်း ခံခဲ့ရသူ (၅) ဦး
၁) ကိုကျော်ဝေ ( မန္တလေး) –
စစ်ကြောရေးကာလတွင် အဆိပ်နှင့်လက်နက်များထုတ်မပေးနိုင်သောကြောင့် လက်ကို မိုင်းခွဲဖြတ်ခြင်းခံခဲ့ရသည်။ ဒုတိယအကြိမ် အဆိပ်ထုတ်မပေးနိုင်သဖြင့် ဦးခေါင်းကို ထင်းတုံးပေါ်တင်ပြီး “မျိုးဝင်း” မှ ခေါင်းဖြတ်သတ်ခဲ့သည်။
(၂) စိုးဝင်းသန်း ( မန္တလေး)
၁၉၉၂ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ညတွင် တပ်သား တရုတ်ကြီး ၏ လွဲမှားသော သတင်းပေးမှုကြောင့် သတ်ဖြတ်ခြင်းခံရသည်။ ဖြစ်ရပ်မှာ စိုးဝင်းသန်း မှာ နာမကျန်းဖြစ်ပြီး KIA ဆေးရုံတွင် ဆေးကုသခံယူရသည်။ KIA မှ စိုးဝင်းသန်း နာမကျန်းမှု ပျောက်ကင်းပြီဖြစ်ကြောင်း ဆက်သွယ်ရေးဆက်နှင့်အကြောင်းကြားမှု ကို သတင်းလက်ခံသော တရုတ်ကြီးမှာ “ စိုးဝင်းသန်း ပျောက်ဆုံးနေသည်ဟု သန်းဇော်မှ တဆင့် မျိုးဝင်းထံ သတင်းပို့ခဲ့သည်။ မျိုးဝင်းတို့က အုပ်စု (၂) စုခွဲကာ တွေ့သည့်နေရာ ခုတ်သတ်ဖို့ အမိန့်ပေးခဲ့သည်။ အုပ်စု တစုမှာ တရုပ်ပြည်လမ်းကြောင်းကို သွားပြီး၊ တစုမှာ KIA ဆေးရုံသို့သွားကာ မည်သို့မည်ပုံ စိုးဝင်းသန်းပျောက်ဆုံးကြောင်း သတင်းရယူသည်။ သို့သော် စိုးဝင်းသန်း မှာ ထွက်ပြေးခြင်းမဟုတ်ပဲ ရောဂါပျောက်ကင်းသဖြင့် ABSDF ကျောင်းသားများလာခေါ်မည်ကို စောင့်ဆိုင်းနေသည်။ သို့သော်လည်း မျိုးဝင်းမှ “ ငါသေဒဏ်ချခဲ့ပြီး ဖြစ်တဲ့အတွက် တခါတည်း လူသတ်ကုန်းပေါ် ခုတ်သတ်လိုက်တော့ ဟု ပြောရာ၊ ထိုအမိန့်ကို နာခံပြီး၊ သန်းဇော် တို့အုပ်စုက “ စိုးဝင်းသန်း” ကို သတ်ဖြတ်ခဲ့သည်။
(ထိုဖြစ်စဉ်ကို မိမိတို့ အတိအကျ သိရှိနေရခြင်းမှာ ထိုနေ့ည ( ဖေဖေါ်ဝါရီ ၁၉) ရက်နေ့ တွင် မျိုးဝင်းနှင့်အောင်နိုင် တို့မှ မိမိအပါအဝင်၊ ဘိုဘို ( ရန်ကုန်)၊ ဝဏဇော် ( ရန်ကုန်)၊ ရဲလင်း ( ရန်ကုန်)၊ ညီညီအောင် ( ပဲခူး)၊ ကျော်နိုင်ဦး (သာယာဝတီ)၊ ကိုညီညီ ( မန္တလေး)၊ စုစုပေါင်း (၇) ဦးအား မိဘများထံ မိမိတို့မှာ ထောက်လှမ်းရေးသူလျှိုများဖြစ်ပြီး ကျောင်းသားတပ်မတော်၏ ဖမ်းဆီးခြင်းခံနေရပါသည်။ သို့သော် မိမိတို့အား လာရောက်ခေါ်ဆောင်ပါက ကျောင်းသားတပ်မတော်မှ သဘောထားကြီးစွာဖြင့် မိမိတို့အား အချုပ်မှ လွတ်မြောက်ပြီး အိမ်သို့ ပြန်လည် ထွက်ခွာခွင့်ပြုမည်ဟု ကတိပေးသဖြင့် မိမိတို့ (၇) ဦး၊ မိဘများထံ စာရေးဆက်သွယ်ရသော နေ့၊ အချိန်ဖြစ်နေပါသည်။)
(၃) ဝင်းနောင် ( ရန်ကုန်) ၁၉၉၂ ဧပြီလဆန်းပိုင်းခန့်က ဗန်းမော်ခရိုင်တွင် သတ်ဖြတ်ခံခဲ့ရသည်
(၄) ရန်ရှင်း ( ရက်စက်စွာ နှိပ်စက်ပြီး ခုတ်ထစ် သတ်ဖြတ်ခြင်းခံခဲ့ရသည်)
(၅) ဦးကျော်ကျော်အုန်း ( ခရိုင်မှူး) ( ရှေ့တန်းတွင် လူမဆန်စွာ ညှင်းပမ်းနှိပ်ဆက်ခံခဲ့ရသည်)

လူမဆန်သည့် ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့တဲ့ ကျောင်းသားတပ်မတော်ရဲဘော် (၁၄) ဦး
(၁) ရဲဘော် စိုးမင်းအောင်
(၂) ဗဟိုကော်မတီဝင် ဦးစိန် ( ရန်ကုန်)
(၃) ရဲဘော် ပြည့်စိုးနိုင် ( ရန်ကုန်)
(၄) ရဲဘော် အေးကျော်
(၅) ရဲဘော် ကျော်ဋ္ဌေး
(၆) ရဲဘော်ကျော်ကျော်ဦး
(၇) ဒုအရာခံဗိုလ် အောင်ကိုး ( ဗန်းမော်)
(၈) တပ်ကြပ်ကြီး ဇော်ဝင်းချစ် (ဗန်းမော်)
(၉) ဗဟိုကော်မတီဝင် ခင်မောင်အေး (စစ်ကိုင်း)
(၁၀) ရဲဘော်တင့်လွင( မြစ်ကြီးနား)
(၁၁) အောင်မင်း ( မန္တလေး)
(၁၂) အရှည်ကြီး ဝင်းသိန်း
(၁၃) ရဲဘော် စိုးကြီး
(၁၄) ရာကွတ်ဘိုင် ( တရုပ်ပြည်၊ ယင်ကျန်း)

စစ်ကြောရေးကာလတွင် ထွက်ပြေးလွတ်မြောက်သွားသူ (၄) ဦး
( ၁) ညီညီကျော် ( မန္တလေး)
(၂) ရဲဘော် သက်တင် ( ဗန်းမော်)
(၃) ဂမ်လီ ( လဇွန် ဂမ်လီ)
(၄) စိုးကြိုင်


မျိုးဝင်း ၏ အမိန့်အရ ထောင်မှ လွတ်ခဲ့သူ (၃) ဦး
( ၁ ) တပ်ကြပ်ကြီး ခင်မောင်ဇော် ( မန္တလေး ) ဗဟို စစ်ရုံးတာဝန်ခံ
(၂) ရဲဘော် မိုးဇော်ထွန်း (ခ) မိုးကြီး ( ရန်ကုန်)
(၃) ရဲမေ သင်းသင်းညီ ( ရန်ကုန်)
ဥက္ကဋ္ဌ အောင်နိုင် နှင့် VCs မျိုးဝင်းတို့၏ သဘောအရ ၁၉.၂. ၁၉၉၂ တွင် မိဘများထံ စာရေးခေါ်သောကြောင့် မိဘများ ABSDF( မြောက်ပိုင်း) သို့ ရောက်ရှိလာခဲ့ကြသည်။ ထိုစဉ်က မိမိတို့အား မိဘများ လာရောက်ခေါ်ဆောင်ပါက အိမ်ပြန်ခွင့်ပေးမည့် ကတိကို ABSDF(NB) ခေါင်းဆောင်များက ကတိဖျက်ခဲ့ပြီး မိမိတို့ အိမ်ပြန်လိုပါက ပြန်နိုင်သည်။ သို့သော် မိဘများအားတောတွင်း တွင်ခေါ်ဆောင်ထားမည် ဟု အကြပ်ကိုင်သဖြင့် မိမိတို့မှာ လာရောက်ခေါ်ဆောင်သည့် မိဘများအား “အမေတို့အိမ်ပြန်ကြပါ။ မိမိတို့ ကျောင်းသားတပ်မတော်မှာပင် ဆက်လက်နေထိုင်သွားမည်ဟု ပြောခဲ့ပါသည်။ ထိုအခါ မိမိ၏ မိခင်မှာ မြေပေါ်တွင် ဒူးနှစ်ဘက် စုံထောက်ပြီး လက်အုပ်မိုးကာ ကျောင်းသားခေါင်းဆောင်များအား ရှစ်ခိုးငိုယိုတောင်းပန်ကာ မိမိတို့ (၇) ဦးအား သနားသဖြင့် အချုပ်မှ လွှတ်ပေးရန် ပြောဆို ပန်ကြားခဲ့ပါသည်။

မိမိတို့၏ အသနားခံမှု နှင့် အချုပ်မှ လွှတ်မြောက်ခဲ့သူ (၇) ဦးမှာ
(၁) ရဲမေ နန်းအောင်ထွေးကြည် ( ရန်ကုန်)
(၂) ရဲဘော် ဝဏ္ဏဇော် ( ရန်ကုန်)
(၃) ခရိုင်မှူး ရဲလင်း (ရန်ကုန်) ( စစ်အစိုးရမှ ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့သည်)
(၄) ရဲဘော် မိုးကျော်သူ (ခ) ဘိုဘို ( ရန်ကုန်) ( စစ်အစိုးရမှ ထောင်ဒစ် ၂၁ နှစ်ချမှတ်ခဲ့သည် )
(၅) ရဲဘော် ညီညီအောင် (ခ) ဒိုဇာ ( ပဲခူး)
(၆) ကိုညီညီ ( မန္တလေး)
(၇) ရဲဘော်ကျော်နိုင်ဦး (ခ) ကြောင် ( သာယာဝတီ)
မိမိတို့ (၇) ဦး ထောင်မှ လွတ်လာပြီး မကြာမီ ထောင်အတွင်းတွင် ကျန်ရှိနေသော ကျောင်းသား (၅၆) ဦး ထောင်ဖောက် ထွက်ပြေးလွတ်မြောက်သွားကြသည်။ ထိုညတွင်းချင်းပင် မိမိတို့ (၇) ဦး နှင့် ခင်မောင်ဇော်၊ မိုးကြီး တို့အား ဒုတိယအကြိမ် ပြန်လည်ဖမ်းဆီးခဲ့သည်။ အကျဉ်းသား (၅၆) ဦး ထောင်ဖောက်ပြေးမှု နှင့် ပတ်သက်ပြီး၊ ထိုစဉ်က တာဝန်ကျခဲ့သော ထောင်မှူး လှမျိုးအောင် အပါအဝင်၊ ကျောင်းသား (၃) ဦးအား တာဝန်ပေါ့လျော့မှု နှင့် သတ်ဖြတ်ပစ်ခဲ့သည်။
ABSDF (NB) ရှိ တပ်ရင်း (၇၀၁)၊ (၅၀၁) နှင့် (၄၀၁) တွင် အင်အားစုစုပေါင်း (၂၀၀) မျှသာ ကျန်တော့သည်။ မတရားဖမ်းဆီးပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများကြောင့် ပြည်တွင်း ပံ့ပိုးမှုများ ရပ်ဆိုင်းခဲ့ပြီး၊ မည်သူမှလည်း ပူးပေါင်းလာခြင်း မရှိတော့ပါ။ တပ်ရင်းများအတွက် လူအင်အားဖြည့်ဆီးရန် လိုအပ်လာသဖြင့် ထိုအချိန်ကာလ ABSDF ( မြောက်ပိုင်း) ဥက္ကဋ္ဌ ရာထူးကို တို့မြှင့်ရယူလိုက်သော အောင်နိုင် ( ယ္ခု - ချင်းမိုင် တွင် သတင်းသမား လုပ်နေသူ)၊ သံချောင်းတို့၏ သဘောတူညီမှု၊ ဦးဆောင်ဆုံးဖြတ်မှုများဖြင့်၊ ကျေးလက်တောရွာများတွင် နေထိုင်ကြသော ငယ်ရွယ်သူများကို လက်နက်ပြ ခြိမ်းခြောက်ပြီး ABSDF ( မြောက်ပိုင်း) မှ ပို့ချသော စစ်သင်တန်းတက်ရောက်ခိုင်းပြီး ကျောင်းသားရဲဘော် ရဲမေ များ အဖြစ် မတရားသိမ်းသွင်း တာဝန်ထမ်းဆောင်စေခဲ့သည်။
မှတ်မိသလောက်ဆိုလျင် ၁၉၉၂ ဇွန်လ ပိုင်းလောက်ခန့်လောက်ဖြစ်နိုင်သည်။ ထောက်ဖောက်ပြေးသော အကျဉ်းကျ ကျောင်းသားများ ( ၂၁.၅.၉၂) နောက်ပိုင်း၊ မျိုးဝင်း တိုက်ပွဲကျခဲ့သည်။ ( ၁၉၉၂ မေလ)။ နောက်ပိုင်းတွင် လက်ရှိ ထိုင်းနိုင်ငံတွင် သတင်းထောက်လုပ်နေသူ၊ အောင်နိုင် နှင့် မြင့်စိုး (ခ) သံချောင်းတို့၏ ဦးဆောင်မှုဖြင့် ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မန်နောင် ကျေးရွာနှင့် မြို့လှ၊ သာယာကုန်းရွာတို့တွင် ဝမ်းဆာရှာစားသောက်နေသော အရပ်သား လူငယ်လူရွယ်များအား လက်နက်ပြ ဖမ်းဆီးပြီး ABSDF ( မြောက်ပိုင်း) ကျောင်းသားတပ်မတော်၏ အင်အားအဖြစ် ဖြည့်ဆီးခဲ့သည်။ စစ်သင်တန်း အမှတ်စဉ် (၈) နှင့် အမှတ်စဉ် (၉) ဖွင့်လှစ်ပြီး သင်တန်းပေးခဲ့သည်။

အပိုင်း (၆) အဖြစ် မျက်မြင်သက်သေ နောက်ထပ်တယောက်ရဲ့ စာ ကို တင်ပြပေးပါ့မယ်။ စိတ်ဝင်စားစရာအပြည့်ပါ။

Sunday, January 8, 2012


ရန်သူ့သူလျှို ဖော်ထုတ်မှုနှင့် ပတ်သက်ပြီး သဘောထားထုန်ချက်နှင့်..

ကိုကိုဦးရဲ့ သဘောထားတုန့် ပြန်စာ


သို့
ဗဟိုကော်မီတီ(ဋ္ဌါနချုပ်)
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(မကဒတ)
မှ
ကိုကိုဦး(မကဒတအဖွဲ့ဝင်ဟောင်း)၏အကြံပေးစာ

ကျနော် မကဒတ(ABSDF)ထုတ်ပြန်ကြေငြာချက်ကိုဖတ်လိုက်ရတော့အတော်ကိုအံ့သြသွား ရပါတယ်၊ အားမနာတမ်းပြောရမယ်ဆိုရင်မျှော်လင့်ထားတာနဲ့တခြားစီဖြစ်နေလို့ပါပဲ၊အဲဒီက အချက်တွေကို ထောင့်ပြီးပြောရမယ်ဆိုရင် ထုတ်ပြန်ကြေငြာချက်တွင်ပါရှိသည့်အပိုဒ်(၃)ကို ကျနော်အနေနဲ့လုံးဝသဘောမကျခဲ့ပါ၊ ၄င်းတွင်ပါဝင်သည့်

“မကဒတ(ကျောင်းသာတပ်မတော်)မှအရေးယူဆောင်ရွက်ခဲ့သောသူလျှိုဖေါ်ထုတ်မှုနဲ့ပတ်
သက်ပြီး”ဟုညွန်းဆိုထားခြင်းသည် မကဒတအလုပ်အဖွဲ့မှအဖြစ်မှန်ဖေါ်ထုတ်ရေးကိုမလုပ်ခင်
ကတည်းကပင် ကြိုတင်ညွန်းဆိုချက်ချပြီးသားသလိုမျိုးခံစားမိပါသည်၊

အသတ်ခံရသူတွေအထဲမှာသူလျှိုတွေပါနေပြီဆိုတဲ့အမြင်ကို စုံစမ်းစစ်ဆေးရေးမလုပ်ခင်ကပင် ရှိနေခဲ့ပါက ဘယ်လိုသောစစ်ဆေးဖေါ်ထုတ်မှုကိုလုပ်လင့်ကစား မျှမျှတတဖြစ်လာဖို့အခက်အ
ခဲတွေအများကြီးရှိလာနိုင်ပါတယ်၊

တကယ်ဆိုလျှင်ပြုလုပ်သူနဲ့ပြုလုပ်ခံရသူနှစ်ဦးအကြား တရားသူကြီးသဘွယ် တရားမျှတမှုရှိ အောင်ဆောင်ရွက်ပေးရမည့် မကဒတအနေ့နဲ့ ဦးစွာပထမ သံသယကင်းကင်းထားရှိပြီးမှ စစ်ဆေးတွေ့ရှိချက်အပေါ်မျှမျှတတအဆုံးအဖြတ်ပေးရမှာဖြစ်ပါတယ်၊

ဒါကလည်း အဖွဲ့အစည်းကချမှတ်မည့်ဆုံးဖြတ်ချက်မျှသာဖြစ်ပြီး ဥပဒေစံနှုန်းအရဖြစ်ဖို့တော့ အလားအလာအလွန်နည်းနေဦးမှာပင်ဖြစ်သည်၊

အပိုဒ်(၃)(က)မှာ “မကဒတ၏သမိုင်းရေးဆိုင်ရာကိစ္စဖြစ်သည်”ဟုဆိုထားခြင်းကိုလည်း ကျနော်အနေနဲ့ဤအယူအဆကိုသိပ်သဘောမတွေ့ပါ၊ အမှန်တကယ်ဆိုရလျှင် ယခုကိစ္စသည်
မကဒတ၏အဖွဲ့တွင်းရေးရာဆိုင်ရာကိစ္စဖြစ်သည့်အပြင် ကျောင်းသားလှုပ်ရှားမှုဆိုင်ရာသမိုင်း
တစ်ခုလုံးထဲမှာပင်အကျူံးဝင်လျှက်ရှိနေပါသည်၊

အပိုဒ်(၃)(ခ)မှာ”ရန်သူစစ်အာဏာရှင်တို့၏စနစ်တကျသပ်လျှိုဖြိုခွဲမှုဖြစ်သည်”ဆိုရာ၌အဓိပ္ပါယ်
နှစ်ခွထွက်နေသကဲ့သို့ခံစားမိပါသည်၊

ရန်သူသူလျှိုဆိုတာဘယ်သူ့ကိုရည်ညွန်းတာလည်းသိပ်မရှင်းပါ။ အသတ်ခံရသူတွေဟာ သူလျှိုဖြစ်နေတာလား၊သတ်တဲ့သူတွေကပဲသူလျှိုဖြစ်နေတာလား၊မရှင်းမရှင်းဖြစ်နေရပါတယ်၊
တကယ်လို့အသတ်ခံရသူတွေဟာသူလျှိုတွေဖြစ်တယ်၊ သူလျိုတွေပါနိုင်တယ်ဆိုရင် ကိုမျိုးဝင်း၊ကိုသံချောင်း၊ရော်နယ်အောင်နိုင်တို့ကျူးလွန်ခဲ့သော မဆင်မချင်ဗိုလ်ကျမှုကို ထောက်ခံပေးလိုက်သည့်သဘော သက်ရောက်သွားနိုင်ပါသည်၊

သေဒဏ်အမိန့်ကို လွယ်လင့်တကူချမှတ်ပြီး သတ်ဖြတ်မှုမှာတာဝန်ရှိသူတွေကိုရန်သူသူလျိုလို့ ဆိုရင်တော့ ကိုမျိုးဝင်း၊ ကိုသံချောင်း၊ရော်နယ်အောင်နိုင်တို့က သူလျှိုဖြစ်နိုင်သည်ဟု နားလည်သွားနိုင်ပါသည်၊

ဒါကြောင့်မကဒတလက်ရှိဗဟိုအနေနဲ့ချထားသောအခြေခံသဘောတရားသည်ပြည့်စုံလုံ
လောက်ခြင်း၊ ရှင်းလင်းပြတ်သားခြင်းမရှိဘူးဆိုတာကိုတွေ့ရှိနေရပါသည်၊

အပိုဒ်(၄)အရ”အထက်ပါအခြေခံသဘောတရားကိုကိုင်ဆွဲ၍ဖြစ်ရပ်မှန်ဖေါ်ထုတ်နိုင်ရေး”ကို
အလုပ်အဖွဲ့မှဆောင်ရွက်သွားမည်ဟုဆိုထားသည့်အတွက်အပိုဒ်(၃)(ခ)ကိုအကျယ်တ၀င့်ရှင်း
လင်းရန်လိုနေပါသည်၊

မိမိအနေဖြင့် မကဒတမြောက်ပိုင်းကိစ္စသည် မကဒတ၏သမိုင်းရေးရာသာမက ကျောင်းသား
လှုပ်ရှားမှုသမိုင်းနဲ့အကျုံးဝင်နေသည့်အတွက် မကဒတ၏အလုပ်အဖွဲ့တစ်ခုဖြစ်သာဆောင်
ရွက်မည်ဆိုပါက ပြီးပြည့်စုံအောင်ဆောင်ရွက်နိုင်မည်မဟုတ်သည့်အပြင် ဘက်စုံပေါင်းစုံ
ဆောင်ရွက်ပေးနိုင်မည်ဟုမယူဆပါ၊သို့ဖြစ်ပါ၍လက်ရှိမကဒတဗဟိုအနေဖြင့်ပိုမိုရှင်းလင်းပြတ်
သားသည့်အခြေခံမူကိုချမှတ်ပြီး ဘက်မလိုက်ပဲမျှမျှတတဆောင်ရွက်သွားနိုင်ဖို့အလွန်အရေး
ကြီးနေပါသည်။အကယ်၍လက်ရှိမကဒတဗဟိုအနေဖြင့်တဖက်ဖက်ကိုမယိမ်းမယိုင်ပဲ ဆောင်ရွက်ခဲ့နိုင်သောအနေအထားကိုမရရှိခဲ့လျှင် ပိုမိုရှုပ်ထွေးသောနောက်ထပ်အကျိုးဆက်
များကိုလည်းရလာနိုင်သောအနေအထားတွင်ရှိနေပါသည်။သို့ဖြစ်၍မကဒတ၏အလုပ်အဖွဲ့ဝင်
များသာမက မှန်မှန်ကန်ကန်ဆောင်ရွက်လိုစိတ်ရှိသောသူများကိုပါထည့်သွင်းပြီး ပိုမိုကျယ်ပြန့်
သော အမှုမှန်ဖေါ်ထုတ်ရေးကော်မရှင်ကိုဖွဲ့စည်းဆောင်ရွက်သင့်သည့်ထင်မြင်မိပါသည်၊

လေးစားစွာဖြင့်
========================================================

ရန်သူ့သူလျှို ဖော်ထုတ်မှုနှင့် ပတ်သက်ပြီး တရားမျှတမှုနှင့် အမှန်တရားပေါ်ထွန်းရေးတို့အတွက် သဘောထားထုတ်ပြန်ချက်


၁။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးမှ ပေါက်ဖွားလာခဲ့သော မကဒတ (ကျောင်းသား တပ်မတော်) သည် “ရဟန်း၊ ပြည်သူ၊ ကျောင်းသား၊ လူတန်းစားပေါင်းစုံ၊ တိုင်းရင်း သားပေါင်းစုံ” ဖြင့် ဖွဲ့ စည်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ထို့ ပြင်
• အဖိနှိပ်ခံပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ရေး
• ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေး
• ပြည်တွင်းငြိမ်းချမ်းရေး နှင့်
ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဟူသော ဦးတည်ချက် (၄) ရပ်ကို အခိုင်အမာကိုင်စွဲရင်း စစ်အာဏာရှင် စနစ်အား ပြတ်သားစွာတိုက်ပွဲဝင်လာခဲ့သော အဖွဲ့ အစည်းတစ်ခုဖြစ်သည်။

၂။ တိုက်ပွဲဝင်ခဲ့သည့် ၂၃ နှစ်ကျော်ကာလအတွင်း အဖွဲ့ အစည်းပြိုကွဲပျက်စီးရန်နှင့် အဖွဲ့ အစည်းတွင်း စည်းလုံး ညီညွတ်မှု ပျက်ပြားရန်အတွက် စစ်အာဏာရှင်များဖက်က ဘက်ပေါင်းစုံမှ သပ်လျှိုဖြိုခွဲမှုများကိုလည်း ကြုံတွေ့ 
ဖြတ်သန်း ခဲ့ရသည်။ တပြိုင်နက်တည်းတွင် ၎င်းကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင် အတွေ့ အကြုံအရ အားနည်းမှုများ၊ နိုင်ငံရေး မရင့်ကျက်မှုများ ရှိခဲ့ပါသည်။

၃။ ထို့ ကြောင့် မကဒတ(ကျောင်းသားတပ်မတော်)မှ အရေးယူဆောင်ရွက်ခဲ့သော ရန်သူ့ သူလျှိုဖော်ထုတ်မှုနှင့် ပတ်သက်ပြီး တရားမျှတမှုနှင့် အမှန်တရားပေါ်ထွန်းရေးတို့အတွက် အဋ္ဌမအကြိမ်ညီလာခံသက်တမ်းအတွင်း ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့  ဗဟိုကော်မတီစုံညီအစည်းအဝေးတွင် အောက်ပါသဘောထားကို ချမှတ်ထားပြီးဖြစ်သည်။
(က) မကဒတ ၏ သမိုင်းရေးဆိုင်ရာ ကိစ္စဖြစ်သည်။
(ခ) ရန်သူစစ်အာဏာရှင်၏ စနစ်တကျ သပ်လျှို ဖြိုခွဲမှုဖြစ်သည်။
(ဂ) အချိန်ကာလတခုရောက်လျှင် သက်ဆိုင်သူများအားလုံး ပူးတွဲညှိနှိုင်းဖြေရှင်းရန်နှင့် ရရှိလာသော ရလာဒ် အပေါ် မကဒတ(ကျောင်းသားတပ်မတော်)မှ တာဝန်ခံသွားမည်ဖြစ်သည်။

၎။ သို့သော် လက်ရှိကာလ ဖြစ်ပေါ်လျှက်ရှိသော အခြေအနေအရပ်ရပ်အရ အထက်ပါ အခြေခံသဘောထားကို ကိုင်စွဲ ၍ ဖြစ်ရပ်မှန်ဖော်ထုတ်နိုင်ရေးအတွက် အလုပ်အဖွဲ့ တစ်ခုအား ဖွဲ့ စည်းတာဝန်ပေးအပ်သွားမည်။ သက်ဆိုင်ရာ ပုဂ္ဂိုလ်အသီး သီးတို့ မှလည်း ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။
ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲအတွင်း ကျဆုံးသွားခဲ့သည့် ရဲဘော်ရဲမေ အပေါင်း အား ဦးညွှတ်အလေးပြုလျက် -

ဗဟိုကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်)
ရက်စွဲ ။ ။ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်။


မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ - အပိုင်း ( ၄ ) ( နန်းအောင်ထွေးကြည်)

အခုပြောနေတဲ့ ကိစ္စက “ ခင်ဗျား ဘယ်သူ့ကို ချစ်လဲ ” ဆိုတဲ့ မေးခွန်းမဟုတ်ဘူး ခင်ဗျားဟာ ရက်စက်ကြမ်းကြုတ်၊ ယုတ်မာသူတွေကို ကာကွယ်ခုခံမလား (ဒါမှမဟုတ်) ဒီမိုကရေစီ နဲ့ အပြစ်မဲ့ပြည်သူလူထုဘက်က ရပ်တည်မလား ဆိုတဲ့ ရွေးချယ်မှုဖြစ်တယ် ဒီ တပွဲမှာ ကိုယ့်ရဲ့သမိုင်းတန်ဘိုးကို ကိုယ့်ဘာသာ သတ်မှတ်ကြရပါလိမ့်မယ်။
အစုလိုက်အပြုံလိုက်လူသတ်ပွဲကြီးကို ကျူးလွန်ခဲ့သူတွေက “ သူတို့ ကွပ်မျက်ခဲ့တဲ့ ကျောင်းသား (၁၅) ယောက်ဟာ အစိုးရသူလျှိုတွေဖြစ်ကြောင်း ခိုင်မာတဲ့အထောက်အထားတွေ ရှိပါတယ်” လို့ ဆိုခဲ့တယ်။ တကယ်တော့ သူတို့ပြောပြောနေတဲ့ ခိုင်လုံတဲ့အထောက်အထားဆိုတာ “ မြောက်ပိုင်းစစ်ကြောရေးခွေ” လို့ လူသိများတဲ့ ဗွီဒီယို တိတ်ခွေလေးတခုထင်ပါရဲ့။ အဲ့ဒီ တိတ်ခွေလေးထဲမှာ နှိပ်စက်ညှင်းပမ်းခံရသူတွေရဲ့ ဖြောင့်ချက်တွေကို တမှုတ်တရ ရိုက်ကူးထားတယ်။ သူတို့ကသာ အဲ့ဒီတိတ်ခွေလေးကို ခိုင်လုံတဲ့အထောက်အထားအဖြစ်ယုံကြည်ပြီး ရည်ညွှန်းနေတာ။ ကျနော်ကတော့ အဲ့ဒီတိတ်ခွေဟာ ကိုယ့်ရှူးကိုယ်ပြန်ပတ်တဲ့ သက်သေ ( သို့မဟုတ်) ကိုယ့်လည်ပင်းကို ကိုယ့်ဘာသာပြန်ညှစ်မဲ့ ကြိုးကွင်းလို့ ပဲ မြင်မိတယ်။ အဲ့ဒီ တိတ်ခွေလေးကို သေသေချာချာ ကြည့်ခဲ့မိဘူးပါတယ်။ အဲ့ဒီတိတ်ခွေလေးကို ကြည့်ပြီး၊ “ စစ်ကြောရေးကို ဦးဆောင်သူတွေကလဲကွာ ဒီလောက်တောင် ညံ့ရသလား၊ ဒီလောက်တောင် ဗဟုသုတ နည်းလှချည်းလား” လို့ တွေးနေမိတယ်။ တကယ်တော့ စစ်ကြောရေးကို ဦးဆောင်ခဲ့ကြသူတွေဟာ မန္တလေးလှုပ်ရှားမှု ကို ကောင်းကောင်းနားလည်ပုံမရပါဘူး။ သတ္တိရှိကြမယ်ဆိုရင်- အဲ့ဒီ တိတ်ခွေလေးကို ဖေ့ဘွတ်မှာတင်ပေးပြီး ပြည်သူအားလုံးကို ပြပေးပါလား။ မန္တလေးကျောင်းသားတွေအတွက်တော့ အထူးလက်ဆောင်တခုဖြစ်မှာပါ။ ကိုယ့်သူငယ်ချင်းတွေ ရီကြရမှာပါ။ ဒါပေမဲ့ သဲလွန်စတခုပေးပြီး အတိတ်ကို နည်းနည်းနိုးဆွထားချင်တယ်။ မန္တလေးကျောင်းသားတွေ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ ထောက်လှမ်းရေး (၁)၊ ထောက်လှမ်းရေး (၁၆) ၊ ဗိုလ်ကြီး မြင့်ဦး နဲ့ အမျိုးသားထောက်လှမ်းရေး ဗျူရို ဆိုတာတွေ ပါမယ်ဗျာ။ သူတို့ဘယ်လို လုပ်ထားသလဲ။ စောင့်ကြည့်ကြရအောင်ပါ။
မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ (အပိုင်း-၄-) အဖြစ် နန်းအောင်ထွေးကြည် ရဲ့ အစီရင်ခံစာ ကို တင်ပြသွားမှာဖြစ်ပါတယ်။ ပထမပိုင်းမှာ- ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) စတင်တည်ထောင်ခြင်း နဲ့ အာဏာအလွဲသုံးစားလုပ်မှု၊ ခေါင်းဆောင်တွေရဲ့ အခွင့်ထူးခံလူတန်းစား တည်ဆောက်မှုတို့ကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို တင်ပြထားပါတယ်။
ခင်မင်လေးစားစွာဖြင့်
အောင်မိုးဝင်း


နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ

( က )
ကျောင်းသားတပ်မတော် ABSDF ( NB )ကို မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်ဒေသဖြစ်သည့် KIA ဗဟို ဌာနချုပ် ပါဂျောင်ဒေသ လိုင်စင်စခမ်း တရုတ်ပြည်နယ်စပ်တွင်တည်ထောင်ခဲ့သည်။ တရုတ်ပြည် ယွေနမ် ပြည်နယ် ရွှေလီမြို့မှ ကားလမ်းခရီးဖြင့် ကေအိုင်အေ ဗဟိုဌာနချုပ်သို့ အလွယ်တကူသွားရောက်နိုင်သည်။ ကျောင်းသားတပ်မတော်ကို ၁၉၈၈ ကာလတွင် ABSDF ( ကချင်ပြည်နယ် ) အနေဖြင့်စတင်ထူထောင်ခဲ့သည်။ ထိုစဉ်က ကိုကျော်ကျော်မှ ကချင်ပြည်နယ် ဥက္ကဌ အဖြစ်တာဝန်ယူခဲ့ပြီး စစ်ရေးတာဝန်ခံအဖြစ် မြင့်စိုး ခေါ် သံချောင်းနှင့် အတွင်းရေးမှုးအဖြစ် မိုးညှင်းမြို့နယ် နမ်းမားမှ နမ့်ဆော်လော ရွာနေ…မျိုးဝင်းတို့က တာဝန်ယူ ဦးစီးခဲ့ကြသည်။ ဗဟိုဦးစီးမှုးများအဖြစ် လွှမ်းမိုး နှင့် နေဒွန်းတို့မှတာဝန်ယူခဲ့ကြသည်။
၁၉၈၉ ခုနှစ် ဧပြီလတွင် မိမိနှင့်အတူ ရန်ကုန်မြို့မှ မခင်ချိုဦး ၊ ဌေးမြင့်ဝင်း ၊ အောင်ကျော်ဦး နှင့် သန်းထွန်းစိုး ခေါ် တိုက်ပိတ် ငါးဦးအဖွဲ့ အေဘီအက်စ်ဒီအက်ဖ် ( ကချင်ပြည်နယ် ) သို့ရောက်ရှိခဲ့ကြပြီး သန်းထွန်းစိုးမှအပ မိမိအပါဝင် လေးဦးမှာ ကျောင်းသားတပ်မတော် စစ်သင်တန်းအပတ်စဉ် ( ၃ ) သို့တက်ရောက်ခဲ့သည်။ သန်းထွန်းစိုးမှာ ရန်ကုန်မြို့သို့ စည်းရုံးရေး အင်အားစုဆောင်းရေးအတွက် အမှတ်စဉ် ( ၃ ) သင်တန်းမတက်ရောက်ခဲ့ပါ။
၁၉၈၉ ခုနှစ် နှစ်လည်ပိုင်းခန့်တွင် အမှတ်စဉ် ၁ မှ ကျောင်းသားရဲမေ ခင်မာအေး ( မြစ်ကြီးနား ) အမဖြစ်သူ မမူနဲ့အတူ ABSDF ( ကချင်ပြည်နယ် ) သို့ရောက်ရှိလာသော မြတ်ကို ဆိုသူအား စစ်အစိုးရ သူလျှို အဖြစ် စွပ်စွဲပြီး သတ်ဖြတ်ခဲ့သည်။ ထိုသတ်ဖြတ်မှု့ကို မျိုးဝင်းနှင့် သံချောင်းတို့မှ ဦးဆောင်ခဲ့သည်။ ထိုစဉ်အချိန်ကာလက ABSDF ( ကချင် ) ဥက္ကဌ ကိုကျော်ကျော်မှာ တာဝန်ဖြင့် မာနယ်ပလောရှိ ABSDF ( တောင်ပိုင်း ဗဟို ) သို့သွားရောက်နေချိန်ဖြစ်သည်။ ABSDF ( ကချင်ပြည်နယ် ) ဦးစီးမှုးများ နှင့် ဗဟိုကော်မတီဝင်များမှာလည်း တာဝန်အသီးသီးဖြင့် ရှေ့တန်းစခမ်းများသို့ရောက်ရှိနေချိန်ဖြစ်သည်။

(ခ)
ABSDF ( ကချင်ပြည်နယ် ) စစ်သင်တန်း အမှတ်စဉ် ( ၄ ) ကို ဗဟိုဌာနချုပ် ပါဂျိုဒေသ လိုင်စင်စခမ်းတွင်ဖွင့်လှစ်ခဲ့သည်။ သင်တန်းအမှတ်စဉ် ( ၅ )တွင် ရန်ကုန်နှင့် မန္တလေးမှ ကျောင်းသားအများအပြားပါဝင်လာခဲ့သည်။ သန်းထွန်းစိုး ခေါ် တိုက်ပိတ် နှင့်အတူ ရန်ကုန် ၊ ပဲခူးမှကျောင်းသားအချို့ပါလာပြီး သင်တန်းအမှတ်စဉ်( ၅ ) ကိုတက်ရောက်ခဲ့သည်။ ထိုအပတ်စဉ် ( ၅ ) သင်တန်းအချိန်ကာလတွင် တပ်တွင်းမကျေနပ်မှု့များ သင်တန်းသားများအတွင်း၌ဖြစ်ပွားခဲ့သည်။ အတွင်းရေးမှုးတာဝန်ယူထားသော မျိုးဝင်း ၏ ဒေသအစွဲနှင့် သဘောထားကျဉ်းမြောင်းမှု့ အတွေးအမြင် တဘက်သတ်ဆန်မှု့များအပေါ် အဓိကထားပြီး မကျေနပ်မှု့များ တိုက်ခိုက်မှု့များဖြစ်ပွားခဲ့သည်။ ထို အပတ်စဉ် ( ၅ ) နှင့် ( ၆ ) သင်တန်းသားများထဲတွင် နောင် ABSDF ( NB ) ဥက္ကဌ ဖြစ်လာမည့် အောင်နိုင် ( ယခု ရော်နယ်အောင်နိုင် ဟူသောအမည်ဖြင့် ယိုးဒယားနယ်စပ်နှင့် ချင်းမိုင်တွင် သတင်းထောက်လုပ်နေသူ ဘီဘီစီ မြန်မာပိုင်းအစီစဉ်မှ ၂၀၀၈ ခုနှစ်တွင် နှုတ်ထွက်စာတင်ခဲ့ရသူ )၊ ရဲလင်း၊ညီညီကျော် ( နောင်တွင် စစ်အစိုးရ၏သူလျှိုများအဖြစ် ဖမ်းဆီးခံရသူ ) တို့သည်..ABSDF ( NB ) ဗဟိုကော်မတီအဖြစ် ရွေးချယ်ခံရသူများပါဝင်ပါသည်။ အပတ်စဉ် ( ၅ ) သင်တန်း မဖွင့်မှီတွင် ABSDF ( ကချင်ပြည်နယ်ကို ) ABSDF ( ၇၀၁ ) တပ်ရင်းအဖြစ် သတ်မှတ်ခဲ့ပါသည်။
အပတ်စဉ် ( ၅ ) သင်တန်းကာလအတွင်းဖြစ်ပွားခဲ့သော တပ်တွင်းမကျေနပ်မှု့များကြောင့် ABSDF ( ၇၀၁ ) တပ်ရင်း နောက်တန်းရှိ ရဲဘော် ရဲမေများနှင့် အပတ်စဉ် ( ၅ ) ကျောင်းသား သင်တန်းသားများအား မျိုးဝင်းမှ မကျေလည်မှု့များ ဆွေးနွေးရန်အတွက် တပ်တွင်းခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးမှု့များပြုလုပ်ခဲ့သည်။
ကျောင်းသားအများအပြားမှ…..ဦးဆောင်တာဝန်ယူနေသော ကျောင်းသားခေါင်းဆောင်များနှင့် ရဲဘော်ရဲမေများအကြား ကွာဟမှု့များ၊ မျိုးဝင်း၏ တဘက်စွန်းရောက်သောစိတ်ဓါတ်များ၊ မျိုးဝင်း ၏ ဒေသစွဲ တယူသန်အတွေးအမြင်များ မတရားမှု့များကို ဝေဖန်ပြောဆိုခဲ့ကြသည်။ သို့သော်လည်း မျိုးဝင်းမှ “ ငါတို့တော်လှန်ရေးလုပ်ဘို့တောထဲလာတာ ဒီမိုကရေစီအတွက် လာတာ ဖြစ်တယ် ဒီမိုကရေစီခံစားဘို့မဟုတ်ဘူး စစ်တပ်မှာ ဒီမိုကရေစီမရှိဘူး ရွေးကောက်ပွဲမရှိဘူး ” ဟုပြောဆိုပြီး တင်ပြမှု့များနှင့် မေးခွန်းများကိုမေးကြားခြင်းကို ဖြေကြားခြင်းမရှိပဲ ပယ်ချခဲ့သည်။ ညှိနှိုင်းမှု့မရှိပဲ..တွေ့ဆုံဆွေးနွေးပွဲကိုရုတ်သိမ်းခဲ့သည်။ မကျေလည်မှု့များပိုမိုပြင်းထံခဲ့သည်။
မျိုးဝင်း မှ ထိုတွေ့ဆုံဆွေးနွေးပွဲတွင် သူ့အား ဝေဖန်တိုက်ခိုက်ခဲ့သူများအား အငြိုးကြီးစွာဖြင့်မှတ်သားထားသည်။ အကြောင်းမှာ သူ့အားဝေဖန်တိုက်ခိုက်ခဲ့သူများအားလုံးသည် ၁၉၉၁ ခုနှစ် သြဂုတ်လတွင် စတင်ဖမ်းဆီးခဲ့သည့် သမိုင်းဆိုးတွင်ခဲ့သည့် စစ်အစိုးရ သူလျှိုအဖြစ် အစုလိုက်အပြုံလိုက် ဖမ်းဆီးနှိပ်စက်၊ ခေါင်းဖြတ်သတ်ဖြတ်ခံခဲ့ကြသည်မှာ မိမိအပါဝင်ဖြစ်ပါသည်။

(ဂ)
အမှတ်စဉ် (၅) သင်တန်းပြီးဆုံးပြီး ABSDF ( ၇၀၁ ) တပ်ရင်းမှ ABSDF ( မြောက်ပိုင်း ဗဟို ) အဖြစ် ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်ပြောင်းလဲ ရေးအတွက် ညှိနှိုင်းရေးများပြုလုပ်ခဲ့သည်။ ဥက္ကဋ္ဌ နှင့် ဗဟိုကော်မတီဝင် အသစ်များပြန်လည်ဖွဲ့စည်းရေးအတွက် စည်းရုံးရေးများ ပြုလုပ်ခဲ့သည်။ ရန်ကုန်တိုင်း ကိုယ်စားလှယ်အဖြစ် သန်းထွန်းစိုး ကို စာရင်းပေးသွင်းခဲ့ကြသည်။ ကိုယ်စားလှယ်အသီးသီးမှာလည်း စည်းရုံးရေးအတွက် တာဝန်များနှင့် ရှေ့တန်းနယ်မြေများသို့ ထွက်ခွာခဲ့ကြသည်။ ယ္ခင်ရှေ့တန်းနယ်မြေမှာ ရှိနေသော ABSDF ( ကချင်ပြည်နယ်) ဦးစီးမှူး လွှမ်းမိုး မှာ နောက်တန်းဗဟို ( ၇၀၁) သို့ ပြန်လည်ရောက်ရှိလာသည်။ လွှမ်းမိုးနှင့် မျိုးဝင်း တို့ နှစ်ဦးကြားတွင် မကျေလည်မှုများ ရှိခဲ့သည်။ လွှမ်းမိုးမှ မျိုးဝင်းအား တပ်တွင်း ရံဘုံငွေ နှင့် ကျောက်စိမ်းရောင်းဝယ်မှုများတွင် မျိုးဝင်းမှ ကိုယ်ကျိုးသုံးကြောင်း စွဲချက်တင်ရန် ကြိုးပမ်းခဲ့သည်။
သို့သော် မျိုးဝင်းက သူ၏ ဒေသခံနယ်လူများ၏ နောက်ခံအင်အားတောင့်တင်းမှုကြောင့် မျိုးဝင်းနှင့် သံချောင်းတို့ ဦးဆောင်ပြီး၊ လွှမ်းမိုးအား ၁၉၉၀ မတ်လ ခန့်တွင် ဖမ်းဆီးပြီး စစ်အစိုးရ သူလျှိုအဖြစ် စွပ်စွဲခါ နှိပ်စက်ညှင်းပမ်းခဲ့သည်။ တချိန်တည်းမှာပင် ရန်ကုန်တိုင်းတာဝန်ခံ ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်မည့် သန်းထွန်းစိုး ကိုပါ ဖမ်းဆီးခဲ့သည်။ ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ဖို့ အကြပ်ကိုင်ခဲ့သည်။ သန်းထွန်းစိုးမှ နုတ်ထွက်ခဲ့သည်။ ရဲလင်း မှ ရန်ကုန်တိုင်းကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်ရန် သဘောတူခဲ့သည်။
လွှမ်းမိုးအား ဖမ်းဆီးပြီး ညှင်းပမ်းနှိပ်စက် စစ်ကြောရေးဝင်နေစဉ်ကာလအတွင်း မျိုးဝင်းမှ ရဲဘော်တဦးအား စေလွှတ်ပြီး မိမိအား စစ်ကြောရေးနေရာသို့ လာရန် အမိန့်ပေးခဲ့သည်။ မိမိမှာ ထိုအချိန်က လွှမ်းမိုး၏ ဦးစီးရုံးတွင် တာဝန်ယူနေခဲ့သူဖြစ်သည်။ လွှမ်းမိုးအား စစ်ကြောနေသောအခန်းထဲတွင် လွှမ်းမိုး၏ ရှေ့တွင်ပင် မျိုးဝင်းက မိမိ ၏ နားထင်ကို သေနတ်ဖြင့် တေ့ပြီး “ လွှမ်းမိုး က မင်းကို ဘာတွေခိုင်းလဲ” ဟု မေးမြန်းခဲ့သည်။ အမှန်စင်စစ်မှာ ထိုအချိန်က မိမိအား ထောက်လှမ်းရေး သူလျှိုအဖြစ် စွပ်စွဲဖမ်းဆီးဖို့ အစီအစဉ်ရှိကြောင်း နောင်မှ သိခဲ့ရသည်။ သို့သော်လည်း ကံကောင်းစွာဖြင့် သံချောင်းမှ “ မငယ် မင်းပြန်တော့” ဟု အမိန့်ပေးသဖြင့် အဆောင်သို့ပြန်ခဲ့သော်လည်း ဘာကြောင့် မိမိ ဦးခေါင်းအား သေနတ် ဖြင့်ချိန်ပြီး မေးမြန်းခဲ့ရခြင်းကို စဉ်းစားမိသည်။
ထိုအဖြစ်အပျက်ဖြစ်ပြီး ၃-၄ ရက်အကြာတွင် မျိုးဝင်းနှင့် သံချောင်း ဦးဆောင်ပြီး၊ လွှမ်းမိုးနှင့် သန်းထွန်းစိုး တို့အား လက်နောက် ပြန်ကြိုးတုပ်ပြီး တပ်ရင်း၏ ဗဟိုအလည်ဖြစ်သည့် စစ်ရေးလေ့ကျင့်ရေးကွင်းသို့ ခေါ်ဆောင်လာသည်။ ရဲဘော်၊ ရဲမေများ အားလုံးကိုလည်း လူစစ်၊ တန်းစီ ခိုင်းပြီး သတိဆွဲခိုင်းထားသည်။ ကွင်းလယ်ခေါင်တွင် ကျင်းတူးထားပြီး ထိုကျင်းထိပ်တွင် လွှမ်းမိုးနှင့် သန်းထွန်းစိုး တို့အား ကြိုးတုတ်လျှက်နှင့် ထိုင်ခိုင်းထားသည်။
မျိုးဝင်းနှင့် သံချောင်းတို့မှ လွှမ်းမိုးအား “ထောက်လှမ်းရေးသူလျှိုမဟုတ်လား” ဟု ကျယ်လောင်စွာ ဒေါသတကြီး မေးသည်။ လွှမ်းမိုးမှ “ ကျနော် မဆလ မဖြစ်ပါရစေနဲ့ ဗကပ ( ဗမာပြည်ကွန်မြူနစ်ပါတီ) ပဲ ဖြစ်ပါရစေဗျာ” ဟု ဖြေကြားခဲ့သည်။ သံချောင်းမှ လွှမ်းမိုးအား သေနတ်ဖြင့် ချိန်ပြီး တန်းစီနေသော မိမိတို့ ကျောင်းသားရဲဘော် ရဲမေများ ရှေ့တွင် သွေးအေးစွာ ပစ်သတ်ခဲ့သည်။ လွှမ်းမိုး၏ အသက်ကင်းမဲ့သော ခန္ဓာကိုယ်ကြီးအား တိရ စ္ဆာန်တကောင်ကဲ့သို့ကန်ချပြီး မြေဖို့ကာ လူသတ်ပွဲကိုကြည့်နေခဲ့ရသော မိမိတို့အား၊ ထိုမြေပုံပေါ်တွင် စစ်ရေးပြလျှောက်ခိုင်း ဖို့ အမိန့်ပေးခဲ့သည်။ သန်းထွန်းစိုးအား ကြိုးတုပ်လျှက် နှင့် ပင် အချုပ်ခန်းသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။ ၁၉၉၀ ဧပြီလတွင် သန်းထွန်းစိုး အား အချုပ်မှ လွှတ်ပေးခဲ့သည်။

(ဃ)
လွှမ်းမိုးအား သတ်ဖြတ်ပြီး မကြာမီ၊ စစ်သင်တန်းအမှတ် (၅) သင်တန်းဆင်းခဲ့သူ ရန်ကုန်မှ “ကိုအောင်ကျော်” ဆိုသူကိုလည်း မသင်္ကာ မှု နှင့် မျိုးဝင်းနှင့် သံချောင်းမှ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးမှာ နှိပ်စက်ခဲ့သည်။ ထို စစ်ကြောရေး ဒဏ်ရာနှင့်ပင် ကိုအောင်ကျော်မှာ KIA ဆေးရုံတွင် ဆေးကုသမှု ခံရင်းနှင့် အသက်ဆုံးရှုံးခဲ့ရသည်။ များမကြာမီ ဖွဲ့စည်းအုပ်ချုပ်ပုံ ရွေးကောက်ပွဲအတွက် ရှေ့တန်းသို့ထွက်သွားသူများ၊ ဗဟိုနောက်တန်းသို့ ပြန်ရောက်ရှိလာခဲ့ကြသည်။ ရွေးကောက်ပွဲတွင် ABSDF ( မြန်မာပြည် မြောက်ပိုင်း ဥက္ကဋ္ဌအဖြစ် ကိုထွန်းအောင်ကျော် ( မန္တလေး)၊ အထွေအထွေအတွင်းအရေးမှူးအဖြစ် အောင်နိုင်( မန္တလေး) နှင့် စစ်ရေးတာဝန်ခံအဖြစ် သံချောင်းတို့ကို ပြန်လည်ရွေးချယ်ခဲ့သော်လည်း မျိုးဝင်းမှာ မဲမရပဲ ရှိနေခဲ့သည်။ သို့သော်လည်း ဗဟိုကော်မတီဝင်များ၏ ဆုံးဖြတ်ချက်အရ၊ မည်သူမျှ မဲပေးရွေးချယ်ခြင်းမရှိခဲ့သော မျိုးဝင်းအား ABSDF ( ကချင်) အနေဖြင့်ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သူတဦးအနေဖြင့် တွဲဘက်အတွင်းရေးမှူး (၁) နှင့် ဒု- စစ်ရေးတာဝန်ခံရာထူးကို ပေးခဲ့သည်။
ABSDF ( မြောက်ပိုင်း) အဖြစ်ဖွဲ့စည်းအပြီးတွင် ယိုးဒယားမြန်မာနယ်စပ်ရှိ မာနယ်ပလော စခန်းမှ ABSDF ဗဟို ဋ္ဌာနချုပ် ဥက္ကဋ္ဌ ကိုမိုးသီးဇွန်မှ အမှတ် ( ၅၀၁) တပ်ရင်းကို ABSDF ( မြောက်ပိုင်း) တွင်အင်အားဖြည့်ပူးပေါင်းဖို့ စေလွှတ်ခဲ့ပါသည်။ ရှမ်းပြည်နယ်မှ (၄၀၁) တပ်ရင်းတို့ရှိလာပြီး၊ ကျောင်းသားရဲဘော် ကိုယ်ပိုင်နံပါတ်မှာ ၅၀၀ ခန့်ရှိလာသည်။ ( အမှန်စင်စစ် လူအင်အားမှာ အကြောင်းအမျိုးမျိုးကြောင့် ၃၅၀ ခန့်သာ ရှိသည်)
၁၉၉၀ ခုနှစ် နှစ်လည်ပိုင်းလောက်တွင် နောက်တန်းတွင် ရှိနေသော ကျောင်းသားရဲဘော်ရဲမေများ တာဝန်ဖြင့် ရှေ့တန်းသို့ တဖွဲ့ပြီး တဖွဲ့ ပြန်လည်ထွက်ခွာခဲ့ကြသည်။ သန်းထွန်းစိုး မှာ ရှေ့တန်းတွင် စစ်အစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်အစိုးရ၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်။ မိမိလည်း ရှေ့တန်း ဗန်းမော် ခရိုင်သို့ တာဝန်ဖြင့်ထွက်ခွာခဲ့ရသည်။ ထိုခရီးစဉ်တွင် စစ်ရေးတာဝန်ခံ သံချောင်းတယောက် တိုက်ပွဲတွင် ဒဏ်ရာပြင်းထန်စွာရပြီး ညာဘက် လက် ဆုံးရှုံးခဲ့ရသည်။ များမကြာမှီ မိမိတို့စစ်ကြောင်း ဗဟိုသို့ ပြန်လည်ရောက်ရှိခဲ့ပြီး၊ တာဝန်ပေးချက်အရ KIA မှ ဖွင့်လှစ်သော ဘဏ္ဍာရေးသင်တန်းသို့ တက်ရောက်ခဲ့ရသည်။ ရှေ့တန်းထွက် ကျောင်းသားရဲဘော် ရဲမေများ တဖွဲဖွဲ့ နှင့် ဗဟိုနောက်တန်းသို့ ပြန်လည်ရောက်ရှိလာသည်။ ထိုနှစ် ၁၉၉၁ ခုနှစ် ရှေ့တန်းမှ ပြန်လည်ရောက်ရှိလာသော ကျောင်းသားရဲဘော်ရဲမေများ ABSDF ( မြောက်ပိုင်း) ဗဟို ဋ္ဌာနချုပ် သို့ ပြန်လည်ရောက်ရှိခြင်းသည် ပြုပြင်မရတော့သည့် ကျောင်းသားတပ်မတော် ၏ ဆိုးသွမ်းသော သမိုင်းအမှားဖြစ်ရပ်ဆိုးများ ပေါ်ပေါက်ခဲ့ရသည့်နှစ် ဖြစ်စေခဲ့သည်။
ထို အချိန်မှာ တပ်တွင်းရှိ ကျောင်းသားရဲဘော်၊ ရဲမေများ ထမင်း နှင့် ဆားငပိ တို့သာ စားနေရချိန်တွင်၊ တပ်တွင်း ဦးဆောင်နေသော ကျောင်းသားခေါင်းဆောင်တာဝန်ယူထားသူများမှာ တလလျှင် တရုပ်ငွေ ယွမ် (၃၀) လခစားကြသည်။ လူကြီးများအတွက် အသေးသုံးစားစရိတ် ဆိုကာ အခွင့်ထူးခံစားကြသည်။ ကျောင်းသားခေါင်းဆောင်တိုင်းတွင် သူတို့၏ ဝေရာဝတ်စ ထမင်းချက်၊ အင်္ကျီလျှော်၊ထင်းခွေ၊ ကိုယ်ရေးကိုယ်တာခိုင်းစေရန်အတွက် တော်လှန်ရေးလုပ်ရန်လာသည့် ကျောင်းသားငယ်များအား အနားတွင်ထားပြီး ခိုင်းစားကြသည်။

နန်းအောင်ထွေးကြည် ရဲ့ အစီရင်ခံစာ ကို ဆက်လက်တင်ပြသွားပါမယ်။ ဒုတိယ ပိုင်းမှာ လူဖမ်းပွဲ စတင်ဖြစ်ပေါ်ခြင်းတွေကို အသေးစိတ်ဖတ်ရှုရမှာ ဖြစ်ပါတယ်။

Monday, January 2, 2012

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( ၃ )

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ (၃ )

အောင်မိုးဝင်း
မိတ်ဆွေတွေကို အသိပေးစရာ နှစ်ခုရှိပါတယ်။ တကယ်တော့ ကျနော်ဟာ ဒီလို စိတ်ထိခိုက်၊ ဒဏ်ရာအနာတရဖြစ်စရာကောင်းတဲ့ အကြောင်းအရာတွေကို အင်တာနက်မှာ တင်ပြီးမရေးချင်ပါဘူး။ ၁၉၉၈ ထိုင်းနယ်စပ်ကိုရောက်လာကတည်းက ဒီကိစ္စတွေကို ရှင်းကြဖို့ ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ဘူးတယ်။ “အရေးတော်ပုံပြီး ရင် ရှင်းမှာပါ” ဆိုတဲ့ စကားနဲ့သာ ချွေးသိပ်ခဲ့တယ်။ ဒါပေမဲ့ သိကြတဲ့အတိုင်းပဲ။ ပြည်ပမှာ ဒီလို စရိုက်တွေနဲ့သွားလို့ကတော့ အရေးတော်ပုံသက်တမ်း နောက်ထပ် နှစ်(၅၀) ကြာလည်း ပြီးနိုင်မယ် မထင်ဘူး။ လွန်ခဲ့တဲ့ တနှစ်ကျော်လောက်က ဒေါက်တာနိုင်အောင်တယောက်၊ ကျနော့်ဆီကို လမ်းကြုံလို့အလည်ဝင်လာပါတယ်။ အဲ့ဒီတုံးကလည်း သူကတဆင့်၊ ရော်နယ်အောင်နိုင် ဆီကို စကားလက်ဆောင်ပါးလိုက်ပါတယ်။ ကာယကံရှင်တွေနဲ့တွေ့ဆုံဆွေးနွေးဖို့ လုပ်ပါ။ ဒီကိစ္စဟာ လူတွေသက်ရှိထင်ရှားရှိနေစဉ်မှာ ရှင်းရမယ် လို့ ပြောလိုက်ပါတယ်။ အဲ့ဒီစကားတွေကို ကျနော့ဘာသာ ကြားကနေ ပွဲစားလုပ်ပြောပေးနေတာ အကြောင်းရှိပါတယ်။ သူ့ကို သဲကြီးမဲကြီးလိုက်နေတဲ့ အုပ်စုတွေရှိနေသလို၊ အချိန်ကြာလာတာနဲ့အမျှ၊ ဒီကိစ္စကြီးက ရှုပ်ထွေးလာတော့မှာမို့ပါ။ ပက်ပက်စက်စက် ခံလိုက်ရသူတွေက အများကြီးပဲလေ။ ဘယ်လိုလုပ်ကြေအေးနိုင်မှာလဲ။ ပြီးတော့ ရော်နယ်အောင်နိုင်တယောက် ဘီဘီစီ မှ ဘယ်လိုအလုပ်ပြုတ်ခဲ့သလဲ ဆိုတဲ့အချက်တွေကိုလည်း ကျနော်သိနေလို့ပါ။
ကျနော်က ဒီလိုတွေးတယ်။ “ လူသတ်မှုကြီးက ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ပြီ။ ကျူးလွန်ခဲ့သူတွေက ကာယကံရှင်တွေကို သေသေချာချာ တောင်းပန်ပြီး အဖွဲ့အစည်းအတွက် သိက္ခာပြန်ဆယ်လို့ရမဲ့ ဇာတ်သိမ်းခန်းလေး တခုလိုမျိုးဆို သိတ်ကောင်းမှာပဲ” လို့ စိတ်ကူးခဲ့ မိတယ်။ ဥပမာ ရဝမ်ဒါမှာ ပြန်လုပ်တဲ့ ပြန်လည်သင့်မြတ်ရေးဇာတ်လမ်းတွေလိုမျိုးပေါ့။ ဒါပေမဲ့ ဒါကလည်း ကျနော့်စိတ်ကူးပါ။ ကြုံတွေခံစားခဲ့ရသူတွေရဲ့ ဆန္ဒကိုသာ ဦးစားပေးစဉ်းစားကြရမှာ မဟုတ်လား။ လူသတ်မှုမှာ တာဝန်ရှိသူတွေက ဘာမှအကြောင်းမပြန်လာတဲ့အတွက် ခုလို အင်တာနက်ပေါ်မှာ ချရေးပြီး ပြည်သူလူထုနဲ့သတင်းသမားတွေကို ချပြရတဲ့အဆင့်ကိုရောက်သွားတာပါ။ ဒါကလည်း ကျနော်ရွေးတဲ့ လမ်းမဟုတ်ဘူး။ ကာယကံရှင်တွေ ရွေးတဲ့လမ်းဖြစ်တယ်။
ဒုတိယကအချက်ကတော့- ကျနော့ရဲ့ ဆောင်းပါးတွေဟာ ဖေ့ဘွတ်မှာတင်ရေးပြီး ပျောက်သွားလိမ့်မယ်ထင်ရင်တော့ အကြီးအကျယ် မှားသွားပါလိမ့်မယ်။ ဒီ အစုလိုက်အပြုံလိုက် လူသတ်မှုကြီးကို တင်ပြတဲ့အခါ ကျနော်တို့သင်ကြားခဲ့တဲ့ အင်ဂျင်နီယာဘာသာရပ် တခုဖြစ်တဲ့ System Dynamics လို တည်ဆောက်ထားခဲ့ပါတယ်။ လူတွေ၊ အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေကို ခန့်မှန်းတွက်ချက်ထားတဲ့ System တွေမှာ ထည့်ထားတယ်။ အဲ့ဒီ ဒီဇိုင်းကို ပုံဖေါ်လည်ပတ်ကြည့်တယ်။ အရှိန်တခုရောက်ရင် သတ်မှတ်ထားတဲ့ အချက်အလက်တွေ၊ ဇာတ်ဆောင်တွေဟာ ဟော့ဒီ System ထဲမှာ အလိုလို လိုက်ပြီးလည်ပတ်ရပါတယ်။ မလည်ပတ်ဘူးဆိုရင်၊ နောက်တဆင့်မှာ ကြိတ်ချေခံရတတ်ပါတယ်။ အခုမှ စလည်ပတ်ခါစပဲ ရှိပါသေးတယ်။ အရှိန်ရလာတာနဲ့အမျှ၊ ခရီးတခုဟာ မလွှဲမသွေရောက်လာမှာပါ။ လူတွေဟာ ကိုယ့်ရဲ့ဂုဏ်သိက္ခာကို ဘယ်အရာနဲ့မှ မလဲဖို့လိုပါလိမ့်မယ်။ ဒီ အဖြစ်အပျက်ကြီးကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့တဲ့သူတချို့ ဟာ ယနေ့ချိန်ထိ တာဝန်မဲ့စွာ တိတ်ဆိတ်နေတာကို တွေ့ရပါတယ်။ ရှက်စရာကောင်းတဲ့ ဂုဏ်သိက္ခာတွေပါပဲ။ သွေးဆူပြီး ဆန္ဒစောနေတဲ့ မိတ်ဆွေတွေလည်း ဇာတ်လမ်းကို ဆုံးအောင်နားထောင် စေချင်ပါတယ်။ ပြည်သူလူထုရဲ့ အသံကို နားထောင်ကြည့်ပါ။ ကာယကံရှင်တွေရဲ့အသံတွေကို နားထောင်ကြည့်ပါ။ အဆင်ပြေသွားမှာပါ။ တရားကို နတ်စောင့်ပါတယ်။

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၃-) ကို သုံးသပ်ကြည့်နိုင်ကြပါစေ။

(က)
ကမ်းပါးပြိုတဲ့ညအောက်ကိုမှအနီးကပ်ရောက်သွားမိခဲ့ကြတယ်။ တဖြည်းဖြည်းမှောင်မိုက်လာတဲ့ ပါဂျောင်ရဲ့ အာသံကုန်းမြင့်ပေါ်မှာ ငါ့တို့ခန္ဓာကိုယ်တွေက ရွေ့နေဆဲပဲလေ ဟိုး--- အေးစက်တဲ့လေထုထဲကနေ “ တက္ကသိုလ် ---- ဒို့ ကျောင်း------” ဆိုတဲ့ ဆွေးဆွေးမြေ့မြေ့ ဆိုနေသံတွေလေ--- အိမ်ပြန်ချင်လိုက်တာကွာ--- “တက္ကသိုလ်နယ်မြေတနေရာဆီမှာ--” သီချင်းကို ဘယ်သူဆိုနေတာလဲ။ ----- ငါတို့လည်း သီချင်းသံတွေနဲ့အတူ လွင့်မျောနေတယ်။
“လှဆောင်” ဆိုတဲ့ကောင်က ခေါင်းပြတ်ကြီးကို ကန်ချရင်း “ ကျောင်းသားဆိုတဲ့ကောင်တွေ တော်တော်ခေါင်းမာတဲ့ကောင်တွေပဲ” “ တော်တော်လည်း သွေးသောက်ရဲဘော်တွေ ပီသကြပါလား” တဲ့
သန်းဇော်တို့ အုပ်စုက သူတို့လက်ထဲက ဓါးတွေကို ပစ်ချလိုက်တယ်။ “ ဒီကောင်တွေကို ခုတ်ရတာ တော်တော်နဲ့ မပြတ်ဘူး”တဲ့
သူ့တို့ရဲ့အသံနက်ကြီးတွေကို့ ဝိညာဉ်တွေ နဲ့ လိုက်ကြည့်နေမိတယ်။
ကျော်ဝေ- ချိုကြီး- စိုးဝင်းသန်း--- ထစမ်း ထစမ်း ခေါင်းပြတ်တွေကို နောက်မှ ပြန်ဆက်ကြကွာ---
အဲ့ဒီ လှဆောင်၊ မျိုးဝင်း၊ သန်းဇော် ၊ သံချောင်း ဆိုတဲ့ကောင်တွေ နောက်ကို လိုက်ကြရမယ်
သူတို့ရဲ့ လိပ်ပြာတွေကို ငါတို့ ဝိညာဉ်တွေနဲ
ချုပ်ထားကြဟေ့
သူတို့ရဲ့ လိပ်ပြာတွေကို ငါတို့ ဝိညာဉ်တွေနဲ့ ချုပ်ထားကြ----
ဟိုမယ် ----ဟိုမယ်-- “လှဆောင်” ဆိုတဲ့ကောင် ကချင်ပြည်နယ်ထဲမှာ ပြန်ပေါ်လာပြီ
သေချာနားထောင်စမ်း သေချာနားထောင်စမ်း အဲ့ဒီ လူသတ်သမားတွေရဲ့ခြေသံတွေကို ငါတို့ကြားနေဆဲပဲ
ကျော်ဝေ-- မင်းဟစ်ကြွေးခဲ့တဲ့စကားတခွန်း ပြန်အော်ပြောလိုက်စမ်းကွာ
“ငါ့ကို မင်းတို့ သတ်လို့ရမယ်- ငါ့ဝိညာဉ်ကို မင်းတို့မသတ်နိုင်ပါဘူးကွာ၊ ဓမ္မစစ်ကျောင်းသား ကျော်ဝေ ကွ”
“ငါ့ကို မင်းတို့ သတ်လို့ရနိုင်မယ်- ငါ့ဝိညာဉ်ကို မင်းတို့ မသတ်နိုင်ပါဘူး”
“ငါ့ကို မင်းတို့ သတ်လို့ရနိုင်မယ် ငါ့ဝိညာဉ်ကို မင်းတို့ မသတ်နိုင်ပါဘူး”

(ခ)
ဝိညာဉ်စီး တယ်ဆိုတဲ့ ဝေါဟာရကို ခင်ဗျားတို့ ကြားဘူးမလားမသိဘူး။ ကျနော်ကတော့ အသံထွက်ခွင့်မရရှာတဲ့ ဝိညာဉ်တွေ ကို ကျနော့အခန်းငယ်လေးထဲမှာ သိမ်းထားခဲ့တယ်။ ညတိုင်ရင် ဗုဒ္ဓရုပ်ပွားတော်ရှေ့မှာ သစ္စာဆိုခဲ့တယ်။ “ သူတို့အတွက် ထုတ်ပြော နိုင်ခွင့်ရမဲ့ အခွင့်အရေး တခါလောက်ဖြစ်ဖြစ် ရပါရစေသား” လို့။
ခုတော့ ကာယကံရှင်တွေရဲ့ ကျွံဝင်လာတဲ့ စကားတွေထဲမှာ ဝန်ခံခြင်းတဝက်၊ အမှားတသက် ထင်ထင်ရှားရှားတွေ့နေရပြီ။
ဧရာဝတီမဂ္ဂဇင်း ( အင်္ဂလိပ်) ဆောင်းပါးထဲမှာ ဆောင်းပါးရှင်တွေက မြောက်ပိုင်းလူသတ်ပွဲနဲ့ပတ်သက်ပြီး၊ ရော်နယ်အောင်နိုင် ကို မေးခွန်းတခုမေးတော့၊ ရော်နယ်အောင်နိုင်က လူသတ်မှုကို ငြင်းဆန်မှုမရှိစွာပဲ ဖြေခဲ့တယ်။
“ ကျောင်းသား (၁၅) ယောက်ဟာ ထောက်လှမ်းရေးအစစ်အမှန်ဖြစ်ကြောင်း ခိုင်မာတဲ့အထောက်အထားတွေရှိပါ သတဲ့။
“ဆောင်းပါး (၁) နဲ့ (၂) မှာ ကျနော် ခင်းထားတဲ့ လမ်းကြောင်းထဲကို တည့်တည့်ဝင်လာတာပဲ” လို့ တွေးနေမိတယ်။
တကယ်တော့ ရော်နယ်အောင်နိုင်တယောက်၊
၁၉၉၂ ဖေဖေါ်ဝါရီ (၁၈) ရက်နေ့ The Nation သတင်းစာ ကို ပြန်ဖတ်သင့်တာပေါ့။ မြောက်ပိုင်း လူသတ်ပွဲ အပြီးမှာ၊ The Nation သတင်းထောက် Yindee Lertcharoenchok က အဲ့ဒီနေရာကို ရောက်သွားပြီး မြောက်ပိုင်း ABSDF ခေါင်းဆောင်တွေ၊ ဖမ်းဆီးထားခံရတဲ့ ကျောင်းသားတွေနဲ့တွေ့ဆုံအင်တာဗျူးထားမှုကို ဆောင်းပါးလုပ်ထားတာ။ ဆောင်းပါးအမည်က Burmese Rebels Defend Executions။
အဲ့ဒီဆောင်းပါးရဲ့ ( အပိုဒ်-၁၃) မှာ ကျော်ကျော် ( ကချင်) နဲ့ ရော်နယ် အောင်နိုင်က အခုလို ဝန်ခံထားတယ်။
Aung Naing and Kyaw Kyaw , however, admitted that torture, particularly “ beating and telephone-wire electric shocks ” were applied to force confessions.
“ဝန်ခံဖို့အတွက် ရိုက်နှက်ခြင်းနဲ့ လျှပ်စစ်ရှော့တိုက်ခြင်းလို နှိပ်စက်ညင်းပမ်းမှုတွေကိုအသုံးပြုခဲ့ပါတယ်” တဲ့။ သူတို့လိုချင်တဲ့ အဖြေမထွက်မချင်း နှိပ်စက်ညှင်းပမ်းမှုတွေကို ရက်ရက်စက်စက်လုပ်ခဲ့ကြတာဆိုတာမို့လား။ နှိပ်စက်ခံရသူတွေက နောက်ဆုံး သူတို့ပြောတာ ဟုတ်ဟုတ် မဟုတ်ဟုတ်၊ စစ်ကြောရေးစခန်းက လွတ်ရင်ပြီးရော၊ “ဟုတ်တယ်” လို့ အဖြေပေးလိုက်ကြရတော့တယ်။ ဒီအချက်ကို ထောင်ကျဘူး သူတိုင်းသိပါတယ်။
တကယ်တော့ မြောက်ပိုင်းလူသတ်မှုဖြစ်ပွားနေစဉ်ကာလတုံးက ကျနော်နဲ့လုပ်ဖေါ်ကိုင်ဘက် ဗကသ ( အထက်ဗမာပြည်) ခေါင်းဆောင် တချို့ ဟာ မန္တလေးအကျဉ်းထောင်ထဲမှာပါ။ မန္တလေးထောက်လှမ်းရေးအုပ်စုတွေက သူတို့ကို အကျဉ်းထောင်ထဲကနေ ညတိုင်းဆွဲထုတ်ပြီး၊ ဓါတ်ပုံတွေကို ပြပြီး သေချာမှုတွေ ယူသတဲ့။ “ ဒါ-- ထွန်းအောင်ကျော် ဟုတ်တယ်မို့လား” “ ဒီ ပုံကတော့ စိုးဝင်းသန်း မို့လား” “ ဒီကောင်ကရော ဘယ်သူလဲ”
အကျဉ်းထောင်တွင်းမှာ ရောက်နေရှာတဲ့ ဗကသတွေဟာ ကြိတ်ပြီး ငိုခဲ့ရတယ် လို့ ဆိုတယ်။ လူတွေသေပြီးတိုင်း ဓါတ်ပုံတွေက အမြန်ရောက် ရောက်လာတော့ ပါဂျောင် စခန်းရဲ့ လူသတ်မှုတွေထဲမှာ အစိုးရစစ်ထောက်လှမ်းရေးရဲ့လူတွေက တောက်လျှောက် သတင်းပို့နေတယ် ဆိုတာ ခန့်မှန်းလို့ရတာပေါ့။ ဓါတ်ပုံတွေကို ကြည့်လိုက်ပြန်တော့လည်း လူသေတွေကို ညမှာ သေသေချာချာ ရိုက်ထားတာလို့ ဆိုတယ်။
ဒါဖြင့် မန္တလေး ထောက်လှမ်းရေးဆီကို ဓါတ်ပုံတွေ ပေးပို့နေသူတွေက ဘယ်သူလဲ။
မန္တလေးထောက်လှမ်းရေးတွေဆီကို ဓါတ်ပုံတွေ ပေးပို့နေသူတွေက ဘယ်သူတွေလဲ။
သေချာတာတော့ ထောက်လှမ်းရေးလို့စွပ်စွပ်ခံရ၊ အသတ်ခံရတဲ့သူတွေမဟုတ်ဘူးလေ။

(ဂ)
ကိုထွန်းအောင်ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားစဉ်ကာလမှာ “နန်းအောင်ထွေးကြည်” ဆိုတဲ့ ဘေဘီရဲမေလေးက သူနဲ့ စကားပြောခွင့်ရခဲ့တယ်။ နန်းအောင်ထွေးကြည်ဆိုတာ ကျနော်တို့တင်ပြထားတဲ့ ဓါတ်ပုံ ( ရဲမေ ၄ ယောက်ရပ်နေတဲ့ပုံ) ထဲက ညာဘက်အစွန်က ကောင်မလေး။ တကယ်တော့ မြောက်ပိုင်း ကျောင်းသားတပ်မတော် ရဲ့ စစ်ထောက်လှမ်းရေးခေါင်းဆောင်တွေဟာ နန်းအောင်ထွေးကြည် ကိုလည်း ထောက်လှမ်းရေးလို့စွပ်စွဲ၊ ဖမ်းဆီးနှိပ်စက်ခဲ့ကြတယ်။ သူမမျက်နှာကို မီးရဲရဲထောက်နေတဲ့ ထင်းမီးနဲ့ ထိုးနှိပ်စက်ခဲ့တယ်။ နဂိုက ချောမောလှပခဲ့တဲ့ မျက်နှာတခုလုံး ဒဏ်ရာဒဏ်ချက်တွေရခဲ့ရှာတယ်။ ပြီးတော့ နှမချင်းမစာနာ မိုက်မိုက်ရိုင်းရိုင်း စစ်ဆေးနည်းတွေကို လုပ်ခဲ့တယ်။ ကိုထွန်းအောင်ကျော် ကိုယ်တိုင်ကလည်း အသတ်ခံရတော့မယ် လို့ သူကိုယ်တိုင်သဘောပေါက်သွားတဲ့အခါမှာတော့ နန်းအောင်ထွေးကြည် ကို ပြောရှာတယ်။ “ မငယ် ငါ့စိတ်ထဲမှာတော့ နင် လွတ်သွားလိမ့်မယ်လို့ထင်နေတယ်။ ဟုတ်တယ်ဟာ ငါ့စိတ်ထဲမှာ တကယ့်ကို ယုံကြည်နေတာ နင်လွတ်သွားလိမ့်မယ်။ နင်လွတ်သွားတဲ့ အခါကျရင် ဟော့ဒီနေရာလေးမှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေအားလုံးကို ပြန်ပြီးပြောပြပေးပါမယ် လို့ ဂတိပေးစမ်းပါဟာ” တဲ့။ “ စိတ်ချပါအကိုကြီး ကျမပြောပြပါမယ်” တဲ့။ နန်းအောင်ထွေးကြည် က မျက်ရည်တွေကြားကနေ ဂတိပေးခဲ့တယ်။
ဘဝဆိုတာ အံသြ ဖို့ ကောင်းပါတယ်။ နန်းအောင်ထွေးကြည်အပါအဝင် မြောက်ပိုင်းဒေသမှာ ကြုံတွေ့ခံစားလာခဲ့ရသူတွေ၊ ကျူးလွန်ခဲ့သူတွေ အများအပြား နဲ့ ဆုံဆည်းခွင့်၊ စကားပြောဆွေးနွေးခွင့်တွေ ရလိုက်တယ်။ မငယ် (ခ) နန်းအောင်ထွေးကြည်က “ ကျမလေ ဒီအဖြစ်အပျက်တွေကို တရက်မှ မမေ့နိုင်ခဲ့ဘူး” တဲ့။ သူမက ဘယ်သူ့ကိုမှ အဆက်အသွယ်မလုပ်ပဲ သူတယောက်တည်း အော်စီမှာ ဇာတ်မြှုပ်နေပြီး ဘဝကို ရှင်သန်ခဲ့ရတယ်။ ငရဲက သယ်လာတဲ့ ဒဏ်ရာတွေကို ကျနော်မြင်နေရတယ်။ ဟုတ်မှာပေါ့လေ။ ကျနော်လည်း သူတို့တတွေပြန်ပြောပြတဲ့ ဇာတ်လမ်းတွေကို ဆက်ပြီးနားမထောင်ရဲလောက်အောင်ပဲ။ ပါဂျောင်ဒေသ က အော်ဟစ်ဆူညံနေတဲ့ ဝိညာဉ်တွေ ကျနော့ရင်တခုလုံးဆီ မချိမဆန့်လူးလွန့်နေတယ်။
“နန်းအောင်ထွေးကြည်” ကို ကျနော်ပြောခဲ့ဘူးတယ်။
“ ဖြစ်ခဲ့တာတွေအတွက် ယူကြုံးမရဘူးဗျာ။ ဒါပေမဲ့ အချိန်တန်ရင် ဒီလူတွေ သူ့အရှိန်နဲ့သူသွားမှာပါ။ ခင်ဗျား မပူပါနဲ့။ တည်ငြိမ်အောင်နေပါ။ အကုသိုလ်ကံတွေကို ရောက်မလာစေနဲ့။ ဒီ လူတွေ ဝဋ်လည်အုံးမှာပါ။ ယုံစမ်းပါ” လို့။ နန်းအောင်ထွေးကြည်က ကျနော့ကို ပြောတယ်။ “ ကိုအောင်မိုးဝင်း ကလည်း ထိန်လင်း အတိုင်းပဲ သံဝေဂ တရားစကားတွေ ပြောတယ်” တဲ့။ အေးလေ။ သူမရဲ့ ဘဝမှာ ရက်ရက်စက်စက်ကြုံတွေ့ခဲ့တာဆိုတော့ ပြင်းပြင်းထန်ထန်တုန့်ပြန်ချင်တဲ့စကားလုံးတွေကို အလိုရှိမှာ အမှန်ပဲ။ ကျနော်တွေးတာက ဒီလိုပါ။ ဒါဟာ အစုလိုက်အပြုံလိုက် လူသတ်ပွဲ ပဲ။ လူတွေကို လပေါင်းများစွာဖမ်း၊ နှိပ်စက်ညှင်းပမ်းပြီးမှ ခေါင်းဖြတ်သတ်တာမျိုးတွေဆိုတာ ကျနော်နေနေတဲ့ အမေရိကန်ပြည်ထောင်စုမှာ တခါတလေပြတဲ့ စိတ္တဇ လူသတ်ကား ရုပ်ရှင်တွေမှာပဲ ကြည့်ဘူးတယ်။ ဒါပေမဲ့ ဒီလောက်မများဘူး။ ဒီလို လူမျိုးတွေကို ရင်ဆိုင်ဖို့အတွက် ဝုန်းဝုန်းဒိုင်းဒိုင်း စိတ်ခံစားမှုတွေနဲ့သွားလုပ်လို့မဖြစ်ဘူး။ စံနစ်တကျပြင်ဆင်ရမယ်။ သူတို့လိုပဲ သွေးအေးအေးနဲ့ တုန့်ပြန်ရမယ်။ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေယောင်ယောင် ဟန်ဆောင်ထားတဲ့ မျက်နှာဖုံးတွေကို တဆင့်ခြင်းဆွဲချွတ်ပစ်ရမယ်။
တခါတလေတော့လည်း ရီစရာတော့ ကောင်းတယ်။ လူသတ်မှုနဲ့ ဆက်နွယ်နေတဲ့ သူတွေက သူတို့ကို အင်တာနက်မှာ တယောက်ယောက်က ချတိုင်း၊ နောက်ကွယ်ကနေ ကျနော်က မြှောက်ပေးတယ် လို့ ထင်ကြတယ်။ ကျနော်က ဘာလို့နောက်ကွယ်က နေရမှာလဲ။ ထိုင်းနယ်စပ်ကို ခြေချ ကတည်းက ဒီကိစ္စကို ဗြောင်မေး၊ ဗြောင်ပြော၊ ဗြောင် စိန်ခေါ်နေခဲ့တာပဲ မို့လား။ လာရင် ရှေ့တည့်တည့်က လာမှာ စိတ်ချ လို့ စိတ်ထဲမှာ ပြောနေမိတယ်။ ကျနော်ကြောက်ရမဲ့အဖွဲ့ဆိုတာ တဖွဲ့မှ မရှိဘူးလေ။ ကြောက်တတ်ရင် အစောကြီးကတည်းက နိုင်ငံရေးမလုပ်ဘူး။ အထူးသဖြင့် ခွေးအ လိုလို လူမျိုးတွေကို ကြောက်စရာမလိုဘူး။ ခွေးအ ဆိုတာက အုပ်စုရှိမှ အမဲလိုက်ရဲတယ်။ အပုပ်ကို စားတယ်။ ဒါပေမဲ့ ခွေးအ တွေ အမဲလိုက်လေ့ရှိတဲ့ နေရာဒေသဟာ သိတ်ကျဉ်းပါတယ်။ ကျနော်တို့ အမဲလိုက်မဲ့နေရာက အများကြီးပါ။ ဘာပဲဖြစ်ဖြစ်၊ သမိုင်းဆိုတာကတော့ ရှင်းကြရအုံးမှာပါ။ လူဆိုတာ စိုက်တဲ့အတိုင်း ရိတ်သိမ်းကြရမယ်။

(ဃ)
ကချင်လွတ်မြောက်ရေးတပ်မတော် ( KIA) ၊ မငယ် (ခ) နန်းအောင်ထွေးကြည်နဲ့ ပတ်သက်လို့ မှတ်မှတ်ရရဖြစ်နေတဲ့ အကြောင်းအရာလေးတခုကို ပြောပြချင်ပါတယ်။ ၁၉၉၂ အစိုးရသတင်းစာရှင်းလင်းပွဲမှာ ကေအိုင်အေ နဲ့ မန္တလေး၊ ရန်ကုန် ကျောင်းသားထုကို ရန်တိုက်ပေးထားတာတွေ့ကြပါလိမ့်မယ်။ ကေအိုင်အေ ဟာ ကချင်ကျောင်းသားတွေကို အသုံးချပြီး ဗမာကျောင်းသားတွေကို သတ်တယ်-- ဘာညာ ဆိုတဲ့ ဝါဒဖြန့်မှုတွေပါ။ စစ်အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲကို သံယောင်လိုက်ပြီး လျှောက်ပြောနေတဲ့ သူတွေရှိတယ်။ တချို့ကတော့ ဖြစ်သမျှ ရာဇဝတ်မှုကို သေဆုံးသွားတဲ့ မျိုးဝင်းအပေါ်မှာ လွှဲချပြီး ဇာတ်လမ်းဆင်ရှောင်ထွက်ဖို့ ကြိုးစားချင်ပုံရပါတယ်။ တကယ်တော့ ရှောင်ထွက်လို့မရပါဘူး။ အာသံကုန်းမြင့်မှာ လူသတ်မှုကို ကျူးလွန်ခဲ့တာ မျိုးဝင်းတယောက်တည်း မဟုတ်သလို၊ ဖမ်းဆီးထားတဲ့ မန္တလေးကျောင်းသားတချို့ကို ရိုက်နှက်နှိပ်စက်ပြတဲ့ အထဲမှာ ရော်နယ်အောင်နိုင်လည်းပါပါတယ်။ မန္တလေးက ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်တဲ့ ကိုရာကျော်ရဲ့မျက်နှာ ကို စစ်ဖိနပ်နဲ့ ချွတ်ပြီး ရိုက်ခဲ့တာ ရော်နယ်အောင်နိုင်ပါ။ ဗမာပြည်ဆီကို ထွက်ပြေးလွတ်မြောက်သွားတဲ့ ကိုရာကျော် ကတော့ မန္တလေး အကျဉ်းထောင်ထဲမှာ ထောင်ဒဏ် နှစ်ရှည်ကျရင်း ကျဆုံးခဲ့ပါတယ်။
မျိုးဝင်း တို့ အုပ်စုက ကေအိုင်အေဟာ သူတို့နောက်က ရှိတယ်။ သူတို့ကသာ ကေအိုင်အေနဲ့ပိုင်တယ် ဆိုတဲ့ ထင်ယောင်ထင်မှား ဟန်ပန်တွေကို လုပ်ခဲ့ကြပုံရပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ခေါင်းဆောင်တချို့က သတိပေးခဲ့တယ် လို့ဆိုပါတယ်။ “ ကျနော်တို့မှာ အတွေ့အကြုံရှိတယ်။ ဖြုတ်ထုတ်သတ် လုပ်ခဲ့မိလို့ ကျနော်တို့ပါတီဟာ တလျှောက်လုံးပေးဆပ်နေရတယ်။ ခင်ဗျားတို့မလုပ်ကြပါနဲ့ဗျာ” လို့ တိုက်တွန်းခဲ့တယ်။ နားမထောင်ပါဘူး။ လူသတ်မှုတွေ နားနဲ့မဆန့်အောင် ကြားလာရတဲ့အခါ ကေအိုင်အေခေါင်းဆောင်တွေရောက်လာပြီး အတင်းဝင်ရောက်တားဆီးပါတော့တယ်။ ကေအိုင်အေ ဟာ မျိုးဝင်းနဲ့ ကျောင်းသားတပ်မတော် မြောက်ပိုင်းခေါင်းဆောင်တွေကို အင်မတန်စိတ်ပျက်သွားခဲ့တယ်။ နန်းအောင်ထွေးကြည်ကို သူတို့စစ်မေးမယ် ဆိုပြီး၊ လွှဲပြောင်းယူခဲ့တယ်။ ဗိုလ်ချုပ်ဇော်မိုင် နဲ့ ခေါင်းဆောင် သုံးယောက်က နန်းအောင်ထွေးကြည်ကို စစ်ဆေးစဉ်ကာလက မှတ်တမ်းတွေ ကို ယူပြီး ပြန်လည်မေးခွန်းထုတ်ခဲ့တယ်။
“သမီးရဲ့ ထောက်လှမ်းရေး ကိုယ်ပိုင်နံပါတ်က (------x+) ဟုတ်လား”
“ ဟုတ်ပါတယ်”
ဗိုလ်ချုပ်ဇော်မိုင်နဲ့ ကေအိုင်အေ ခေါင်းဆောင်တွေက ရီကြတယ်။ “ ကဲ--- ငါ့သမီး ခုချိန်က စပြီး သမီးဝန်ခံပြောဆိုနေတဲ့ ထောက်လှမ်းရေးဆိုတာကြီးကို မေ့လိုက်တော့။ “သမီးပြောတဲ့ ကိုယ်ပိုင်နံပါတ်က ဗိုလ်ချုပ်နေဝင်း နဲ့ တန်းတူဖြစ်နေတယ်” တဲ့။ ဗမာစစ်ခေါင်းဆောင်တွေနဲ့ တသက်လုံးတိုက်လာခဲ့တဲ့ ကေအိုင်အေ က ရန်သူရဲ့ ကိုယ်ပိုင်နံပါတ်တွေ၊ သင်တန်းဆင်း နံပါတ်တွေကို အလွတ်ရတာပေါ့။ တကယ်တော့ စစ်ထောက်လှမ်းရေးနံပါတ်ဆိုတာတွေကလည်း မျိုးဝင်း၊ သံချောင်းနဲ့ စစ်ကြောရေးမှာ ပါဝင်ခဲ့သူတွေက ဇွတ်အတင်းဖန်တီးဝန်ခံခိုင်းတာ ဆိုတော့ နန်းအောင်ထွေးကြည်အနေနဲ့ အဲ့ဒီအတိုင်းပဲ နုတ်တိုက်ရွတ်ဝန်ခံ ထွက်ဆိုရတော့တယ်။
ဗိုလ်ချုပ်ဇော်မိုင်က နန်းအောင်ထွေးကြည်ကို ပြောတယ်။ “ ငါ့သမီး- ဒီကိစ္စက ပြန်ပြီးရှင်းရမယ်။ ဒီလိုခံနေလို့မဖြစ်ဘူး။ ငါ့သမီးတို့က ခံခဲ့ရတာကိုး။ ဒါပေမဲ့ အချိန်ကို စောင့်ပါ။ ငါတို့လည်း အပစ်အခပ်ရပ်ဆဲတော့မှာဆိုတော့ ----” မကြာခင်မှာပဲ ကေအိုင်အေ နဲ့ ဗမာအစိုးရကြားမှာ ငြိမ်းချမ်းရေးသဘောတူညီမှု စကားပြောပွဲတွေက စတင်ခဲ့တယ်။ နန်းအောင်ထွေးကြည်လည်း ဒုက္ခသည်စခန်းက တဆင့် အော်စီ ( ------) ကို ထွက်လာခဲ့တော့တယ်။ ဗိုလ်ချုပ်ဇော်မိုင်ပြောသလိုပါပဲ။
“ကျမ အချိန်ကိုစောင့်နေခဲ့ရတယ်” တဲ့။ စောင့်ခဲ့ရတဲ့ အချိန်ကလည်း အနှစ် (၂၀) လောက်ဖြစ်သွားတယ်။
တကယ်တော့ မြောက်ပိုင်း လူသတ်မှုဟာ တချက်ခုတ် (၃) ချက်ပြတ် ကြံတဲ့ပွဲဖြစ်တယ်။
(၁) ဒီမိုကရေစီအင်အားစုဘက်က ကျောင်းသားအစစ်အမှန်တွေကို သတ်ပစ်တယ်
(၂) ကျောင်းသားတပ်မတော်နဲ့ ကျောင်းသားသမဂ္ဂကြားမှာ အထင်အမြင်မှားအောင်ရန်တိုက်ပေးတယ်။
(၃) ဖေဖေါ်ဝါရီ (၁၂) ပြည်ထောင်စုနေ့မှာ အစုလိုက်အပြုံလိုက် သတ်ပြလိုက်ခြင်းအားဖြင့်၊ ကေအိုင်အေ ဟာ ဗမာကျောင်းသားတွေကို သတ်ဖြတ်လိုက်ကြပြီ ဆိုပြီး ဗမာကျောင်းသားနဲ့ ကေအိုင်အေ ကို ရန်တိုက်ပေးလိုက်တယ်။ မျိုးဝင်းတို့အုပ်စုကို ကချင်လက်နက်ကိုင်တပ်က ပစားပေးထား မြှောက်ပင့်ထားပြီး ဗမာကျောင်းသားတွေကို သတ်ခဲ့တယ် ဘာညာပေါ့။ ၁၉၉၂ သတင်းစာရှင်းလင်းပွဲရဲ့ ရည်ရွယ်ချက်က အဲ့ဒါပါပဲ။ မျိုးဝင်းတို့အုပ်စုရဲ့ နှိပ်စက်မှု အစစ်အမှန်တွေကို ရောထည့်ပေးလိုက်ပြီး စစ်အစိုးရက သူတို့လိုချင်တဲ့ နိုင်ငံရေးဝါဒဖြန့်ချီပွဲကို လုပ်ခဲ့တယ်။
ပြဿနာက ပြည်သူတွေဟာ အစိုးရသတင်းစာရှင်းလင်းပွဲထဲက အချက်အလက်တွေကို ဘာတခုမှ မယုံကြည်ခဲ့ကြတော့၊ မြောက်ပိုင်းမှာ နှိပ်စက်သတ်ဖြတ်ခဲ့ တာတွေကိုလည်း နားမထောင်ခဲ့ကြတော့ဘူး။ ပြန်ဝင်လာတဲ့ ကျောင်းသားတွေက သူတို့ရဲ့ ဒဏ်ရာကို လှန်ပြလည်း အစိုးရရဲ့လုပ်ကြံဝါဒဖြန့်မှု လို့ ထင်နေခဲ့ကြတယ်။ လှိုင်းက တအားကြီးနေတဲ့အချိန်၊ ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ စစ်ထောက်လှမ်းရေးတွေ ကလည်း ဒီအချက်ကို သဘောပေါက်ပုံရတယ်။ မြောက်ပိုင်းကနေ အသက်လုပြေးလာတဲ့ ကျောင်းသားတွေလည်း ကံမကောင်းကြပါဘူး။ ထောင်ဒဏ်နှစ်ရှည်တွေ ကျကုန်ကြပြန်တယ်။

(င)
ကိုထွန်းအောင်ကျော် အကြောင်းကို ပြောမယ်ဆိုရင် ဗကသ ညီလာခံနှစ်ခုအကြောင်းကို မိတ်ဆက်ပေးရမယ်။ ၁၉၈၈ အရေးတော်ပုံ အပြီး နောက်ဆုံးကျင်းပတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများညီလာခံ နှစ်ခုလုံးဟာ မန္တလေးမှာ ကျင်းပခဲ့တာဖြစ်တယ်။ ၁၉၈၉ မှာကျင်းပတဲ့ ဗကသ ညီလာခံကို မန္တလေးတက္ကသိုလ်၊ အင်းဝဆောင် (၉) မှာ ပြုလုပ်ခဲ့တယ်။ ရန်ကုန်ဗကသခေါင်းဆောင်တွေက ကိုပြုံးချို၊ ကိုဇော်ဇော်အောင်၊ ကိုရန်မျိုးသိန်း ( ဆေးတက္ကသိုလ်)၊
ဒုတိယအကြိမ်ကျင်းပတဲ့ ညီလာခံက ၁၉၉၀ ၊ မန္တလေး မစိုးရိမ်တိုက်ထဲမှာ ကျင်းပတာဖြစ်တယ်။ ရန်ကုန် ဗကသ က နှစ်ဖွဲ့ကွဲ နေတယ်။ ကိုကိုကြီး ဦးဆောင်တဲ့ ဗကသ နဲ့ ကိုအောင်ထွန်း( ကျောင်းသားသမဂ္ဂ သမိုင်းစာအုပ်ရေးသူ)၊ ဗသက်အောင်၊ ဖြိုးမင်းသိန်း တို့ ခေါင်းဆောင် တဲ့ (အောက်ဗမာပြည်၊ ဗကသ)၊ အခု ရှစ်လေးလုံးမျိုးဆက်မှာ လုပ်နေတဲ့ ကိုထွန်းမြင့်အောင် ဆိုတာလည်း ဖြိုးမင်းသိန်းနဲ့တဖွဲ့တည်းပဲလေ။ ၁၉၉၀ တလျှောက်၊ ရန်ကုန် ဗကသ နှစ်ဖွဲ့လုံး မန္တလေးကို လာကြရတယ်။ ကိုပြုံးချို၊ ကိုညိုထွန်း၊ ကိုကိုကြီး တို့တတွေလည်း သက်ရှိထင်ရှားရှိနေပါသေးတယ်။ ပြည်ပမှာရောက်နေသော မဟာ့ မဟာ ကျောင်းသားတော်လှန်ရေး ခေါင်းဆောင် ဆိုသူများ----- ကိုယ့်သမိုင်းတွေချည်း ကိုယ်ရည်သွေး အမွှန်းတင်ပြောမနေပါနဲ့။ သူများတွေရဲ့ သမိုင်းတွေကိုလည်း အသိအမှတ်ပြုကြပါအုံး။ အပြင်မှာ သမိုင်းလိမ်တာတွေ၊ လက်ဝါးကြီးအုပ်တာတွေများလာတယ်။ ဂိုဏ်းဂဏဖွဲ့ရန်ဖြစ်တာကလည်း များလာတယ်။ တယောက်နဲ့တယောက် ကလည်း လေးစားမှုမရှိတော့ဘူး။ နောက်မျိုးဆက်တွေကလည်း မလေးစားတော့ဘူးလေ။ သမိုင်းနားမလည်တော့ ဗကသ ခေါင်းဆောင်က ထောက်လှမ်းရေးဖြစ်၊ NGOs တွေဆီမှာ ပိုက်ဆံရှာနိုင်တဲ့သူတွေက ခေါင်းဆောင်ဖြစ်လို့ဖြစ်နဲ့။ ပြည်ပမှာ အဲ့သလို မိုးကြီးချုပ်နေမဲ့အစား၊ ရှစ်လေးလုံးမျိုးဆက်ရဲ့ ဂုဏ်သိက္ခာကို ပြန်ပြီးတော့ ဆယ်ယူကြစေချင်ပါတယ်။

ကိုထွန်းအောင်ကျော်
ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ မန္တလေး ကျောင်းသားတွေရဲ့ ကိုယ်ပိုင်အသံလွှင့်ဋ္ဌာနတခုရှိပါတယ်။ GTI ကျောင်းဝင်း အတွင်းကနေ ထုတ်လွှင့်တာပါ။ ကိုထွန်းအောင်ကျော် ဆိုတာ ဂျီတီအိုင် ကျောင်းသားသမဂ္ဂရဲ့ ဥက္ကဋ္ဌ ပါ။ သူ့ကို ချစ်ခင်လေးစားသူ တွေက “အကိုကြီး” လို့ခေါ်ဆိုလေ့ရှိတယ်။ အရေးတော်ပုံအရှိန်မြင့်လာတယ်။ သူ့ကိုလည်း သပိတ်တပ်ပေါင်းစုထဲမှာ တွေ့လာရတယ်။ ရန်ကုန်ဆေးရုံကြီးဝင်းအတွင်း အစည်းအဝေးပွဲတွေမှာ သွားတက်ခဲ့တယ်။ ဒေါ်ခင်ကြည်ဈာပန အခမ်းအနားတွေမှာ ဦးဆောင်ပါဝင် ခဲ့တယ်။ ရန်ကုန်ကျောင်းသားခေါင်းဆောင်တော်တော်များများက သူ့ကို သိကြပါတယ်။ သူ့ရဲ့ ညီ ကိုလတ် က ကိုမောင်မောင်ဝမ်းတို့နဲ့ အတူ မကသ မှာ လုပ်တယ်။

ဗကသ သမဂ္ဂညီလာခံ ( ၁၉၈၉)
၁၉၈၈ သြဂတ်စ် (၂၈) မှာ ပြုလုပ်ခဲ့တဲ့ ဗကသ ညီလာခံဟာ တတိုင်းပြည်လုံးက ကျောင်းသားတွေကို မစုစည်းနိုင်ခဲ့ဘူး။ ကျောင်းသားတွေဟာ တနိုင်ငံလုံးကို ကိုယ်စားပြုမဲ့ ညီလာခံတခုကိုကျင်းပကြဖို့ ပြင်ဆင်ခဲ့ကြတယ်။ ထုံးစံအတိုင်း ဗကသ၊ မကသ ကွဲနေတော့ မန္တလေးမှာ ညီလာခံနှစ်ခုဖြစ်ခဲ့တယ်။ တခုက- မန္တလေးတက္ကသိုလ်၊ အင်းဝဆောင် (၉) မှာ ကျင်းပတဲ့ ဗကသ ညီလာခံ။ နောက်တခုက ကိုမောင်မောင်ဝမ်း၊ ကိုလတ်၊ တို့ ဦးစီးကျင်းပတဲ့ ရတနာဘုံမ္မိနယ်မြေ ကဉ္စနဆောင် ထဲက၊ မကသ ညီလာခံ။ ရန်ကုန် ဗကသ ကနေ တက်လာတဲ့ ကျောင်းသားခေါင်းဆောင်တွေက ကိုပြုံးချို၊ ကိုဇော်ဇော်အောင်၊ ရန်မျိုးသိမ်း တို့ဖြစ်တယ်။ ကိုညိုထွန်း ကတော့ မန္တလေးမှာ ဗကသ ဖွဲ့စည်းဖို့အတွက် ဘုရားကြီး၊ မြတောင်၊ မစိုးရိမ် -- စတဲ့ ဘုန်းကြီးကျောင်းအစည်းအဝေးတွေမှာ ကတည်းက ကျောက်ချ ပါဝင်နေတော့တယ်။ အဲ့ဒီညီလာခံမှာ- ဗကက ( အထက်ဗမာပြည်) ဥက္ကဋ္ဌ က ကိုသန့်စင် ( ဆေးတက္ကသိုလ်) နဲ့ အပြိုင် ကျောင်းသားထုထောက်ခံတဲ့ခေါင်းဆောင်က ကိုထွန်းအောင်ကျော်။ သူကလည်း လူချစ်လူခင်များတယ်။ ၁၉၈၉ ဗကသ ညီလာခံကို ရော်နယ်အောင်နိုင် ( အနကလ)၊ ကိုစိုးလင်း ( အနကလ) တို့လည်း ပါဝင်ခဲ့ကြပါတယ်။ လူထုဒေါ်အမာ၊ MA ဒေါ်အုံး၊ ဒေါ်ကြည်ကြည် ( သခင်ဇင့် မိန်းမ) တို့လို နာမည်ကြီး မျိုးချစ် ပုဂ္ဂိုလ်တွေအပြင်၊ နိုင်ငံရေးအဖွဲ့အသီးသီးက ပုဂ္ဂိုလ်တွေ၊ ရဟန်းသံဃာတော်တွေ၊ တက်ရောက်ခဲ့ကြတယ်။ ဒီညီလာခံထဲမှာ ဗိုလ်ကြီးမြင့်ဦးရဲ့ စစ်ထောက်လှမ်းရေးတွေကလည်း တရားဝင်တက်ရောက် သတင်းယူခဲ့ကြတယ်။ အဲ့ဒီတုံးက ကိုထွန်းအောင်ကျော်ဘေးမှာ တိုးတိုးတိတ်တိတ် နဲ့ အကြံပေးလိုက် လုပ်နေတာ ရော်နယ်အောင်နိုင် ပဲ မဟုတ်လား။ တကယ်တော့ ရော်နယ်အောင်နိုင်၊ ကိုထွန်းအောင်ကျော်၊ ကိုစိုးလင်း ဆိုတာ ညီလာခံမှာ တတွဲတည်းထိုင်ခဲ့တဲ့ သူငယ်ချင်တွေမဟုတ်လား။ ကဲ-- ဗကသခေါင်းဆောင်တယောက်ဟာ ထောက်လှမ်းရေးဖြစ်လို့ ခေါင်းဖြတ်သတ်လိုက်ပါတယ် ဆိုတဲ့ အခိုင်အမာဝန်ခံချက်တွေကို မန္တလေးသားတွေကို ရှင်းပြပေးသင့်တာပေါ့။ မန္တလေးသားတွေကလည်း ဒီကိစ္စကို ပြင်းပြင်းထန်ထန် တုန့်ပြန်ကြမယ်ဆိုတာတော့ ယုံကြည်စေချင်ပါတယ်။
အချက်အလက်တွေ များနေမှာမို့ တတိယပိုင်း ကို ဒီမှာပဲ ရပ်လိုက်ပါမယ်။

စတုတ္ထပိုင်းမှာ “ နန်းအောင်ထွေးကြည်” ရဲ့ အစီရင်ခံစာတွေ ကို သူမရဲ့ မူရင်းလက်ရေးနဲ့အတူ တင်ပြပေးပါမယ်။

အောင်မိုးဝင်း


ပြည်တွင်း ပြည်ပမှာ ကျင်းပကြသော အနှစ် ၂၀ မြောက် အမှတ်တရပွဲများ

ကြွေလွင့်သွားသောကျောင်းသားများအမှတ်တရပွဲမှာ ကိုယ်တွေ့ ပြောပြခြင်းများ။

ကြွေလွင့်သွားသောကျောင်းသားများအမှတ်တရ.အပိုင်း ၂

မန္တလေး အမှတ်တရပွဲမှာ ပြသသော သရုပ်ဖေါ်ပြကွက်

မန္တလေး အမှတ်တရပွဲမှာ ကိုရဲလင်းအားမေးမြန်းခြင်း



http://facebook.com/khudaun

http://facebook.com/khudaun



ထပ်ဆင့်နှိုးဆော်အပ်ခြင်း

ထပ်ဆင့်နှိုးဆော်အပ်ခြင်း

မြောက်ပိုင်း လူသတ်မှု့ကိစ္စအတွက် တပ်ရင်းမှူးကိုသိုက်ထွန်းဦးနဲ့ ထိန်လင်း ဆွေးနွေးခြင်း..


88KhuDaun88 ©

TOP